“အိမ်ကြီးရှင်တို့ သတိထား”

“အိမ်ကြီးရှင်တို့ သတိထား” - Property Knowledge in Myanmar from iMyanmarHouse.com
3 Aug 2022 11:26 am တွင် တင်ခဲ့သည်
525 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အိမ်ဆိုတာကလည်း တစ်ခါဆောက်ပြီးပြီဆိုတာနဲ့ပြီးတာမှမဟုတ်ဘဲ။ နောက်ကလိုက်ရတဲ့ကိစ္စတွေကလည်း အများသားပါပဲ။

ကောင်းနေသေးပေမယ့် နှစ်ကာလကြာမြင့်တဲ့အခါမှာ ခေတ်နဲ့လျော်ညီမယ့် အနေအထားကို ပြန်လည်ပြင်ဆင် ကြရပြန်ပါတယ်။ယခင် အဆောက်အအုံဆောက်စက ပေါ်နေတဲ့ ခေတ်ပေါ်အသုံးအဆောင်တွေကို သုံးထားခဲ့ပေမယ့် ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အခါမှာတော့ နဂိုသုံးခဲ့တဲ့အသုံးအဆောင်တွေက တဖြည်းဖြည်း ဒိတ်အောက်အိုမင်းလာတာပေါ့။ အစားထိုးစရာ ခေတ်မီအသုံးအဆောင်ပစ္စည်းတွေကလည်း နေ့စဉ်နှင့်အမျှ တရစပ်ပေါ်ပေါက်နေပါတယ်။

အဲဒီအတွက် ငွေကြေးအလျှံအပယ်ဖြစ်နေကြသူတွေက ခေတ်နဲ့အညီ မိမိတို့ပိုင်ဆိုင်တဲ့ အိမ်ရာအဆောက်အအုံတွေကို ပြင်ဆင်မွမ်းမံကြပါတယ်။ အသစ်ပြန်လည်တည်ဆောက်ကြတယ်။ အဟောင်းကိုပြုပြင်ထိန်းသိမ်းကြတယ်။

တစ်ခါတစ်ရံ ငွေကြေးကြွယ်ဝသူတွေရဲ့ အဟောင်းနေရာမှာအစားထိုးလိုက်တဲ့ပစ္စည်းနဲ့ ပြင်ဆင်စရိတ်တွေက လူလတ်တန်းစားတို့ပိုင်ဆိုင်တဲ့ အိမ်တစ်လုံးရဲ့တန်ဖိုးထက် လွန်စွာများနေတာကို တွေ့ရပါတယ်။ အသစ်တည်ဆောက်တာ မဟုတ်သေးဘူး။အဟောင်းကိုပြုပြင်တာပဲရှိသေးတာ။

လူဆိုတာ အသစ်အဆန်းတွေကို မြင်တွေ့ သုံးစွဲလိုတာကြောင့်လည်း ကောင်းနေသေးတဲ့အသုံးအဆောင်တွေကိုဖယ်ရှာပြီး အသစ်တွေအစားထိုးကြပြန်ပါတယ်။

ငွေကြေးကြွယ်ဝသူတွေဟာ အကောင်းဆုံးတွေသုံးကြပေမယ့် ဘိလပ်မြေတွေ၊ကြွေတွေ၊အုတ်တွေအပြင် သစ်သားကိုလည်း သုံးကြသေးသည်။အိမ်အတွင်းမှာ အနုစိတ် အလှတန်ဆာဆင်ရာမှာ သစ်ကပိုပြီးလှပတော့ သစ်ကိုမဖြစ်မနေသုံးကြသည်။ အိမ်ပတ်လည်က အုတ်ရိုးအပြည့်ပေမယ့် သစ်ရှိတော့ ချဆိုတဲ့သတ္တဝါက လာသည်။ဘယ်ကနေဘယ်လို အပေါက်ရှာပြီးလာသည်မသိ။အတွင်းလှိုက်စားလို့ အတော်အခြေအနေဆိုးမှ သိရသည်။

ချဆိုတဲ့ကောင်က အတွင်းလှိုက်စားတဲ့ သတ္တဝါမျိုးမို့ အိမ်ကိုချတတ်နေပြီဆိုတာ သိလိုက်တာနဲ့ အိမ်ဟာအခြေအနေဆိုးနေတဲ့ အခြေအနေကိုရောက်နေပါပြီ။အိမ်ရဲ့နံရံတွေ၊ကြမ်းပြင်တွေကို ဖွင့်ကြည့်လိုက်ရင် ဘယ်လောက်အခြေအနေရောက်နေပြီကို တွေ့ရမှာပါ။

ချဆိုတဲ့ကောင်က တွယ်မှီခိုအောင်းစရာနဲ့ သူတို့အကြိုက်ဖြစ်မယ့်ဟာ ရှိလို့ကတော့ လာထားအာဘွားပေါ့ဗျာ။ အိမ်မှာကလည်း အုတ်၊အင်္ဂတေ၊ကြွေ၊စတီးတွေကြီးသုံးတာမဟုတ် သစ်မျိုးစုံသုံးတတ်ကြသည်။ အလှပတွေနဲ့ လုပ်ထားတဲ့ ကြိတ်သားပရိဘောဂတွေက ကိုရွှေချတို့က ကြိုက်မှကြိုက်ပေါ့။

တိုက်အိမ်ဖြစ်ဖြစ်၊ပျဉ်ထောင်အိမ်ဖြစ်ဖြစ် ချသတ္တဝါကြိုက်တတ်သော အရာတွေကို(ဥပမာ-စက္ကူ)ပေါ့။ အဲဒါတွေအိမ်မှာရှိရင် အချိန်အကြာကြီး မရွှေမပြောင်းဘဲ မထားပါနဲ့။မကြာမကြာ အရွှေ့အပြောင်းလေး လုပ်ပေးရပါလိမ်မယ်။ဒီလို့မှမဟုတ်ရင် ချမ်းသာလို့ရွှေကွပ်ထားဦး ဒီအကောင်ဟာ နှောင့်ယှက်နေဦးမှာပါ။

အိမ်တစ်အိမ် ချတက်ပြီဆိုရင်တော့ နှစ်အကြာကြီးခံတဲ့ ဘယ်လောက်ကောင်းတဲ့ ချဆေးတွေဖျန်းဖျန်း မောင်မင်းကြီးသားတွေက တွယ်မှီခိုအောင်းနေနိုင်ပါတယ်။ဆေးမရောက်နိုင်တဲ့နေရာတွေမှာ ရှင်သန်ပေါက်ဖွား နေပါလိမ့်မယ်။အပြင်မှာဆေးရှိနေရင် အတွင်းကစားပြီးနယ်ချဲ့ပါလိမ့်မယ်။

ကလေးဘဝ ပျဉ်ထောင်အိမ်နဲ့နေခဲ့စဉ်က အိမ်ကိုမည်းညစ်အောင် ရေနံချေးတွေဘာလို့သုတ်တာလဲပေါ့။ အိမ်နံရံလည်းကျောမှီမရ။အဝတ်အစားတွေ စွန်းပေကုန်မှစိုးရနဲ့ပေါ့။ဆောင်းကုန်လို့နွေရောက်ရင် နှစ်တိုင်း ရေနံချေးသုတ်ရသည်။အားအားယားယားမဟုတ်မှန်း နောက်မှသိသည်။ဒီဖြူစုပ်စုပ်အကောင်တွေကြောင်ပေါ့။

အဆောက်အအုံတစ်ခု အပြိုကွဲ မယိုင်လဲရလေအောင် အတွင်းလှိုက်စားမယ့်ကောင်တွေ၊ ဘေးပယောဂ (ရာသီဥတု)တွေကို အမြဲသတိထားပြီး ပြုပြင်ထိန်းသိမ်းလို့နေမယ်ဆိုရင် ကာလရှည်ကြာ မှီခိုနားနေရာလေး ဖြစ်သွားပါလိမ့်မယ်လို့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 


















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service