ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး - Property News in Myanmar from iMyanmarHouse.com
9 May 2024 12:32 pm တွင် တင်ခဲ့သည်
1097 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
Savills မှ ဖော်ပြသော အစီရင်ခံစာတစ်ရပ်အရ လူနေ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စိုက်ပျိုးမြေတို့ အပါအဝင် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်၏ တန်ကြေးမှာ ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၃၇၉ ဒသမ ၇ ထရီလီယံ ရှိခဲ့သည်။
ကမ္ဘာ့အိမ်ခြံမြေဈေးကွက်သည် အတိုးနှုန်းမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် ၂၀၂၁ နှင့်ယှဉ်လျှင် ကျဆင်းသွားခဲ့သည်။
သို့သော် ၂၀၂၂ ခုနှစ် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်တန်ဖိုးမှာ ကိုဗစ်ကပ်ဘေးကာလမတိုင်မီကထက် ၁၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ ကမ္ဘာ့အိမ်ခြံမြေဈေးကွက်တွင် လူနေအိမ်ရာကဏ္ဍမှာ အမြင့်မားဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၂၈၇ ဒသမ ၆ ထရီလီယံအထိ ရှိခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဈေးကွက်တန်ဖိုးမှာ တကမ္ဘာလုံးအတိုင်းအတာ၏ ၁၃ ရာခိုင်နှုန်း ဖြစ်သည်။
အိမ်ခြံမြေနယ်ပယ်၏ အချမ်းသာဆုံး ဘီလျံနာများ စာရင်းကို ပြုစုရာတွင် Ford မဂ္ဂဇင်းကြီးက ဖော်ပြသော ဘီလျံနာစာရင်းကို အခြေခံထားပြီး ဧပြီလ ၂၇ ရက် အချက်အလက်များ ဖြစ်သည်။
၅။ ပီတာဝူး
- ကြွယ်ဝမှု (၂၀၂၄) ကန်ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံ
ပီတာဝူးသည် အထင်ကရ အိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သော Wheelock & Co ၏ ဥက္ကဌ ဖြစ်သည်။
ကမ္ဘာ့အိမ်ခြံမြေလောက အချမ်းသာဆုံး ဘီလျံနာများ စာရင်းတွင် ပီတာဝူးမှာ နံပါတ် ၅ နေရာတွင် ရပ်တည်နေ သည်။
ဧပြီလ ၂၇ ရက် အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံ ရှိသည်ဟု ခန့်မှန်းထားသည်။
၄။ ဟယ်ရီ ထရီဂဘော့
- ကြွယ်ဝမှု (၂၀၂၄ ကန်ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ)
ဟယ်ရီ ထရီဂဘော့သည် လူနေတိုက်ခန်းတာဝါ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သော Meriton ၏ ပိုင်ရှင် ဖြစ်သည်။
သူ၏ ကုမ္ပဏီသည် သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် အထင်ကရဖြစ်ပြီး လူနေသိပ်သည်းသော အဆောက်အအုံများ အဓိကဆောက်လုပ်သည်။
သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ ရှိပြီး နံပါတ် ၄ နေရာတွင် ရပ်တည်နေသည်။
၃။ ဒေါ်နယ်ဘရန်း
- ကြွယ်ဝမှု(၂၀၂၄ ကန်ဒေါ်လာ ၁၈ ဘီလီယံ)
ဒေါ်နယ်ဘရန်းသည် အမေရိကန်ပြည်ထောင်စုတွင် အကြီးမားဆုံး လုပ်ငန်းရှင်များ၌ တစ်ဦးအပါအဝင် ဖြစ်သည်။
ထိပ်တန်း အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော Irvine Co ကို ပိုင်ဆိုင်ထားသည်။ သူ၏ ကုမ္ပဏီသည် ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် အိမ်ခြံမြေ စတုရန်းပေ ၁၂၉ သန်း ပိုင်ဆိုင်ထားသည်။
လူနေအိမ်ရာပေါင်း ၁၂၅ ခုနှင့် ရုံးခန်းအဆောက်အအုံပေါင်း ၅၉၀ ရှိသည်။
၂။ ကူရှဲလ် ပါလ် ဆင်း
- ကြွယ်ဝမှု ( ၂၀၂၄) ကန်ဒေါ်လာ ၂၀ ဒသမ ၃ ဘီလီယံ
ကူရှဲလ် ပါလ် ဆင်းသည် ကမ္ဘာ့အိမ်ခြံမြေလောက အချမ်းသာဆုံး ဘီလျံနာများစာရင်းတွင် နံပါတ် ၂ နေရာ၌ ရပ်တည်နေသည်။
အိန္ဒိယ၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ DLF ကို ပိုင်ဆိုင်ထားသည်။
ဧပြီလ ၂၇ ရက် အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၀ ဒသမ ၃ ဘီလီယံ ဖြစ်သည်။
၁။ လီကျောက်ချီ
- ကြွယ်ဝမှု (ကန်ဒေါ်လာ ၂၈ ဒသမ ၃ ဘီလီယံ)+
လီကျောက်ချီသည် ကမ္ဘာ့အိမ်ခြံမြေလောက အချမ်းသာဆုံး ဘီလျံနာများ စာရင်းတွင် နံပါတ် ၁ နေရာ၌ ရပ်တည်နေသည်။
ထိပ်တန်းအိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သော Sun Hung Kai Properties limited ကို ပူးတွဲ တည်ထောင်သူ ဖြစ်သည်။
ဧပြီလ ၂၇ ရက် အချက်အလက်များအရ သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၈ ဒသမ ၃ ဘီလီယံရှိသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေအစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 5 Richest Billionaires in Real Estate Industry (insidermonkey)
Photo Credit:  google 
[Zawgyi]
၅။ ပီတာဝူး
၎။ ဟယ်ရီ ထရီဂဘော့
၃။ ဒေါ်နယ်ဘရန်း
၂။ ကူရှဲလ် ပါလ် ဆင်း
၁။ လီကျောက်ချီ
Photo Credit:  google 
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service