စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည်

စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
4 Aug 2022 11:28 am တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စကော့တလန်နိုင်ငံရှိ ကျွန်းတစ်ကျွန်း ပေါင် ၃၅၀,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။ အဆိုပါ ဈေးနှုန်းမှာ စကော့တလန်နိုင်ငံ၊ ဂလပ်စကိုမြို့တော်အနောက်ပိုင်းရှိ တိုက်ခန်းတစ်ခန်းဈေးအောက် နည်းပါးသော ဈေးနှုန်းလည်း ဖြစ်သည်။

Pladda Isles ဟု အမည်ရသော ထိုကျွန်းသည် စကော့တလန်နိုင်ငံ၊ Arran ကမ်းရိုးတန်း၏ တောင်ဘက်တွင် တည်ရှိသည်။

(ပေါင် ၃၅၀၀၀၀ ဖြင့် ရောင်းချမည့်ကျွန်း)

(ကျွန်း၏ခေါ်ဈေးမှာ ဂလပ်စကိုအနောက်ပိုင်းဒေသရှိ တိုက်ခန်းတစ်ခန်းဈေးအောက်ပင် နည်းပါးသေးသည်။ Photo credit- KNIGHT FRANK)

(ကျွန်းပေါ်တွင် ကြီးမားသော မီးပြတိုက်ကြီးတစ်ခုလည်း ပါဝင်သည်)

ကျွန်း၏ အကျယ်အဝန်းမှာ ၂၈ ဧကနီးပါးရှိပြီး အဆောက်အအုံများလည်း ပါဝင်သေးသည်။

ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့်ကျွန်းဖြစ်သော်လည်း လူနေထိုင်ရန်အတွက်မူ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။

ကျွန်းပေါ်တွင် ၁၇၉၀ ပြည့်လွန်ကာလများကတည်းက အသုံးပြုခဲ့သော မီးပြတိုက်ကြီးတစ်ခုနှင့်အတူ မီးပြတိုက်အစောင့်အတွက် နေအိမ်လည်း ပါသည်။

ထို့အပြင် ၂ ဒသမ ၅ ဧက ကျယ်ဝန်းသော ဝန်းခတ်ပန်းဥယျာဉ်တစ်ခု၊ ရဟတ်ယာဉ်ကွင်းနှင့် ကျောက်ဆိပ်ခံတံတားတစ်ခုတို့ ဖွဲ့စည်းပါဝင်သည်။

Knight Frank အိမ်ခြံမြေကုမ္ပဏီမှတဆင့် အရောင်းဈေးကွက်တင်လာသော ထိုကျွန်း၏ မျက်နှာစာတစ်ဖက်မှ တဆင့် Kintyre နှင့် Ayrshire ကမ်းခြေများကို မြင်တွေ့ရပြီး အခြားတဖက်မှမူ Ailsa Craig ကမ်းခြေနှင့် မြောက်အိုင်ယာလန်အထိ တွေ့မြင်ရမည် ဖြစ်သည်။

Rightmove အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် မကြာသေးမီက စကော့တလန်ရှိ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါ တိုက်ခန်းကို ဈေးကွက်တင်ရာတွင် ခေါ်ဈေးမှာ ပေါင် ၃၇၅၀၀၀ ဖြစ်သည်။ သို့အတွက် ကျွန်း၏ခေါ်ဈေးမှာ တိုက်ခန်းဈေးအောက်ပင် နည်းပါးသောဈေးနှုန်း ဖြစ်သည်။

မြောက်ပိုင်း မီးပြတိုက်ဘုတ်အဖွဲ့ (Northern Lighthouse Board) ၏ ပြောကြားချက်အရ ယခုကျွန်းကို ၁၉၉၀ ပြည့်နှစ်တွင် အလိုအလျောက်အချက်ပြစနစ်အသုံးပြုချိန်မှစပြီး မီးပြတိုက်စောင့် နေထိုင်ခြင်းမရှိတော့ကြောင်း ပြောသည်။

လက်ရှိအားဖြင့် ထိုကျွန်းကို အီဒင်ဘာ့ဂ်မြို့ဆီမှသာ အဝေးမှတဆင့် ကိုင်တွယ်ထားသည်။

ကျွန်း၏ဝန်းကျင်တွင် ရေနေတိရ စ္ဆာန်များ စုံလင်စွာရှိရာ လင်းပိုင်များ၊ ဖျံများနှင့် နေပူစာလှုံကြသော ငါးမန်းများပင် ရှိသည်။

Knight Frank ၏ ဖော်ပြချက်အရ ထိုကျွန်းပေါ်တွင် လွန်ခဲ့သောနှစ်ကာလများအတွင်း ငှက်မျိုးစိတ်ပေါင်း ၁၀၀ ကျော် ကျက်စားခဲ့ကြသည်ဟု ဆိုသည်။

(ကျွန်း၏ အကျယ်အဝန်းမှာ ၂၈ ဧကနီးပါးရှိသည်)

(ကျွန်းပေါ်ရှိ အဆောက်အအုံများမှာ ပြန်လည်ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး အသင့် လူနေ၍ မရသေးချေ)

(ကျွန်းပေါ်ရှိ ဝန်းခတ် ပန်းဥယျာဉ်များ)

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire Scottish island for sale for LESS than the price of a Glasgow flat (thesun)

[Zawgyi]

စေကာ့တလန္ရွိ ၂၈ ဧက အက်ယ္ ကၽြန္းတစ္ခုလံုးကို တိုက္ခန္းေစ်းမွ်ျဖင့္ ေရာင္းမည္

စေကာ့တလန္ႏိုင္ငံရွိ ကၽြန္းတစ္ကၽြန္း ေပါင္ ၃၅၀,၀၀၀ ျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။ အဆိုပါ ေစ်းႏႈန္းမွာ စေကာ့တလန္ႏိုင္ငံ၊ ဂလပ္စကိုျမိဳ႕ေတာ္အေနာက္ပိုင္းရွိ တိုက္ခန္းတစ္ခန္းေစ်းေအာက္ နည္းပါးေသာ ေစ်းႏႈန္းလည္း ျဖစ္သည္။

Pladda Isles ဟု အမည္ရေသာ ထိုကၽြန္းသည္ စေကာ့တလန္ႏိုင္ငံ၊ Arran ကမ္းရိုးတန္း၏ ေတာင္ဘက္တြင္ တည္ရွိသည္။

(ေပါင္ ၃၅၀၀၀၀ ျဖင့္ ေရာင္းခ်မည့္ကၽြန္း)

(ကၽြန္း၏ေခၚေစ်းမွာ ဂလပ္စကိုအေနာက္ပိုင္းေဒသရွိ တိုက္ခန္းတစ္ခန္းေစ်းေအာက္ပင္ နည္းပါးေသးသည္။ Photo credit- KNIGHT FRANK)

(ကၽြန္းေပၚတြင္ ၾကီးမားေသာ မီးျပတိုက္ၾကီးတစ္ခုလည္း ပါဝင္သည္)

ကၽြန္း၏ အက်ယ္အဝန္းမွာ ၂၈ ဧကနီးပါးရွိျပီး အေဆာက္အအံုမ်ားလည္း ပါဝင္ေသးသည္။

ရင္သပ္ရႈေမာဖြယ္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ကၽြန္းျဖစ္ေသာ္လည္း လူေနထိုင္ရန္အတြက္မူ ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရဦးမည္ ျဖစ္သည္။

ကၽြန္းေပၚတြင္ ၁၇၉၀ ျပည့္လြန္ကာလမ်ားကတည္းက အသံုးျပဳခဲ့ေသာ မီးျပတိုက္ၾကီးတစ္ခုႏွင့္အတူ မီးျပတိုက္အေစာင့္အတြက္ ေနအိမ္လည္း ပါသည္။

ထို႔အျပင္ ၂ ဒသမ ၅ ဧက က်ယ္ဝန္းေသာ ဝန္းခတ္ပန္းဥယ်ာဥ္တစ္ခု၊ ရဟတ္ယာဥ္ကြင္းႏွင့္ ေက်ာက္ဆိပ္ခံတံတားတစ္ခုတို႔ ဖြဲ႔စည္းပါဝင္သည္။

Knight Frank အိမ္ျခံေျမကုမၸဏီမွတဆင့္ အေရာင္းေစ်းကြက္တင္လာေသာ ထိုကၽြန္း၏ မ်က္ႏွာစာတစ္ဖက္မွ တဆင့္ Kintyre ႏွင့္ Ayrshire ကမ္းေျခမ်ားကို ျမင္ေတြ႔ရျပီး အျခားတဖက္မွမူ Ailsa Craig ကမ္းေျခႏွင့္ ေျမာက္အိုင္ယာလန္အထိ ေတြ႔ျမင္ရမည္ ျဖစ္သည္။

Rightmove အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ မၾကာေသးမီက စေကာ့တလန္ရွိ အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါ တိုက္ခန္းကို ေစ်းကြက္တင္ရာတြင္ ေခၚေစ်းမွာ ေပါင္ ၃၇၅၀၀၀ ျဖစ္သည္။ သို႔အတြက္ ကၽြန္း၏ေခၚေစ်းမွာ တိုက္ခန္းေစ်းေအာက္ပင္ နည္းပါးေသာေစ်းႏႈန္း ျဖစ္သည္။

ေျမာက္ပိုင္း မီးျပတိုက္ဘုတ္အဖြဲ႔ (Northern Lighthouse Board) ၏ ေျပာၾကားခ်က္အရ ယခုကၽြန္းကို ၁၉၉၀ ျပည့္ႏွစ္တြင္ အလိုအေလ်ာက္အခ်က္ျပစနစ္အသံုးျပဳခ်ိန္မွစျပီး မီးျပတိုက္ေစာင့္ ေနထိုင္ျခင္းမရွိေတာ့ေၾကာင္း ေျပာသည္။

လက္ရွိအားျဖင့္ ထိုကၽြန္းကို အီဒင္ဘာ့ဂ္ျမိဳ႕ဆီမွသာ အေဝးမွတဆင့္ ကိုင္တြယ္ထားသည္။

ကၽြန္း၏ဝန္းက်င္တြင္ ေရေနတိရ စၦာန္မ်ား စံုလင္စြာရွိရာ လင္းပိုင္မ်ား၊ ဖ်ံမ်ားႏွင့္ ေနပူစာလႈံၾကေသာ ငါးမန္းမ်ားပင္ ရွိသည္။

Knight Frank ၏ ေဖာ္ျပခ်က္အရ ထိုကၽြန္းေပၚတြင္ လြန္ခဲ့ေသာႏွစ္ကာလမ်ားအတြင္း ငွက္မ်ဳိးစိတ္ေပါင္း ၁၀၀ ေက်ာ္ က်က္စားခဲ့ၾကသည္ဟု ဆုိသည္။

(ကၽြန္း၏ အက်ယ္အဝန္းမွာ ၂၈ ဧကနီးပါးရွိသည္)

(ကၽြန္းေပၚရွိ အေဆာက္အအံုမ်ားမွာ ျပန္လည္ျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ရန္ လိုအပ္မည္ျဖစ္ျပီး အသင့္ လူေန၍ မရေသးေခ်)

(ကၽြန္းေပၚရွိ ဝန္းခတ္ ပန္းဥယ်ာဥ္မ်ား)

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire Scottish island for sale for LESS than the price of a Glasgow flat (thesun)

စကော့တလန်ရှိ ၂၈ ဧက အကျယ် ကျွန်းတစ်ခုလုံးကို တိုက်ခန်းဈေးမျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service