အသိုက်အမြုံ

အသိုက်အမြုံ - Property Knowledge in Myanmar from iMyanmarHouse.com
16 Aug 2022 1:15 pm တွင် တင်ခဲ့သည်
949 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် သတ္တဝါလို့ဖြစ်လာရင် အသိုက်အမြုံကိုယ်စီရှိကြသည်။ဒီအထဲကမှ လူဆိုတဲ့သတ္တဝါကတော့ အသိုက်အမြုံအပေါ် အတော်လောဘကြီးသည်။

အသိဉာဏ်ကြွယ်ဝလှသော လူတွေက ပိုပြီးတပ်မက်မှု ကြီးကြသည်ဟု ထင်သည်။လိုအပ်သည်ထက်ပိုပြီး လိုချင်ကြသည်။

တစ်ခါတစ်ရံ ကိုယ့်ရှိတာထက်ကိုပိုလိုချင်ပြီး အခြားသူအပေါ်လည်း စိုးမိုးခြယ်လှယ်ချင်တတ်သည်။ထို့အပြင် သူတစ်ပါး အသိုက်အမြုံကိုလည်း အသိဉာဏ်ရှိပါလျက် ဖျက်ဆီးတတ်ပြန်သေးသည်။

အဟိတ်တိရစ္ဆာန်များတောင်မှ ကြမ်းတမး်သော သားစားသတ္တဝါများမှလွဲပြီး သူတစ်ပါးသိုက်မြုံကို ဖျက်ဆီးခဲသည်။အစာ အလို့ငှာသာ တိုက်ခိုက်ကြသည်။

မိချောင်းသည် သူ့ရေအိုင်တွင်းဝင်လာမှ ဖမ်းဆီးစားသောက်တတ်သည်။အင်မတန်ရက်စက်သည့် သားရဲများသည် သူတို့ဆာလောင်မှုပြေပျောက်စေဖို့ တစ်ကောင်သာ သတ်ဖြတ်စားသောက်တတ်သည်။

လူက သိုမှီးသည်။သိမ်းဆည်းသည်။ပွားများအောင်လုပ်သည်။ကျယ်ပြန့်အောင် ချဲ့နိုင်သမျှ ချဲ့လိုတတ်သည်။

သစ်လွင်သမျှ၊ပေါ်လွင်သမျှ၊ဆန်းသစ်သမျှ ဦးနိုင်ရင် အဦးဆုံးလိုချင်သည်။ဗီရိုထဲမှာ အဝတ်အစားအပြည့် ရှိနေပါစေ။ ထပ်ပေါ်ရင် ထပ်ဝယ်ပါဦးမည်။

သိန်းတစ်ရာတန်အောက်တတ်နိုင်သူက သူတတ်နိုင်သည့် ကားတစ်စီးဝယ်မည်။ပိုတတ်နိုင်သူက ပိုကောင်းသည့် ကားကိုဝယ်မည်။တစ်စီးတတ်နိုင်သူကတစ်စီး၊များများဝယ်နိုင်သူက တန်ဖိုးကြီး ကောင်းပေ့ဆိုသည့် ကားများကိုပင် ဝယ်ချင်တိုင်းဝယ်ထားနိုင်သည်။

ဆင်းရဲသားကတော့ ရာဘာဖိနပ်နောက်မြီးပြတ်ကို သဲကြိုးမပြတ်အောင် သတိထားစီးနေရသည်။ ကုသိုလ်ကံတို့၏ ခြားနားမှုကို လက်ခံသည်။

ငတ်သူက သူရဲ့လိုချင်လောဘက အငတ်ပြေဖို့။တတ်နိုင်သူတွေရဲ့ လိုချင်လောဘက အနှိုင်းအဆမဲ့ တတ်သည်။

စာဘူးတောင်းသည် တူနှစ်ကိုယ်ငှက်မောင်နှံအတွက် သိုက်မြုံတစ်ခုသာဆောက်သည်။လူတွေအတွက်မှာတော့ သိုက်မြုံဟာ မက်စရာပါဘဲ။တဲကနေတိုက်၊တိုက်ကနေပြီး နန်းတော်ထိ ဖြစ်လိုကြသည်။ ဖြစ်ခွင့် ရှိသည်။ ကြိုးစားသူအတွက် ဖြစ်ရပေမည်။

လူဖြစ်လာလျှင် လူတိုင်းနေထိုင်ရာ အသိုက်အမြုံလေးတွေဖန်တီးရမည်။ မပျက်စီးအောင်စောင့်ရှောက်ရမည်။ ကာကွယ်ရမည်။သူတစ်ပါး အသိုက်အမြုံဖျက်ဆီးခွင့်ကိုမူ မည်သူတစ်ဦးတစ်ယောက်ထံမှာမှ လုပ်ခွင့်မရှိချေ။

ဒါပေမဲ့ ခေတ်ကြီးက လောကပါလတရားတို့ပျောက်ဆုံးလာသည့်အခါ….ကမ္ဘာမှာ ….လူ့အသိုက်အမြုံတို့…။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အသိုက္အျမဳံ

 

လူပဲျဖစ္ျဖစ္ တိရစၦာန္ပဲျဖစ္ျဖစ္ သတၱဝါလို႔ျဖစ္လာရင္ အသိုက္အျမဳံကိုယ္စီရွိၾကသည္။ဒီအထဲကမွ လူဆိုတဲ့သတၱဝါကေတာ့ အသိုက္အျမဳံအေပၚ အေတာ္ေလာဘႀကီးသည္။

အသိဉာဏ္ၾကြယ္ဝလွေသာ လူေတြက ပိုၿပီးတပ္မက္မႈ ႀကီးၾကသည္ဟု ထင္သည္။လိုအပ္သည္ထက္ပိုၿပီး လိုခ်င္ၾကသည္။

တစ္ခါတစ္ရံ ကိုယ့္ရွိတာထက္ကိုပိုလိုခ်င္ၿပီး အျခားသူအေပၚလည္း စိုးမိုးျခယ္လွယ္ခ်င္တတ္သည္။ထို႔အျပင္ သူတစ္ပါး အသိုက္အျမဳံကိုလည္း အသိဉာဏ္ရွိပါလ်က္ ဖ်က္ဆီးတတ္ျပန္ေသးသည္။

အဟိတ္တိရစၦာန္မ်ားေတာင္မွ ၾကမ္းတမး္ေသာ သားစားသတၱဝါမ်ားမွလြဲၿပီး သူတစ္ပါးသိုက္ျမဳံကို ဖ်က္ဆီးခဲသည္။အစာ အလို႔ငွာသာ တိုက္ခိုက္ၾကသည္။

မိေခ်ာင္းသည္ သူ႔ေရအိုင္တြင္းဝင္လာမွ ဖမ္းဆီးစားေသာက္တတ္သည္။အင္မတန္ရက္စက္သည့္ သားရဲမ်ားသည္ သူတို႔ဆာေလာင္မႈေျပေပ်ာက္ေစဖို႔ တစ္ေကာင္သာ သတ္ျဖတ္စားေသာက္တတ္သည္။

လူက သိုမွီးသည္။သိမ္းဆည္းသည္။ပြားမ်ားေအာင္လုပ္သည္။က်ယ္ျပန္႔ေအာင္ ခ်ဲ႕ႏုိင္သမွ် ခ်ဲ႕လိုတတ္သည္။

သစ္လြင္သမွ်၊ေပၚလြင္သမွ်၊ဆန္းသစ္သမွ် ဦးႏိုင္ရင္ အဦးဆုံးလိုခ်င္သည္။ဗီရုိထဲမွာ အဝတ္အစားအျပည့္ ရွိေနပါေစ။ ထပ္ေပၚရင္ ထပ္ဝယ္ပါဦးမည္။

သိန္းတစ္ရာတန္ေအာက္တတ္ႏိုင္သူက သူတတ္ႏုိင္သည့္ ကားတစ္စီးဝယ္မည္။ပိုတတ္ႏုိင္သူက ပိုေကာင္းသည့္ ကားကိုဝယ္မည္။တစ္စီးတတ္ႏိုင္သူကတစ္စီး၊မ်ားမ်ားဝယ္ႏိုင္သူက တန္ဖိုးႀကီး ေကာင္းေပ့ဆိုသည့္ ကားမ်ားကိုပင္ ဝယ္ခ်င္တိုင္းဝယ္ထားႏိုင္သည္။

ဆင္းရဲသားကေတာ့ ရာဘာဖိနပ္ေနာက္ၿမီးျပတ္ကို သဲႀကိဳးမျပတ္ေအာင္ သတိထားစီးေနရသည္။ ကုသိုလ္ကံတို႔၏ ျခားနားမႈကို လက္ခံသည္။

ငတ္သူက သူရဲ႕လိုခ်င္ေလာဘက အငတ္ေျပဖို႔။တတ္ႏိုင္သူေတြရဲ႕ လိုခ်င္ေလာဘက အႏႈိင္းအဆမဲ႔ တတ္သည္။

စာဘူးေတာင္းသည္ တူႏွစ္ကိုယ္ငွက္ေမာင္ႏွံအတြက္ သိုက္ျမဳံတစ္ခုသာေဆာက္သည္။လူေတြအတြက္မွာေတာ့ သိုက္ၿမဳံဟာ မက္စရာပါဘဲ။တဲကေနတိုက္၊တိုက္ကေနၿပီး နန္းေတာ္ထိ ျဖစ္လိုၾကသည္။ ျဖစ္ခြင့္ ရွိသည္။ ႀကိဳးစားသူအတြက္ ျဖစ္ရေပမည္။

လူျဖစ္လာလွ်င္ လူတိုင္းေနထိုင္ရာ အသိုက္အၿမဳံေလးေတြဖန္တီးရမည္။ မပ်က္စီးေအာင္ေစာင့္ေရွာက္ရမည္။ ကာကြယ္ရမည္။သူတစ္ပါး အသိုက္အၿမဳံဖ်က္ဆီးခြင့္ကိုမူ မည္သူတစ္ဦးတစ္ေယာက္ထံမွာမွ လုပ္ခြင့္မရွိေခ်။

ဒါေပမဲ့ ေခတ္ႀကီးက ေလာကပါလတရားတို႔ေပ်ာက္ဆုံးလာသည့္အခါ….ကမၻာမွာ ….လူ႔အသိုက္အၿမဳံတို႔…။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
Magical World
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service