လမ်းမရှိသော ပုံပြင်ဆန်ဆန် ကမ္ဘာကျော်ရွာကလေး ခိသွန်း (Giethoorn)
လမ်းမရှိသော ပုံပြင်ဆန်ဆန် ကမ္ဘာကျော်ရွာကလေး ခိသွန်း (Giethoorn) - Property News in Myanmar from iMyanmarHouse.com
2 Sep 2022 10:56 am တွင် တင်ခဲ့သည်
629 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ခိသွန်း (Giethoorn) ကျေးရွာကလေးသည် ပုံပြင်ဆန်ဆန် အလွန်သာယာလှပအေးချမ်းလှသော ရွာကလေးဖြစ်ပြီး နယ်သာလန်၏ အလှဆုံးကျေးရွာဟု ဆိုသည်။
တစ်နေရာမှ တစ်နေရာသွားရန် လှေဖြင့်လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း၊ စက်ဘီးစီး၍လည်းကောင်း သွားလာနိုင်သည်။
ရွာကလေး၏ ထူးခြားချက်မှာ တစ်အိမ်နှင့်တစ်အိမ်ကို တူးမြောင်းကလေးများဖြင့်သာ ဆက်သွယ်ထားပြီး ကုန်းလမ်းမရှိ။
နှစ်စဉ်နှစ်တိုင်း ဤရွာကလေးသို့ တစ်ကမ္ဘာလုံးမှ လာရောက်လည်ပတ်သူ တစ်သန်းခန့် ရှိသည်။ ကမ္ဘာလှည့်ခရီးသည်များစွာ လာရောက်လည်ပတ်သည့်နေရာဖြစ်သောကြောင့် ခရီးသည်များအဆင်ပြေစေရန် ဒေသခံတို့က ကိုယ်ပိုင်ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ထားသည်။
ရွာကလေး၏ တည်နေရာမှာ နယ်သာလန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး အမ်စတာဒမ်မြို့တော်မှ မော်တော်ကားဖြင့် ၈၅ မိနစ်ခရီးသာ ဝေးကွာသည်။
လမ်းမရှိသောရွာကလေးအဖြစ် ကမ္ဘာကျော်ပြီး နယ်သာလန်၏ ထိပ်တန်း ကမ္ဘာလှည့်ခရီးသွားတို့အား ဆွဲဆောင်နိုင်သော ထိပ်တန်း ၁၀ နေရာတွင် ပါဝင်သည်။
ရွာကလေးတွင် နာမည်အမျိုးမျိုးရှိရာ
-ခိသွန်း (Giethoorn)
-နယ်သာလန်၏ ဗင်းနစ် (Venice of the Netherlands)
-ဒတ်ချ် ဗင်းနစ်(Dutch Venice) ဟု အမျိုးမျိုး တင်စားခေါ်ဝေါ်ကြသည်။ လူသိများသော နာမည်ပေါင်း ၁၂ မျိုးခနှ့်ရိသည်။
ရွာကလေး၏ နေအိမ်တိုင်းမှာ ကျွန်းငယ်ကလေးများဖြစ်ပြီး လက်ဖြင့် တူးဖော်ထားသော တူးမြောင်းများအပြင် အိမ်အချင်းချင်း ဆက်သွယ်ထားသော တံတားပေါင်း ၁၇၆ စင်းရှိသည်။ ကျွန်းငယ်အားလုံးပေါ်တွင် ယာတောအိမ်ကလေးများရှိပြီး ၁၈ ရာစုနှင့် ၁၉ ရာစုကတည်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ရွာကလေးအတွင်း လူလျှောက်လမ်း (သို့မဟုတ်) စက်ဘီးစီးလမ်းကလေးလည်းရှိပြီး Binnenpad ဟု အမည်ပေးထားသည်။
ရွာကလေးအတွင်း ကမ္ဘာလှည့်ခရီးသည်များအတွက် အမှတ်တရပစ္စည်းဆိုင်များနှင့် လက်ရာကောင်းသည့် စားသောက်ဆိုင်များရှိကာ သက်ကယ်မိုးအိမ်ကလေးများ ဖြစ်သည်။
(လမ်းမရှိသည့် ရွာ)
ခိသွန်း ရွာကလေးတွင် လမ်းများမရှိ။ လမ်းမရှိသောကြောင့် မော်တော်ကားလည်းမရှိချေ။ ရွာကလေးသို့ လာရောက်လည်ပတ်သူများနှင့် ရွာခံများ၏ ကားများကို ရွာပြင်တွင်ရှိသော အထူးကားရပ်နားစခန်းတွင် ထားရှိခဲ့ရမည် ဖြစ်သည်။
(နယ်သာလန်၏ ဗင်းနစ်)
“နယ်သာလန်၏ ဗင်းနစ်”ရွာကလေးရှိ သက်ကယ်မိုးနေအိမ်များကို ကောင်းစွာထိန်းသိမ်းပြုပြင်ထားသော အစိမ်းရင့်ရင့် မြက်ခင်းများ၊ အမြဲဖူးပွင့်ဝေဆာနေသော ၆ လပန်းများက ဝန်းပတ်ထားလေ့ရှိသည်။
တူးမြောင်းကလေးများတစ်လျှောက် ရေလမ်းကြောင်းများစွာတွင် မိုးမခပင်များ စီရရီရှိနေသည့်အပြင် တူးမြောင်းကလေးများတစ်လျှောက်တွင် တံတားပေါင်း ၁၇၆ စင်းကိုလည်း တွေ့ရဦးမည်ဖြစ်ရာ သင့်ကိုယ်သင် ပုံပြင်ထဲသို့ အရှင်လတ်လတ် ရောက်သွားသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။
လမ်းမရှိသော ဤရွာကလေးသည် နယ်သာလန်၏ ကမ္ဘာလှည့်ခရီးုသွား ထိပ်တန်း ၁၀ နေရာတွင် ပါဝင်သည်ဆိုသည်ကို မမေ့ပါနှင့်။ တနည်းပြောရလျှင် တိမ်းမူးဖွယ်သာယာလှသော ရွာကလေးတွင် သင်တစ်ဦးတည်း လည်ပတ်နေရမည်မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များ အလုံးအရင်းရှိနေမည်ဖြစ်ရာ ပျော်စရာကြီးပင်။
(ကော်ဖီဆိုင်မရှိ)
ရွာထဲတွင် ကော်ဖီဆိုင်မရှိချေ။
အနီးဆုံး ကော်ဖီဆိုင်မှာ Steenwijk မြို့တွင်ရှိပြီး ရွာမှ မော်တော်ကားဖြင့်သွားလျှင် ၁၀ မိနစ်သာ သွားရသည်။
(စင်းလုံးငှားလှေ)
ရွာကလေးအတွင်း လည်ပတ်ရန် အကောင်းဆုံးနည်းလမ်းမှာ လှေဖြင့်သွားလာခြင်း ဖြစ်သည်။ ရွာကလေးကို စူးစမ်းလေ့လာရန်အတွက် စင်းလုံးငှားလှေငှားရမ်းနိုင်ပြီး လှေငှားပေးသော ကုမ္ပဏီ ၂၅ ခုခန့်ရှိသည်။
ဈေးအသက်သာဆုံးမှာ လူ ၂ ဦးမှ ၄ ဦးကြား စီးနိုင်သော လှေငယ်တစ်မျိုးဖြစ်ပြီး ငှားခမှာ တစ်နာရီလျှင် ၁၅ ယူရို ဖြစ်သည်။
(အပျော်စီး လှေကြီး)
လမ်းပြပါသော ထိုလှေကြီးဖြင့်ဆိုလျှင် ခရီးလမ်းကြောင်းမှာ တစ်နာရီခန့်ကြာမြင့်မည်ဖြစ်ပြီး ဘာသာစကားမျိုးစုံပြောတတ်သော ဧည့်လမ်းညွှန်းများ ရှိသည်။ လှေခမှာ တစ်ဦးလျှင် ၆ ယူရိုမှ ၁၂ ယူရိုကြားရှိပြီး အချိန်အခါပေါ် မူတည်ကာ ဈေးနှုန်းကွဲပြားသည်။
(ဒေသခံတစ်ဦးလမ်းညွန်)
ရွာကလေးအတွင်း လိုက်လံပြသရန် ဒေသခံတစ်ဦး ငှားရမ်းပါ။ ယာဉ်ကြောပိတ်ဆို့မှုများ မရှိသော ရွာကလေးအတွင်း သင်၏ ကိုယ်ပိုင်ဧည့်လမ်းညွှန်နှင့်အတူ လေ့လာလည်ပတ်ကြည့်ပါ။ အဖွဲ့ငယ်တစ်ခုအတွက် Dutch sloop လှေဖြင့် ခရီးစဉ်မှာ တစ်နာရီလျှင် ယူရို ၁၁၀ မှ စတင်ကျသင့်သည်။
(လမ်းလျှောက်ကြည့်ခြင်း)
ခိသွန်းရွာလယ်တွင်ရှိသော စက်ဘီးလမ်း၊ လူသွားလမ်းကလေးတွင်လည်း လမ်းလျှောက်ကာ လှည့်လည်ကြည့်ရှုနိုင်သည်။ လမ်းကို စက်ဘီးလမ်းအဖြစ်လည်း အသုံးပြုသောကြောင့် သတိပြုပါ။ အိမ်တိုင်းတွင် ကိုယ်ပိုင်တံတားများ ရှိသည်။
(ခိသွန်းရွာလေးကို ဘယ်လိုသွားမလဲ)
Giethorn ခရီးသွားကုမ္ပဏီနှင့် ဆက်သွယ်ကြည့်ပါ။ အဆိုပါကုမ္ပဏီသည် ခိသွန်းရွာကလေးအတွင်း လှေများလည်း ငှားရမ်းသည့် ဝန်ဆောင်မှုလည်းပေးသည်။
ခိသွန်းရွာကလေးနှင့် အမ်စတာဒမ်မြို့တော်တို့တွင် ကုမ္ပဏီ၏ရုံးများရှိသည်။
ကုမ္ပဏီ၏ ဝန်ဆောင်မှုတွင် အမ်စတာဒမ်မြို့တော်၌ သင်၏ဟိုတယ်အထိ လာရောက်ခေါ်ယူပေးသည့် ဝန်ဆောင်မှုလည်း ပါဝင်သည်ဟု ဆိုသည်။
-နေ့ချင်းပြန်ခရီး
ခိသွန်းရွာလေးသို့ အမ်စတာဒမ်မှ လူ ၂၁ ဦးအထက် လိုက်ပါနိုင်သော အဝေးပြေးကားဖြင့် သွားမည်ဆိုပါက ၂၀၂၀ ပြည့်နှစ်အတွင်းက ဈေးနှုန်းမှာ တစ်ဦးလျှင် ၈၉ ယူရို ကျသင့်သည်။
အမ်စတာဒမ်ရှိ သင်၏ဟိုတယ်တွင် နံနက် ၁၀ နာရီတွင် လာခေါ်မည်ဖြစ်ပြီး ရွာကလေးအတွင်း လမ်းညွှန်ပါ အပျော်စီးလှေကြီးဖြင့် လှည့်လည်ကြည့်ရှုမှုလည်း ပါဝင်မည် ဖြစ်သည်။
ညနေ ၄ နာရီတွင် အမ်စတာဒမ်သို့ ကားပြန်ထွက်မည်ဖြစ်ပြီး ညနေ ၆ နာရီတွင် အမ်စတာဒမ်ရှိ သင်၏ ဟိုတယ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
-သီးသန့်ခရီးစဉ်
လူ ၈ ဦးအထက် အဖွဲ့များကို သီးသန့်ခရီးစဉ်လည်း စီစဉ်ပေးသည်။ အမ်စတာဒမ်မှ ခိသွန်းသို့ ခရီးစဉ်အတွက်လည်း ကုမ္ပဏီမှ စီစဉ်ပေးပြီး မီနီဘတ်စ်ဖြင့် သွားရမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ်အတွင်းက ကုန်ကျခဲ့သည့်စရိတ်မှာ ကားတစ်စီးစာလျှင် ၃၅၀ ယူရိုဖြစ်သည်။
(ရထားဖြင့်သွားခြင်း)
ခိသွန်းရွာကလေးသို့ ရထားဖြင့်သွားမည်ဆိုလျှင် ဦးစွာအားဖြင့် Steenwijk ဘူတာအထိ စီးပါ။ ယင်းနောက် Steenwijk ဘူတာမှ ခိသွန်းသို့ nr 70 (သို့မဟုတ်) nr 270 ဘတ်စ်ကားများစီးကာ ရောက်ရှိနိုင်ပါသည်။
(ကိုယ်ပိုင်ကားဖြင့်)
ကိုယ်ပိုင်ကားဖြင့် သွားမည်ဆိုလျှင် Giethoorn ရွာကလေး၏ ကားရပ်နားစခန်းနေရာ အတိအကျကို Google တွင် ရှာဖွေကြည့်ကာ Google map ဖြင့် သွားရောက်နိုင်သည်။
(Supermarket)
ခိသွန်းရွာလေးတွင် Plus အမည်ရှိ စူပါမာ့ကက်တစ်ခုသာ ရှိသည်။ ဖွင့်လှစ်ချိန်မှာ တနင်္လာမှ စနေနေ့အထိ မနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး တနင်္ဂနွေနေ့တွင် မနက် ၉ နာရီမှ ည ၇ နာရီအထိ ဖြစ်သည်။ ဖုန်းနံပါတ်- 0521 361234
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Giethoorn (giethoornvillage)
[Zawgyi]
-ခိသွန်း (Giethoorn)
-ဒတ်ခ်ျ ဗင်းနစ်(Dutch Venice) ဟု အမျိုးမျိုး တင်စားခေါ်ဝေါ်ကြသည်။ လူသိများသော နာမည်ပေါင်း ၁၂ မျိုးခန့ှ်ရိသည်။
(လမ်းမရှိသည့် ရွာ)
(နယ်သာလန်၏ ဗင်းနစ်)
(ကော်ဖီဆိုင်မရှိ)
(စင်းလုံးငှားလှေ)
(အပျော်စီး လှေကြီး)
(ဒေသခံတစ်ဦးလမ်းညွန်)
-နေ့ချင်းပြန်ခရီး
-သီးသန့်ခရီးစဉ်
(ရထားဖြင့်သွားခြင်း)
(ကိုယ်ပိုင်ကားဖြင့်)
(Supermarket)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
မီးပျက်ချိန်ကြာမြင့်မှုကြောင့် နေအိမ်နှင့်တိုက်ခန်းများတွင် လေအေးပေးစက်တပ်ဆင်မှု ကျဆင်း...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အမေရိကန်အဆိုတော် ရုပ်ရှင်မင်းသမီး ဂျက်ဆီကာ ဆင်ပဆင်၏ မကြာသေးမီက အပန်းဖြေခဲ့သော မက္ကဆီကို ရှိ အပန်းဖြေစံအိမ်တွင် ကမ္ဘာ့အဆင့် စားဖိုမှူး ၃ ဦး၊ snow room တို့ ပါဝင်ပြီး ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် ငှားရမ်းတည်းခိုနိုင်...
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းဝယ်ယူခွင့် မေလ (၇) ရက်နေ့ တွင် မဲနှိုက် ရွေးချယ်မည်
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အမေရိက အိမ်ခြံမြေကပ်ဘေး (သို့) အိမ်ခြံမြေဈေးနှုန်းများ ကြောက်မက်ဖွယ် ထိုးကျနေသော အမေရိကန်မှ စိန့်လူးဝစ်မြို့...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက အခမဲ့ပေးမည်ဖြစ်ပြီး ယူလိုသူမရှိလျှင် ဖြိုချပစ်မည်ဟု ကြေညာလာ...
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
shwe-hninsi
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service