အဲယားကွန်း၊ ပန်ကာလေကြောင့် လည်ချောင်းနာ၊ အအေးမိနိုင်သလား ?

အဲယားကွန်း၊ ပန်ကာလေကြောင့် လည်ချောင်းနာ၊ အအေးမိနိုင်သလား ? - Property Knowledge in Myanmar from iMyanmarHouse.com
19 Aug 2022 10:02 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အဲယားကွန်းခန်းထဲမှာ အချိန်ကြာကြာနေမိရင်၊ ဒါမှမဟုတ် ပန်ကာလေကို အချိန်ကြာကြာခံပြီးရင် လည်ချောင်တွေယားပြီး နာလာတာ၊ နှာစေးချောင်းဆိုးတာ၊ နုံးတာတွေကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ လူတော်တော်များများကတော့ ဒါကို အဲယားကွန်း၊ ပန်ကာကလာတဲ့လေကြောင့် အအေးမိတာလို့ ယူဆကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီလိုဖြစ်ရတာဟာ အဲယားကွန်း၊ ပန်ကာတွေနဲ့ တိုက်ရိုက်မပတ်သက်ဘဲ Air Conditioning Sickness လို့ခေါ်တဲ့ အခြေအနေတစ်ခုကြောင့်ပါ။

>> Air Conditioning Sickness ဆိုတာ ဘာလဲ?

အဲယားကွန်း (သို့) ပန်ကာကလာတဲ့ လေအေးနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ရောဂါပိုးမွှားတွေ ပေါင်းစပ်မိတဲ့အခါ ဒီရောဂါပိုးမွှားတွေကြောင့် အအေးမိတာကို Air Conditioning Sickness လို့ ခေါ်ပါတယ်။ Air conditioning sickness ကိုဖြစ်စေတဲ့ အဓိကအချက် (၃) ချက်ရှိပါတယ်။

 

ဒါတွေကတော့ -

● အိမ်ခန်း၊ ရုံးခန်းတွေကို နေ့စဉ်ပုံမှန် သန့်ရှင်းရေးမလုပ်တဲ့အခါ နံရံနဲ့ကြမ်းပြင်တွေ ချောင်ကျပြီး စိုထိုင်းတဲ့နေရာတွေမှာ ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားတတ်ပါတယ်။ ဒီလိုအချိန်မှာ အဲယားကွန်း၊ ပန်ကာ ဖွင့်လိုက်တဲ့အခါ ရောဂါပိုးမွှားတွေကို လေထုထဲပျံ့နှံ့စေသလို ဖြစ်သွားတာကြောင့် ရှူရှိုက်မိတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာတွေ ဖြစ်လာရတာပါ။

● အဲယားကွန်းနဲ့ ပန်ကာတွေကို သေချာသန့်ရှင်းရေး မလုပ်၊ ကောင်းကောင်း မထိန်းသိမ်းတဲ့အခါ ရောဂါပိုးတွေ ပေါက်ပွားဖို့အတွက် နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့် အဲယားကွန်းတွေကို ပုံမှန် Maintenance မလုပ်ရင် စိုထိုင်းဆများပြီး ဘက်တီးရီးယားနဲ့မှိုတွေ ပေါက်ပွားနိုင်ပါတယ်။

● နောက်ဆုံးတစ်ချက်ကတော့ အဲယားကွန်း၊ ပန်ကာကို အအေးဆုံးအခြေအနေမှာထားပြီး ဖွင့်ထားတာပါပဲ။ ပတ်ဝန်းကျင်က အေးပြီးခြောက်သွေ့တဲ့အခါ ဗိုင်းရပ်စ်ပိုးတွေ ကောင်းကောင်းရှင်သန်နိုင်သလို၊ သွေးကြောတွေကျဉ်းပြီး သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ဗိုင်းရပ်စ်တွေကိုလည်း ကောင်းကောင်း မတိုက်ထုတ်နိုင်တော့ပါဘူး။ ဒါ့အပြင် လေထုခြောက်သွေ့တဲ့အခါ နှာခေါင်းအတွင်းသားနဲ့ လည်ချောင်းတွေလည်း ခြောက်သွေ့တာကြောင့် ခန္ဓာကိုယ်က အစိုဓာတ်ကို ပိုထုတ်လိုက်တဲ့အခါ ရောဂါပိုးပေါက်ပွားမှုကို အားပေးသလို ဖြစ်စေပါတယ်။

ခြုံပြောရရင် Air Conditioning Sickness ကိုဖြစ်စေတဲ့ ဒီသုံးချက်လုံးဟာ ရောဂါပိုးတွေကြောင့်ပဲဖြစ်ပြီး အဲယားကွန်း၊ ပန်ကာလေခံတာနဲ့ တိုက်ရိုက်ကြီး ပတ်သက်နေတာတော့ မဟုတ်ပါဘူး။

>> Air Conditioning Sickness မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

● အိမ်ခန်း၊ ရုံးခန်းကို ပုံမှန်လေး သန့်ရှင်းရေးလုပ်ပေးပါ။

● အဲယားကွန်းတွေ၊ ပန်ကာတွေကို ပုံမှန် သန့်ရှင်းရေး လုပ်ပေးပါ။ အထူးသဖြင့် အဲယားကွန်းတွေကို လအနည်းကြာတိုင်း တစ်ကြိမ်လောက်တော့ ပုံမှန် maintenance လုပ်ပေးသင့်ပါတယ်။

● အဲယားကွန်း (သို့) ပန်ကာလေခံနေချိန်မှာ ခေါင်းကိုက်တာ၊ နုံးတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ စဖြစ်လာတာနဲ့ အဲယားကွန်း၊ ပန်ကာကိုပိတ်ပြီး အခန်းအပူချိန်မှာပဲ နေပေးပါ။

● အဲယားကွန်းခန်းထဲမှာ အနေများသူဆိုရင် ရေဓာတ်ပြည့်ဝနေဖို့ ရေများများ သောက်ပေးပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: drmyanmar

 

 

[Zawgyi]

အဲယားကြန္း၊ ပန္ကာေလေၾကာင့္ လည္ေခ်ာင္းနာ၊ အေအးမိႏိုင္သလား ?

 

အဲယားကြန္းခန္းထဲမွာ အခ်ိန္ၾကာၾကာေနမိရင္၊ ဒါမွမဟုတ္ ပန္ကာေလကို အခ်ိန္ၾကာၾကာခံၿပီးရင္ လည္ေခ်ာင္ေတြယားၿပီး နာလာတာ၊ ႏွာေစးေခ်ာင္းဆိုးတာ၊ ႏုံးတာေတြကို လူတိုင္းနီးပါး ၾကဳံဖူးၾကမွာပါ။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒါကို အဲယားကြန္း၊ ပန္ကာကလာတဲ့ေလေၾကာင့္ အေအးမိတာလို႔ ယူဆၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္း ဒီလိုျဖစ္ရတာဟာ အဲယားကြန္း၊ ပန္ကာေတြနဲ႔ တိုက္႐ိုက္မပတ္သက္ဘဲ Air Conditioning Sickness လို႔ေခၚတဲ့ အေျခအေနတစ္ခုေၾကာင့္ပါ။

>> Air Conditioning Sickness ဆိုတာ ဘာလဲ?

အဲယားကြန္း (သို႔) ပန္ကာကလာတဲ့ ေလေအးနဲ႔ ပတ္ဝန္းက်င္မွာ႐ွိေနတဲ့ ေရာဂါပိုးမႊားေတြ ေပါင္းစပ္မိတဲ့အခါ ဒီေရာဂါပိုးမႊားေတြေၾကာင့္ အေအးမိတာကို Air Conditioning Sickness လို႔ ေခၚပါတယ္။ Air conditioning sickness ကိုျဖစ္ေစတဲ့ အဓိကအခ်က္ (၃) ခ်က္႐ွိပါတယ္။

ဒါေတြကေတာ့ -

● အိမ္ခန္း၊ ႐ုံးခန္းေတြကို ေန႔စဥ္ပုံမွန္ သန္႔႐ွင္းေရးမလုပ္တဲ့အခါ နံရံနဲ႔ၾကမ္းျပင္ေတြ ေခ်ာင္က်ၿပီး စိုထိုင္းတဲ့ေနရာေတြမွာ ဘက္တီးရီးယားနဲ႔ မိႈေတြ ေပါက္ပြားတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ အဲယားကြန္း၊ ပန္ကာ ဖြင့္လိုက္တဲ့အခါ ေရာဂါပိုးမႊားေတြကို ေလထုထဲပ်ံ႕ႏွံ႔ေစသလို ျဖစ္သြားတာေၾကာင့္ ႐ွဴ႐ိႈက္မိတဲ့အခါ လည္ေခ်ာင္းနာတာ၊ ႏွာေစးတာေတြ ျဖစ္လာရတာပါ။

● အဲယားကြန္းနဲ႔ ပန္ကာေတြကို ေသခ်ာသန္႔႐ွင္းေရး မလုပ္၊ ေကာင္းေကာင္း မထိန္းသိမ္းတဲ့အခါ ေရာဂါပိုးေတြ ေပါက္ပြားဖို႔အတြက္ ေနရာေကာင္းတစ္ခု ျဖစ္လာပါတယ္။ အထူးသျဖင့္ အဲယားကြန္းေတြကို ပုံမွန္ Maintenance မလုပ္ရင္ စိုထိုင္းဆမ်ားၿပီး ဘက္တီးရီးယားနဲ႔မိႈေတြ ေပါက္ပြားႏိုင္ပါတယ္။

● ေနာက္ဆုံးတစ္ခ်က္ကေတာ့ အဲယားကြန္း၊ ပန္ကာကို အေအးဆုံးအေျခအေနမွာထားၿပီး ဖြင့္ထားတာပါပဲ။ ပတ္ဝန္းက်င္က ေအးၿပီးေျခာက္ေသြ႕တဲ့အခါ ဗိုင္းရပ္စ္ပိုးေတြ ေကာင္းေကာင္း႐ွင္သန္ႏိုင္သလို၊ ေသြးေၾကာေတြက်ဥ္းၿပီး ေသြးလွည့္ပတ္မႈ မေကာင္းတာေၾကာင့္ ဗိုင္းရပ္စ္ေတြကိုလည္း ေကာင္းေကာင္း မတိုက္ထုတ္ႏိုင္ေတာ့ပါဘူး။ ဒါ့အျပင္ ေလထုေျခာက္ေသြ႕တဲ့အခါ ႏွာေခါင္းအတြင္းသားနဲ႔ လည္ေခ်ာင္းေတြလည္း ေျခာက္ေသြ႕တာေၾကာင့္ ခႏၶာကိုယ္က အစိုဓာတ္ကို ပိုထုတ္လိုက္တဲ့အခါ ေရာဂါပိုးေပါက္ပြားမႈကို အားေပးသလို ျဖစ္ေစပါတယ္။

ျခဳံေျပာရရင္ Air Conditioning Sickness ကိုျဖစ္ေစတဲ့ ဒီသုံးခ်က္လုံးဟာ ေရာဂါပိုးေတြေၾကာင့္ပဲျဖစ္ၿပီး အဲယားကြန္း၊ ပန္ကာေလခံတာနဲ႔ တိုက္႐ိုက္ႀကီး ပတ္သက္ေနတာေတာ့ မဟုတ္ပါဘူး။

>> Air Conditioning Sickness မျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲ?

● အိမ္ခန္း၊ ႐ုံးခန္းကို ပုံမွန္ေလး သန္႔႐ွင္းေရးလုပ္ေပးပါ။

● အဲယားကြန္းေတြ၊ ပန္ကာေတြကို ပုံမွန္ သန္႔႐ွင္းေရး လုပ္ေပးပါ။ အထူးသျဖင့္ အဲယားကြန္းေတြကို လအနည္းၾကာတိုင္း တစ္ႀကိမ္ေလာက္ေတာ့ ပုံမွန္ maintenance လုပ္ေပးသင့္ပါတယ္။

● အဲယားကြန္း (သို႔) ပန္ကာေလခံေနခ်ိန္မွာ ေခါင္းကိုက္တာ၊ ႏုံးတာ၊ ကိုယ္လက္ကိုက္ခဲတာေတြ စျဖစ္လာတာနဲ႔ အဲယားကြန္း၊ ပန္ကာကိုပိတ္ၿပီး အခန္းအပူခ်ိန္မွာပဲ ေနေပးပါ။

● အဲယားကြန္းခန္းထဲမွာ အေနမ်ားသူဆိုရင္ ေရဓာတ္ျပည့္ဝေနဖို႔ ေရမ်ားမ်ား ေသာက္ေပးပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: drmyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service