အာသီသတွေ ပါးလျပျောက်ပျက်သွားပါစေ....

အာသီသတွေ ပါးလျပျောက်ပျက်သွားပါစေ.... - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2022 10:00 am တွင် တင်ခဲ့သည်
544 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လူတွေဟာ လိုအင်ဆန္ဒ အကျင့်အစွဲလေးတွေ ကိုယ်စီနဲ့ပေါ့။မျက်စိရဲ့ အကြိုက်၊နားရဲ့အကြိုက်၊လျှာရဲ့ အကြိုက် အပါအဝင် အထိအတွေ့လေးတွေပါ ကြိုက်တဲ့သူရောရှိတာပေါ့။မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် ဆိုတဲ့ ဒီဖောဋ္ဌဗ္ဗာရုံတွေက အများသား။အကြိုက်တွေ ကွဲပြားပေမယ့်လည်း ခြောက်မျိုးလုံးကတော့ လူတိုင်းမှာ ရှိနေပါလိမ့်မယ်။

တချို့ အပူကြိုက်တယ်။တချို့က အအေးကို ကြိုက်ကြတယ်။ တချို့က အစပ်ကိုကြိုက်ကြပြီး။တချို့က အချိုကိုကြိုက်တယ်။လျှာမှာထိတွေမယ့် ချဉ်၊ချို၊ဖန်၊စပ်၊ငန်၊ခါး၊ဆိမ့်လည်း အကြိုက်ကွဲကြတာပေါ့။

လူတိုင်းကိုယ်ကြိုက်တဲ့ အရသာကို ခံစားလိုကြတာ ဓမ္မတာပဲမို့လား။မနက်လင်းတာနဲ့ မျက်နှာသစ်သွားတိုက်တာကအစ ဘယ်သွားတိုက်ဆေးနဲ့မှ တိုက်မယ်။ဘယ်မျက်နှာသစ်ဆေးနဲ့မှ မျက်နှာသစ်မယ်ဆိုပြီး မိသားစု တစ်စုထဲမှာတောင် အကြိုက်ကွဲပြားကာ ရွေးခြယ်မှု အမျိုးမျိုးနဲ့ပေါ့။

အစာစားပြီဆိုလည်း ထမင်းကြော်၊ပေါင်မုန့်၊ခေါက်ဆွဲဆိုပြီး ရွေးကြပြန်ပါတယ်။မုန့်ဟင်းခါမှ၊အုန်းနို့ခေါက်ဆွဲမှနဲ့ အပါးဝလို့ရတုန်းတော့ အာသီသတွေကိုဇောင်းတင်ပြီး ရွေးခဲ့ကြတယ်။ကိုယ်လုပ်လို့ ကိုယ်စားနိုင်တာပဲ ကိုယ်ကြိုက်တာ ရွေးစားရမှာပေါ့။မဟုတ်ဘူးလား..ဟဲဟဲ။

ကျွန်တော်တို့အလုပ်တွေလုပ်ပြီး ဝင်ငွေတွေရနေပါလျက် တစ်နေ့ထက်တစ်နေ့ ကျွန်တော်တို့အာသီသတွေ အကြိုက်တွေကို လျော့ချနေရတာ ကျွန်တော်တစ်ယောက်ထဲတော့ ဟုတ်ဟန်မတူပါဘူး။ လူတိုင်းများ ဖြစ်နေမလားဘဲ။

နဂိုက ဒီဝင်ငွေနဲ့ တစ်လကုန်ကျစရိတ်က အနည်းဆုံးတော့ထေမိပါသေးတယ်။အဲဒီတုန်းက သုံးသောင်းတန် ဆန်တစ်အိတ်ဆိုရင် ဆန်ကောင်းကောင်းရပြီ၊မြေပဲဆီစစ်စစ်ကို အညာကမှာပြီးစားနိုင်ပါသေးတယ်။နေ့စဉ် ထမင်းပွဲမှာ အသားဟင်းကောင်းတစ်ခွက်တော့ ပုံမှန်ပါပါတယ်။အခုတော့…အခုတော့။ အင်း…ကိုယ်လုပ်မှ ကိုယ်စားရတာပါပဲ။ဟင်း…ဟင်း။

အဲလို အဓိက အသုံးစရိတ်တွေကိုနှုတ်ပြီး ရတဲ့လခလေးထဲက အပို အာသီသအကြိုက်လေးတွေလည်း ကျွန်တော်တို့ သုံးနိုင်ပါသေးတယ်။ဗာဟီရလေးတွေပေါ့။အဝတ်အစားကြိုက်ရင် အဝတ်တစ်ထည်လောက်တော့ ဝယ်လို့ရပါတယ်။ဂျင်းဘောင်ဘီကိုကြိုက်လို့ လစဉ်နီးပါး တစ်ထည်လောက်တော့ဝယ်ဖြစ်ပါတယ်။ ဘေထုပ်ထည်ပါ။ အခုတော့ ဘေထုပ်ထည်လည်း နပ်မမှန်တော့ပါဘူး။

လျှာအကြိုက်ဆိုရင် အခါးကို ကျွန်တော်ကြိုက်သော်လည်း ဘီယာအခါးကို ကျွန်တော်မကြိုက်ပါ။ တစ်ခွက်ကုန် အောင် မနည်းကို သောက်ရပါတယ်။နောက်တော့ လုံးဝကို မသောက်ဖြစ်တော့။ထိုစဉ်က တစ်ခွက်လေးငါးရာ ပေါ့။ အခုတော့ ဈေးဘယ်လောက်ရှိလည်း မသိတော့ပါ။ကိုယ်လုပ်မှ ကိုယ်စားရတာပါပဲ..ဒါပေမဲ့ပေါ့ဗျာ…။

ကျွန်တော့်ရဲ့ အဓိက အာသီသက စာဖတ်ရင်းနဲ့ ကော်ဖီသောက်ရတာပါပဲ။

ကော်ဖီအခါးကို ကျွန်တော်ကြိုက်သည်။အချိုပါတဲ့ ကော်ဖီအခါးတစ်ခွက်နဲ့ စာအုပ်တစ်အုပ်သာရှိမယ်ဆိုရင် ပိုနေတဲ့အချိန်တွေဟာ ကျွန်တော့အတွက် အကျိုးရှိရှိကုန်သွားတတ်ပါတယ်။အခုတော့ ကော်ဖီမစ်နှင့်သာ…။

အခု ကျွန်တော်ကြိုက်တဲ့ အရာတွေ အာသီသတွေကို ကျွန်တော်စွန့်လွှတ်ရတော့မလား မသိတော့ပါ။ နေ့စဉ်ပြုနေကျ ကိစ္စလေးတွေက တစ်ခုခုလျော့ပါးသွားရင် အတော်အနေရအထိုင်ရခက်ပါတယ်။ ကျွန်တော် ဆန်းဒေးကော်ဖီသောက်ပါတယ်။ပထမ ဆိုင်ထိုင်သောက်တယ်။ တစ်ခွက် နှစ်ရာ။ဖြစ်သေးတာပဲ။နောက်တော့ တစ်ခွက် သုံးရာ။ဆိုင်မထိုင်ဖြစ်တော့။

တစ်ထောင်ဖို့ ဆယ်ထုပ်ဝယ်။မနက်တစ်ထုပ်၊နေ့လည် တစ်ထုပ်၊ညတစ်ထုပ်။တစ်နေ့သုံးထုပ် သောက်နိုင်သေးတယ်။ ဒါလည်း ဖြစ်သေးတာပဲ။

အခုတော့ တစ်ထောင်ဖို့ လေးထုပ်တဲ့ဗျ..ကဲဘယ်လိုလုပ်ရမလဲ။ဒါလဲဖြစ်အောင်လုပ်ရတော့မှာပဲ။ အာသီသ လည်းပြေအောင် တစ်ထုပ်ကို တစ်ဝက်ခွဲပြီး၊မနက်တစ်ဝက် ညတစ်ဝက်ကို သကြားလေးနဲနဲတော့ စွက်ရတာ ပေါ့။အခုချိန်ထိတော့ အပိုအာသီသလေးတွေကို ကြံဖန်ပြေအောင်လုပ်နိုင်သေးသည်။

နောင်များတော့ မစားမဖြစ်စားကြရမယ့် ကိစ္စကလွဲရင် ကျွန်တော့်ရဲ့ အပို အာသီသတွေကို ပါးလျနိုင်သမျှ ပါးလျသွားပါစေကြောင်း မြတ်ဘုရားထံဆုတောင်းရပါလိမ့်မယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အာသီသေတြ ပါးလ်ေပ်ာက္ပ်က္သြားပါေစ....

 

လူေတြဟာ လိုအင္ဆႏၵ အက်င့္အစြဲေလးေတြ ကိုယ္စီနဲ႔ေပါ့။မ်က္စိရဲ႕ အႀကိဳက္၊နားရဲ႕အႀကိဳက္၊လွ်ာရဲ႕ အႀကိဳက္ အပါအဝင္ အထိအေတြ႕ေလးေတြပါ ႀကိဳက္တဲ့သူေရာရွိတာေပါ့။မ်က္စိ၊နား၊ႏွာ၊လွ်ာ၊ကိုယ္၊စိတ္ဆိုတဲ့ ဒီေဖာ႒ဗၺာရုံေတြက အမ်ားသား။အႀကိဳက္ေတြ ကြဲျပားေပမယ့္လည္း ေျခာက္မ်ိဳးလုံးကေတာ့ လူတိုင္းမွာ ရွိေနပါလိမ့္မယ္။

တခ်ိဳ႕ အပူႀကိဳက္တယ္။တခ်ိဳ႕က အေအးကို ႀကိဳက္ၾကတယ္။ တခ်ိဳ႕က အစပ္ကိုႀကိဳက္ၾကၿပီး။တခ်ိဳ႕က အခ်ိဳကိုႀကိဳက္တယ္။လွ်ာမွာထိေတြမယ့္ ခ်ဥ္၊ခ်ဳိ၊ဖန္၊စပ္၊ငန္၊ခါး၊ဆိမ့္လည္း အႀကိဳက္ကြဲၾကတာေပါ့။

လူတိုင္းကိုယ္ႀကိဳက္တဲ့ အရသာကို ခံစားလိုၾကတာ ဓမၼတာပဲမို႔လား။မနက္လင္းတာနဲ႔ မ်က္ႏွာသစ္သြားတိုက္တာကအစ ဘယ္သြားတိုက္ေဆးနဲ႔မွ တိုက္မယ္။ဘယ္မ်က္ႏွာသစ္ေဆးနဲ႔မွ မ်က္ႏွာသစ္မယ္ဆိုၿပီး မိသားစု တစ္စုထဲမွာေတာင္ အႀကိဳက္ကြဲျပားကာ ေရြးျခယ္မႈ အမ်ိဳးမ်ိဳးနဲ႔ေပါ့။

အစာစားၿပီဆိုလည္း ထမင္းေၾကာ္၊ေပါင္မုန္႔၊ေခါက္ဆြဲဆိုၿပီး ေရြးၾကျပန္ပါတယ္။မုန္႔ဟင္းခါမွ၊အုန္းႏို႔ေခါက္ဆြဲမွနဲ႔ အပါးဝလို႔ရတုန္းေတာ့ အာသီသေတြကိုေဇာင္းတင္ၿပီး ေရြးခဲ့ၾကတယ္။ကိုယ္လုပ္လို႔ ကိုယ္စားႏိုင္တာပဲ ကိုယ္ႀကိဳက္တာ ေရြးစားရမွာေပါ့။မဟုတ္ဘူးလား..ဟဲဟဲ။

ကၽြန္ေတာ္တို႔အလုပ္ေတြလုပ္ၿပီး ဝင္ေငြေတြရေနပါလ်က္ တစ္ေန႔ထက္တစ္ေန႔ ကၽြန္ေတာ္တို႔အာသီသေတြ အႀကိဳက္ေတြကို ေလ်ာ့ခ်ေနရတာ ကၽြန္ေတာ္တစ္ေယာက္ထဲေတာ့ ဟုတ္ဟန္မတူပါဘူး။ လူတိုင္းမ်ား ျဖစ္ေနမလားဘဲ။

နဂိုက ဒီဝင္ေငြနဲ႔ တစ္လကုန္က်စရိတ္က အနည္းဆုံးေတာ့ေထမိပါေသးတယ္။အဲဒီတုန္းက သုံးေသာင္းတန္ ဆန္တစ္အိတ္ဆိုရင္ ဆန္ေကာင္းေကာင္းရၿပီ၊ေျမပဲဆီစစ္စစ္ကို အညာကမွာၿပီးစားႏိုင္ပါေသးတယ္။ေန႔စဥ္ ထမင္းပြဲမွာ အသားဟင္းေကာင္းတစ္ခြက္ေတာ့ ပုံမွန္ပါပါတယ္။အခုေတာ့…အခုေတာ့။ အင္း…ကိုယ္လုပ္မွ ကိုယ္စားရတာပါပဲ။ဟင္း…ဟင္း။

အဲလို အဓိက အသုံးစရိတ္ေတြကိုႏႈတ္ၿပီး ရတဲ့လခေလးထဲက အပို အာသီသအႀကိဳက္ေလးေတြလည္း ကၽြန္ေတာ္တို႔ သုံးႏိုင္ပါေသးတယ္။ဗာဟီရေလးေတြေပါ့။အဝတ္အစားႀကိဳက္ရင္ အဝတ္တစ္ထည္ေလာက္ေတာ့ ဝယ္လို႔ရပါတယ္။ဂ်င္းေဘာင္ဘီကိုႀကိဳက္လို႔ လစဥ္နီးပါး တစ္ထည္ေလာက္ေတာ့ဝယ္ျဖစ္ပါတယ္။ ေဘထုပ္ထည္ပါ။ အခုေတာ့ ေဘထုပ္ထည္လည္း နပ္မမွန္ေတာ့ပါဘူး။

လွ်ာအႀကိဳက္ဆိုရင္ အခါးကို ကၽြန္ေတာ္ႀကိဳက္ေသာ္လည္း ဘီယာအခါးကို ကၽြန္ေတာ္မႀကိဳက္ပါ။ တစ္ခြက္ကုန္ ေအာင္ မနည္းကို ေသာက္ရပါတယ္။ေနာက္ေတာ့ လုံးဝကို မေသာက္ျဖစ္ေတာ့။ထိုစဥ္က တစ္ခြက္ေလးငါးရာ ေပါ့။ အခုေတာ့ ေဈးဘယ္ေလာက္ရွိလည္း မသိေတာ့ပါ။ကိုယ္လုပ္မွ ကိုယ္စားရတာပါပဲ..ဒါေပမဲ့ေပါ့ဗ်ာ…။

ကၽြန္ေတာ့္ရဲ႕ အဓိက အာသီသက စာဖတ္ရင္းနဲ႔ ေကာ္ဖီေသာက္ရတာပါပဲ။

ေကာ္ဖီအခါးကို ကၽြန္ေတာ္ႀကိဳက္သည္။အခ်ိဳပါတဲ့ ေကာ္ဖီအခါးတစ္ခြက္နဲ႔ စာအုပ္တစ္အုပ္သာရွိမယ္ဆိုရင္ ပိုေနတဲ့အခ်ိန္ေတြဟာ ကၽြန္ေတာ့အတြက္ အက်ိဳးရွိရွိကုန္သြားတတ္ပါတယ္။အခုေတာ့ ေကာ္ဖီမစ္ႏွင့္သာ…။

အခု ကၽြန္ေတာ္ႀကိဳက္တဲ့ အရာေတြ အာသီသေတြကို ကၽြန္ေတာ္စြန္႔လႊတ္ရေတာ့မလား မသိေတာ့ပါ။ ေန႔စဥ္ျပဳေနက် ကိစၥေလးေတြက တစ္ခုခုေလ်ာ့ပါးသြားရင္ အေတာ္အေနရအထိုင္ရခက္ပါတယ္။ ကၽြန္ေတာ္ ဆန္းေဒးေကာ္ဖီေသာက္ပါတယ္။ပထမ ဆိုင္ထိုင္ေသာက္တယ္။ တစ္ခြက္ ႏွစ္ရာ။ျဖစ္ေသးတာပဲ။ေနာက္ေတာ့ တစ္ခြက္ သုံးရာ။ဆိုင္မထိုင္ျဖစ္ေတာ့။

တစ္ေထာင္ဖို႔ ဆယ္ထုပ္ဝယ္။မနက္တစ္ထုပ္၊ေန႔လည္ တစ္ထုပ္၊ညတစ္ထုပ္။တစ္ေန႔သုံးထုပ္ ေသာက္ႏိုင္ေသးတယ္။ ဒါလည္း ျဖစ္ေသးတာပဲ။

အခုေတာ့ တစ္ေထာင္ဖို႔ ေလးထုပ္တဲ့ဗ်..ကဲဘယ္လိုလုပ္ရမလဲ။ဒါလဲျဖစ္ေအာင္လုပ္ရေတာ့မွာပဲ။ အာသီသ လည္းေျပေအာင္ တစ္ထုပ္ကို တစ္ဝက္ခြဲၿပီး၊မနက္တစ္ဝက္ ညတစ္ဝက္ကို သၾကားေလးနဲနဲေတာ့ စြက္ရတာ ေပါ့။အခုခ်ိန္ထိေတာ့ အပိုအာသီသေလးေတြကို ၾကံဖန္ေျပေအာင္လုပ္ႏိုင္ေသးသည္။

ေနာင္မ်ားေတာ့ မစားမျဖစ္စားၾကရမယ့္ ကိစၥကလြဲရင္ ကၽြန္ေတာ့္ရဲ႕ အပို အာသီသေတြကို ပါးလ်ႏိုင္သမွ် ပါးလ်သြားပါေစေၾကာင္း ျမတ္ဘုရားထံဆုေတာင္းရပါလိမ့္မယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service