ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ် - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2022 11:02 am တွင် တင်ခဲ့သည်
638 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပြာမှုန်လို့ဆိုလိုက်ရင် ထင်းမီးတွေ တောမီးတွေကနေပဲဖြစ်ဖြစ်၊ မီးတောင်ကနေပဲဖြစ်ဖြစ်၊ အမှိုက်မီးရှို့မှုတွေကနေပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးနဲ့ ထင်းမီးသွေးတွေကနေပဲဖြစ်ဖြစ်၊ ဆေးလိပ်တွေကနေပဲဖြစ်ဖြစ် ထွက်ရှိလာတဲ့ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင် အမှုန်အဖတ်တွေဆိုတာကို လူအတော်များများ သိကြမယ်ထင်ပါတယ်။

ပြာမှုန်တွေဟာ နေရာတိုင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ မီးဖိုချောင်ထဲကနေစလို့ သဘာဝဘေးအန္တရာယ်ကြုံဆုံနေရတဲ့ နေရာတွေအထိပေါ့။

ဒီလို ပြာမှုန်လို့ခေါ်ဆိုကြတဲ့ ဒီ အမှုန်လေးတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပါတယ်။ တစ်ချို့က ဒီအမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပြီး တစ်ချို့သော ရိုးရာတိုင်းရင်းဆေးနည်းတွေမှာတော့ ဒီအမှုန်အဖတ်တွေကို ဆေးဘက်ဝင်ဓာတ်စာတစ်မျိုးအဖြစ် ထည့်သွင်းအသုံးချကြပါတယ်။

တစ်ချို့သော ဆေးမြီးတိုကုသမှုနည်းလမ်းတွေမှာ ပြာမှုန်ကို စားသုံးပေးတာ၊ ရေနဲ့ဖျော်သောက်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်တမ်းမှာ ဒီနည်းလမ်းတွေဟာ ကျန်းမာရေးကို တကယ်အကျိုးရှိစေရဲ့လား။ သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့် ပြာမှုန်တွေကို ရှုရှိုက်မိနေတယ်ဆိုရင်ရော ဘယ်လို ဘေးအန္တရာယ်တွေ ရှိလာမလား။

ပြာမှုန်နဲ့ ကျန်းမာရေး

သိပ္ပံနည်းကျလေ့လာချက်တွေမှာတော့ ပြာမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အရာတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ အမျိုးမျိုးသော အသက်ရှှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေနဲ့ တခြားသော ဆိုးရွားတဲ့ ရောဂါတွေဖြစ်လာစေနိုင်တဲ့ ဆိုးကျိုးမျိုးပေးနိုင်ပါတယ်။

ပြာမှုန်တွေဟာ အဆုတ်ထဲကို ရောက်ရှိသွားပြီဆိုရင် အဆုတ်ကို အဆိပ်သင့်စေမှာဖြစ်ပြီး အနည်းနဲ့အများဆိုသလို ထိခိုက်မှု ရှိမှာဖြစ်ပါတယ်။ ပမာဏများပြားလာတာ၊ အကြိမ်ရေများပြားလာတဲ့အမျှ ပြာတွေကြောင့် အဆုတ်ထဲမှာ ရောင်ရမ်းတာ၊ နာကျင်တာနဲ့ ခုခံအားစနစ်ကို ထိခိုက်စေတာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။

ကျွမ်းကျင်သူတွေကတော့ ပြာမှုန်တွေဟာ အဆိပ်သင့်နေတဲ့ရေထက်ပိုပြီး အန္တရာယ်များတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ကိုင်တွယ်မိမယ်ဆိုရင်လည်း ဓာတ်မတည့်မှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အလွန်အမင်းဆိုးရွားတဲ့အခြေအနေမှာ အသက်ရှှုရပ်ပြီး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။

ပြာမှုန်ကြောင့်ဖြစ်ပေါ်နိုင်တဲ့ ရောဂါဆိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကင်ဆာ – အမျိုးမျိုးသော ပြာမှုန်တွေထဲမှာ ခဲဓာတ်ပမာဏလည်း အများအပြားပါဝင်နေတာမို့ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

အဆုတ်နဲ့သက်ဆိုင်သော ရောဂါများ – ပြာမှုန်တွေကို ပမာဏအများအပြား ရှှုရှိုက်မိမယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာတင်မကပဲ အဆုတ်အထိပါ ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြာမှုန်ဟာ အဆုတ်နဲ့သက်ဆိုင်တဲ့ ရောဂါအမျိုးအစား အမျိုးမျိုးဖြစ်ပေါ်လာအောင်လည်း တွန်းအားပေးပါတယ်။

ရင်ကျပ် – ဒါ့အပြင် ရင်ကျပ်ဝေဒနာသည်တွေအနေနဲ့လည်း ပြာမှုန်တွေ ရှူရှိူက်မိမယ်ဆိုရင် ရောဂါပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆိုထားပါတယ်။

အဆိပ်သင့်ဝေဒနာ – ကျောက်မီးသွေးနဲ့ မီးတောင်ပြာမှုန်တွေဟာ လူတွေကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒီပြာမှုန်တွေအထဲမှာ Metals၊ Polycyclic aromatic hydrocarbons နဲ့ Crystalline Silica (alpha-quartz) တွေပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အဆုတ်ဝေဒနာတစ်မျိုးဖြစ်တဲ့ Pneumoconiosis နဲ့ အသက်ရှုကျပ်ဝေဒနာဖြစ်တဲ့ Emphysema လို ဝေဒနာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ပြာမှုန်တွေဟာ လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်နည်းနဲ့မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့နည်းလမ်းမျိုးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဒနာတွေလည်း ရှိနေပါသေတယ်။ ဒါတွေကတော့ လေသင်တုန်းဖြတ်တာနဲ့ နှလုံးဖောက်ပြန်မှုဝေဒနာတွေပါပဲ။

ဒါကြောင့်ပဲ မိမိတို့ရဲ့ နေအိမ်မှာ ပြာမှုန်တွေကင်းစင်နေအောင် ဂရုတစိုက် ရှင်းလင်းဖယ်ရှားဖို့လိုအပ်သလို ဆေးလိပ်သောက်သုံးမှုလျှော့ချတာ၊ ထင်းနဲ့ မီးသွေးအသုံးပြုမှုကို လျှော့ချတာမျိုးတွေပြုလုပ်ပေးဖို့ တိုက်တွန်းလိုပါတယ်။

ပြာမှုန်တွေကို ရှောင်ပါ

ဆေးလိပ်သောက်သုံးမှုဟာ သူ့ချည်းအတိုင်းကို မိမိနဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ပြာမှုန်တွေထိတွေ့မိမှုနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျန်းမာရေးထိခိုက်နိုင်ခြေဟာ အလွန်အမင်းမြင့်မားလာမှာဖြစ်ပါတယ်။

မီးဖိုချောင်ကနေ ထွက်ရှိလာနိုင်တဲ့ ပြာမှုန်တွေကတော့ ထင်းနဲ့ မီးသွေး သုံးစွဲမှုကို လျှော့ချလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက်လည်း ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ရာရောက်မှာပါ။

ဒါ့အပြင် ပြာမှုန်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပြာမှုန်တွေကိုအသုံးပြုပြီး ဆေးမြီးတိုတွေ၊ ယုံတမ်းကုသနည်းတွေနဲ့ ကုသတာမျိုးတွေမပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီအချက်တွေဟာ အဆုတ်ထဲကို ပြာမှုန်ရောက်ရှိအောင် မလုပ်နိုင်ပေမယ့် သိသိသာသာထိတွေ့ကိုင်တွယ်မိတာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲအထိ ပြာမှုန်တွေကို မြိုချမိနိုင်တာမို့ ဘေးထွက်ဆိုးကျိုးနဲ့ ကျန်းမာရေးအန္တရာယ်က အတူတူပဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ မီးတောင်ပြာမှုန်နဲ့ တောမီးဘေးက ပြာမှုန်တွေကတော့ ထိမ်းချုပ်လို့မရနိုင်တဲ့အရာတွေဖြစ်တာမို့ ကြုံဆုံလာချိန်မှာ လမ်းညွှန်ချက်တွေကိုလိုက်နာပြီး ရှောင်လွှဲနိုင်ဖို့သာ ကြိုးပမ်းရမှာဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ျပာမႈန္႔ ႐ႈ႐ိႈက္မိျခင္းႏွင့္ က်န္းမာေရးအႏၲရာယ္

 

ျပာမႈန္လို႔ဆိုလိုက္ရင္ ထင္းမီးေတြ ေတာမီးေတြကေနပဲျဖစ္ျဖစ္၊ မီးေတာင္ကေနပဲျဖစ္ျဖစ္၊ အမိႈက္မီး႐ိႈ႕မႈေတြကေနပဲျဖစ္ျဖစ္၊ ေက်ာက္မီးေသြးနဲ႔ ထင္းမီးေသြးေတြကေနပဲျဖစ္ျဖစ္၊ ေဆးလိပ္ေတြကေနပဲျဖစ္ျဖစ္ ထြက္႐ွိလာတဲ့ မီးခိုးေရာင္ ဒါမွမဟုတ္ အမည္းေရာင္ အမႈန္အဖတ္ေတြဆိုတာကို လူအေတာ္မ်ားမ်ား သိၾကမယ္ထင္ပါတယ္။

ျပာမႈန္ေတြဟာ ေနရာတိုင္းမွာ ေတြ႕ျမင္ရႏိုင္ပါတယ္။ မီးဖိုေခ်ာင္ထဲကေနစလို႔ သဘာဝေဘးအႏၲရာယ္ၾကဳံဆုံေနရတဲ့ ေနရာေတြအထိေပါ့။

ဒီလို ျပာမႈန္လို႔ေခၚဆိုၾကတဲ့ ဒီ အမႈန္ေလးေတြနဲ႔ပတ္သက္ၿပီး အယူအဆအမ်ိဳးမ်ိဳး႐ွိပါတယ္။ တစ္ခ်ိဳ႕က ဒီအမႈန္ေတြဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တယ္လို႔ ယူဆထားၾကၿပီး တစ္ခ်ိဳ႕ေသာ ႐ိုးရာတိုင္းရင္းေဆးနည္းေတြမွာေတာ့ ဒီအမႈန္အဖတ္ေတြကို ေဆးဘက္ဝင္ဓာတ္စာတစ္မ်ိဳးအျဖစ္ ထည့္သြင္းအသုံးခ်ၾကပါတယ္။

တစ္ခ်ိဳ႕ေသာ ေဆးၿမီးတိုကုသမႈနည္းလမ္းေတြမွာ ျပာမႈန္ကို စားသုံးေပးတာ၊ ေရနဲ႔ေဖ်ာ္ေသာက္တာ စတဲ့ နည္းလမ္းေတြလည္း ႐ွိပါေသးတယ္။ တကယ္တမ္းမွာ ဒီနည္းလမ္းေတြဟာ က်န္းမာေရးကို တကယ္အက်ိဳး႐ွိေစရဲ႕လား။ သဘာဝပတ္ဝန္းက်င္အေျခအေနေၾကာင့္ ျပာမႈန္ေတြကို ႐ႈ႐ိႈက္မိေနတယ္ဆိုရင္ေရာ ဘယ္လို ေဘးအႏၲရာယ္ေတြ ႐ွိလာမလား။

ျပာမႈန္နဲ႔ က်န္းမာေရး

သိပၸံနည္းက်ေလ့လာခ်က္ေတြမွာေတာ့ ျပာမႈန္ေတြဟာ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အရာေတြျဖစ္တယ္လို႔ ဆိုထားပါတယ္။ အမ်ိဳးမ်ိဳးေသာ အသက္႐ွွဳလမ္းေၾကာင္းဆိုင္ရာေဝဒနာေတြနဲ႔ တျခားေသာ ဆိုး႐ြားတဲ့ ေရာဂါေတြျဖစ္လာေစႏိုင္တဲ့ ဆိုးက်ိဳးမ်ိဳးေပးႏိုင္ပါတယ္။

ျပာမႈန္ေတြဟာ အဆုတ္ထဲကို ေရာက္႐ွိသြားၿပီဆိုရင္ အဆုတ္ကို အဆိပ္သင့္ေစမွာျဖစ္ၿပီး အနည္းနဲ႔အမ်ားဆိုသလို ထိခိုက္မႈ ႐ွိမွာျဖစ္ပါတယ္။ ပမာဏမ်ားျပားလာတာ၊ အႀကိမ္ေရမ်ားျပားလာတဲ့အမွ် ျပာေတြေၾကာင့္ အဆုတ္ထဲမွာ ေရာင္ရမ္းတာ၊ နာက်င္တာနဲ႔ ခုခံအားစနစ္ကို ထိခိုက္ေစတာမ်ိဳးေတြျဖစ္ေပၚေလ့႐ွိပါတယ္။

ကြၽမ္းက်င္သူေတြကေတာ့ ျပာမႈန္ေတြဟာ အဆိပ္သင့္ေနတဲ့ေရထက္ပိုၿပီး အႏၲရာယ္မ်ားတယ္လို႔ ဆိုၾကပါတယ္။ ဒါ့အျပင္ ကိုင္တြယ္မိမယ္ဆိုရင္လည္း ဓာတ္မတည့္မႈနဲ႔ အဆိပ္သင့္မႈေတြ ျဖစ္ေပၚႏိုင္ပါတယ္။ အလြန္အမင္းဆိုး႐ြားတဲ့အေျခအေနမွာ အသက္႐ွွဳရပ္ၿပီး ေသဆုံးတဲ့အထိျဖစ္ႏိုင္ပါတယ္။

ျပာမႈန္ေၾကာင့္ျဖစ္ေပၚႏိုင္တဲ့ ေရာဂါဆိုးေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ကင္ဆာ – အမ်ိဳးမ်ိဳးေသာ ျပာမႈန္ေတြထဲမွာ ခဲဓာတ္ပမာဏလည္း အမ်ားအျပားပါဝင္ေနတာမို႔ အသက္႐ွဴလမ္းေၾကာင္းနဲ႔ သက္ဆိုင္တဲ့ ကင္ဆာေရာဂါေတြ ျဖစ္ပြားေစႏိုင္ပါတယ္။

အဆုတ္နဲ႔သက္ဆိုင္ေသာ ေရာဂါမ်ား – ျပာမႈန္ေတြကို ပမာဏအမ်ားအျပား ႐ွွဳ႐ိႈက္မိမယ္ဆိုရင္ အသက္႐ွဴလမ္းေၾကာင္းမွာတင္မကပဲ အဆုတ္အထိပါ ထိခိုက္ေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပာမႈန္ဟာ အဆုတ္နဲ႔သက္ဆိုင္တဲ့ ေရာဂါအမ်ိဳးအစား အမ်ိဳးမ်ိဳးျဖစ္ေပၚလာေအာင္လည္း တြန္းအားေပးပါတယ္။

ရင္က်ပ္ – ဒါ့အျပင္ ရင္က်ပ္ေဝဒနာသည္ေတြအေနနဲ႔လည္း ျပာမႈန္ေတြ ႐ွဴ႐ွိဴက္မိမယ္ဆိုရင္ ေရာဂါပိုမိုဆိုး႐ြားေစႏိုင္တယ္လို႔ ဆိုထားပါတယ္။

အဆိပ္သင့္ေဝဒနာ – ေက်ာက္မီးေသြးနဲ႔ မီးေတာင္ျပာမႈန္ေတြဟာ လူေတြကို အဆိပ္သင့္ေစႏိုင္ပါတယ္။ ဒီျပာမႈန္ေတြအထဲမွာ Metals၊ Polycyclic aromatic hydrocarbons နဲ႔ Crystalline Silica (alpha-quartz) ေတြပါဝင္ေနတာေၾကာင့္ျဖစ္ပါတယ္။ အဆုတ္ေဝဒနာတစ္မ်ိဳးျဖစ္တဲ့ Pneumoconiosis နဲ႔ အသက္႐ႈက်ပ္ေဝဒနာျဖစ္တဲ့ Emphysema လို ေဝဒနာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

ျပာမႈန္ေတြဟာ ေလထုညစ္ညမ္းမႈကို ျဖစ္ေပၚေစတဲ့ အရာေတြျဖစ္ပါတယ္။ ဒါေၾကာင့္ တိုက္႐ိုက္နည္းနဲ႔မဟုတ္ေပမယ့္ သြယ္ဝိုက္တဲ့နည္းလမ္းမ်ိဳးနဲ႔ ျဖစ္ေပၚလာႏိုင္တဲ့ ေဝဒနာေတြလည္း ႐ွိေနပါေသတယ္။ ဒါေတြကေတာ့ ေလသင္တုန္းျဖတ္တာနဲ႔ ႏွလုံးေဖာက္ျပန္မႈေဝဒနာေတြပါပဲ။

ဒါေၾကာင့္ပဲ မိမိတို႔ရဲ႕ ေနအိမ္မွာ ျပာမႈန္ေတြကင္းစင္ေနေအာင္ ဂ႐ုတစိုက္ ႐ွင္းလင္းဖယ္႐ွားဖို႔လိုအပ္သလို ေဆးလိပ္ေသာက္သုံးမႈေလွ်ာ့ခ်တာ၊ ထင္းနဲ႔ မီးေသြးအသုံးျပဳမႈကို ေလွ်ာ့ခ်တာမ်ိဳးေတြျပဳလုပ္ေပးဖို႔ တိုက္တြန္းလိုပါတယ္။

ျပာမႈန္ေတြကို ေ႐ွာင္ပါ

ေဆးလိပ္ေသာက္သုံးမႈဟာ သူ႕ခ်ည္းအတိုင္းကို မိမိနဲ႔ ပတ္ဝန္းက်င္က လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး ျပာမႈန္ေတြထိေတြ႕မိမႈနဲ႔ပါ ေပါင္းစပ္လိုက္မယ္ဆိုရင္ က်န္းမာေရးထိခိုက္ႏိုင္ေျခဟာ အလြန္အမင္းျမင့္မားလာမွာျဖစ္ပါတယ္။

မီးဖိုေခ်ာင္ကေန ထြက္႐ွိလာႏိုင္တဲ့ ျပာမႈန္ေတြကေတာ့ ထင္းနဲ႔ မီးေသြး သုံးစြဲမႈကို ေလွ်ာ့ခ်လိုက္မယ္ဆိုရင္ က်န္းမာေရးအတြက္လည္း ကာကြယ္ၿပီးသားျဖစ္သြားမွာျဖစ္သလို သဘာဝပတ္ဝန္းက်င္ကိုလည္း ေစာင့္ေ႐ွာက္ရာေရာက္မွာပါ။

ဒါ့အျပင္ ျပာမႈန္ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ ျပာမႈန္ေတြကိုအသုံးျပဳၿပီး ေဆးၿမီးတိုေတြ၊ ယုံတမ္းကုသနည္းေတြနဲ႔ ကုသတာမ်ိဳးေတြမျပဳလုပ္ဖို႔လည္း လိုအပ္ပါတယ္။ ဒီအခ်က္ေတြဟာ အဆုတ္ထဲကို ျပာမႈန္ေရာက္႐ွိေအာင္ မလုပ္ႏိုင္ေပမယ့္ သိသိသာသာထိေတြ႕ကိုင္တြယ္မိတာနဲ႔ အစာအိမ္နဲ႔ အူလမ္းေၾကာင္းထဲအထိ ျပာမႈန္ေတြကို ၿမိဳခ်မိႏိုင္တာမို႔ ေဘးထြက္ဆိုးက်ိဳးနဲ႔ က်န္းမာေရးအႏၲရာယ္က အတူတူပဲဆိုတာကို သိနားလည္ထားဖို႔ လိုအပ္ပါတယ္။

သဘာဝပတ္ဝန္းက်င္ထိခိုက္မႈေၾကာင့္ျဖစ္ေပၚလာႏိုင္တဲ့ မီးေတာင္ျပာမႈန္နဲ႔ ေတာမီးေဘးက ျပာမႈန္ေတြကေတာ့ ထိမ္းခ်ဳပ္လို႔မရႏိုင္တဲ့အရာေတြျဖစ္တာမို႔ ၾကဳံဆုံလာခ်ိန္မွာ လမ္းၫႊန္ခ်က္ေတြကိုလိုက္နာၿပီး ေ႐ွာင္လႊဲႏိုင္ဖို႔သာ ႀကိဳးပမ္းရမွာျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service