“တိုက်ခန်းငှားပြီး အဆောင်ဖွင့်ရာဝယ်” - Property Knowledge in Myanmar from iMyanmarHouse.com
2052 Views

“တိုက်ခန်းငှားပြီး အဆောင်ဖွင့်ရာဝယ်”

Knowledge | Posted by Hnin Ei Khin

[Unicode]

 

တိုက်ခန်းငှား  သည့်အခါတွင် တိုက်ပိုင်ရှင်တို့က ဘယ်နှစ်ယောက်နေမှာလည်း၊မိသားစုလား၊ဘာလားညာလား အကုန်မေးတတ်သည်။အစကတော့ ဒီတိုက်ခန်းရှင်က ဘာလဲကွ အမေးအမြန်းတွေ ထူလှပါလားပေါ့။ သူလိုချင်တဲ့ငှားခရ ပြီးရောပေါ့လို့တွေးခဲ့တယ်။

တကယ်တော့ ဒီအမေးက နောက်ပိုင်း အဆောင် ဖွင့်တော့မှ နည်းတောင်နည်းနေသေးတယ်လို့ ပြောရမလို ဖြစ်သည်။ အဆောင်   ဖွင့်တဲ့သူအနေနဲ့ ကိုယ့်အဆောင်လူများရင်ပြီးရော တွက်တတ်ကြသည်။လူများတော့ အမှိုက်များသည်။ပြဿနာများသည်။ညစ်ပတ်သည်။

စည်းကမ်းတွေဘယ်လောက်ထုတ်ထားထား မြင်တစ်မျိုး မမြင်တစ်မျိုးနဲ့ စည်းကမ်းပျက်တဲ့ကောင်တွေကို တွေ့ရသည်။ သောက်စားမူးယစ်ပြီး တိုက်မြင့်လှေကားပေါ်ကနေ သေးပေါက်ချတဲ့ကောင်တွေလည်း ရှိသည်။လမ်းပေါ်ထွက် ရမ်းကားလို့ ရပ်ကွက်ရုံးသွားပြီး ရှင်းပေးရတာလည်းရှိသည်။ကွမ်းစားတဲ့ကောင်တွေက ကွမ်းတံတွေးတွေကို လှေကားထောင့်တိုင်းမှာထွေးသည်။တစ်ခါတစ်ရံ ဝရန်တာပေါ်က ထွေးချတာတွေလည်း ရှိသည်။ လှေကားမှာထိုင်ပြီး ဂီတာတီးပြီး အခြားတိုက်ခန်းက အမျိုးသမီးတွေကို ကြူချင် ကြောင်ချင်ကြတဲ့ ကောင်တွေလည်းပါသည်။

အဆောင် ဆိုတာက မတစ်ထောင်သားတွေနေလို့ ဒီလိုဖြစ်တယ်လို့ပြောပြော လူဆိုသည့် အသိစိတ်ကတော့ ရှိရမည်။မိမိတစ်ဦးတည်းမဟုတ် လူအများနှင့်ဖြစ်ရာ အားလုံးနှင့်သင့်အောင်နေတတ်ဖို့ကြိုးစားကြရသည်။

လူတိုင်းဖုန်းကိုင်နိုင်လာကြရာ ထိုဖုန်းကပင်လူတွေကို အနှောင့်အယှက်ပေးလွန်းသည်။တချို့ကောင်တွေက အိပ်ချိန်လွန်တဲ့အထိ ဖုန်းကိုသုံးတတ်ကြသည်။နားကျပ်တပ်ပြီးသုံးတာမဟုတ်ဘဲ ဒီအတိုင်းသုံးကြရာ အအိပ် အနေဆက်သူတွေကို ဒုက္ခပေးသည်။နားကြပ်တပ်ပြီး အသုံးပြုဖို့စည်းကမ်းထုတ်ရသည်။

အစားအသောက်စားတဲ့အခါမှာလည်း စားပြီး အိုးခွက်ပန်းကန်များကို ချက်ခြင်းမဆေးဘဲ ဘေစင်ပေါ်တွင် ဒီတိုင်းထားတတ်သည်။အိပ်ရာဘေးတွင် စားပြီးသား ပန်းကန်ခွက်ယောက်များကို ဒီတိုင်းထားခြင်းများ ပြုလုပ်တတ်သည်။ ပထမ ဆေးဖို့သတိပေးသည်။နှစ်ခါသုံးခါမှ မရလျှင် ပန်းကန်တွေပါ အမှိုက်တောင်းထဲ ထည့်ပစ်လိုက်သည်။ နောက်တစ်ခါထမင်းစားလျှင် အမှိုက်တောင်းထဲကယူပြီး ဆေးကြော၍သာ စားကြပေတော့။ဒီလိုမျိုးတွေလည်း လုပ်ခဲ့ရသည်။ အမှိုက်တောင်းထဲမှာရှိတဲ့ ပန်းကန်ခွက်ယောက်တွေကို အချိန်မီထုတ်ယူပြီးပြန်မဆေးသေးဘူးဆိုရင် စည်ပင်အမှိုက်ပုံးထဲ အပြီးပို့ပစ်လိုက်သည်။

စားပြီးသားတောင် မဆေးချင်တဲ့ကောင်တွေ ဘေစင်နဲ့ ထမင်းအိုးတည်တဲ့စင်တွေဆိုတာ ကိုင်ချင်စရာမရှိလောက်အောင်ကို ညစ်ပတ်နေတော့တာပါပဲ။

တစ်ချို့ကောင်တွေက သောက်ပျင်းတွေလို့ပြောရမည်။ဝတ်ပြီးသား အင်္ကျီတွေကို တော်တော်နှင့် မလျှော်ဖွပ်ဘဲ ထားသည်။လုပ်ပေးထားသည့် ရှိသမျှ အဝတ်တန်းတို့တွင် အပြည့်ချိတ်ထားသည်။ဒါတင်မကသေး အဝတ်တန်းပြည့်တော့ အိပ်ရာဘေးပုံထားသည်။

အဆိုးဆုံးကတော့ အိပ်ရာခင်းနှင့်ခေါင်ဦးစွပ်တို့ပဲဖြစ်သည်။ခေါင်းဦးမှာစွပ်ထားလို့သာ ခေါင်းဦးစွပ်လို့ ခေါ်ရသည်။ အစီး(စေး)ပေါက်ပြီး လက်နှီးစုပ်ကတောင် ဆလမ်ပေးရမည်။အဲဒီလိုကောင်တွေက အဆောင်မှာ မတွေ့ချင်မှအဆုံးပါဘဲ။

တချို့က ခြေနင်းလက်နင်းကြမ်းတမ်းကြသည်။အိပ်နေသူရှိလျှင် ခြေဖော့သွားကြရမည်ဆိုတဲ့ အသိတောင် မရှိကြပါဘူး။ဖိနပ်ချွတ်တာကအစ ကြမ်းတမ်းသည်။အထုတ်အပိုးတွေ ပစ်ချတတ်သည်။

ပြောရရင် လူလိုနားမလည်သူတွေကများသည်။အဆောင်ခပေးထားတာပဲ ငါနေချင်သလိုနေမည်ဆိုတဲ့ အပေါက်မျိုး ချိုးတတ်သည်။ဒီလိုကောင်မျိုးတွေကိုတော့ မနေနဲ့တော့ဟုပင်ပြောခဲ့ရသည်။

သဘာဝတရားအရ ချို့ယွင်ချက်မျိုးကိုတော့အားလုံးသီးခံရသည်။ဒါကတော့ ဟောက်ခြင်းပါပဲ။တချို့က အိပ်နေမှန်းမသိရလောက်အောင်ပင် အိပ်တတ်သည်။တချို့များကြတော့ အဆောင်တုန်လောက်အောင် ဟောက်ခြင်းပါပဲ။ထပ်ခိုးတွင်နေများထဲမှ တစ်ယောက်က ဝသည်။ဆရာခေါ်လောက်အောင် ဟောက်သည်။ အလယ်ခန်းက လူများသည်။ဟောက်တဲ့သူကတစ်ယောက်၊အပြင်ခန်းကနှစ်ယောက်လုံးက ဟောက်သည်။ သူတို့အကုန်လုံး အိပ်ကြပြီဆိုလျှင် တိုက်ခန်းဟာ သိမ့်သိမ့်တုန်နေတော့သည်။ပထမတော့ အကျင့်မရ။ နောက်တော့အသားကျသွားသည်။

အဆိုးဆုံးသောသူတွေက အဆောင်ခကို ရက်ရွေ့တတ်သည့်သူများဖြစ်သည်။ကိုယ်ကတော့ ဒီကောင်တွေ အခက်အခဲရှိလို့ ဖြစ်မှာပါလေဆိုပြီး ထားလိုက်တာ၊မောင်မင်းကြီးသားများ ဘီယာသောက်ဖို့တော့ ပိုက်ဆံရှိကြသည်။

ပိုပြီးအဆိုးဆုံးက အလုပ်ရှာနေလို့၊အလုပ်မရသေးလို့ နောက်ကျမှ လခပေါင်းယူပါပြောပြီး ၃-၄ လနေသွားပြီး အဆောင်ကနေ လစ်ပြေးသွားတဲ့သူတွေပါပဲ။လုံးဝအလုပ်ရှာမရလို့ ပြန်တော့မယ်ဆိုလည်း ပြောပြီးပြန်လို့ ရပါသည်။မရှိတဲ့သူကို ဇွတ်အတင်းကြီး ဘယ်သူမှမတောင်းပါဘူး။မပေးနိုင်တဲ့သူကို အတင်းတောင်းလို့ရော ဘာများရနိုင်မှာလည်း လူလိုသိတတ်စွာ အသိလေးပေးရကြဖို့တော့ ကောင်းပါသည်။

အလွန့်အလွန်အဆိုးဆုံးကတော့ ကိုယ်ကျင့်တရား ပျက်ယွင်းလွန်းချင်းပါဘဲ။ခိုးသည့်၊တိုသည့်၊ ဝှက်တတ်သည့် သူပါပဲ။ အဆောင်နေသူတွေဟာ လူချမ်းသာတွေမဟုတ်ပါဘူး။တစ်လလုံးလုပ်ကိုင်လို့ ရလာတဲ့ငွေလေးတွေကို ချွေတာစုဆောင်းပြီး စားကြရတာပါ။ပိုလျှံတဲ့သူဆိုတာနဲပါတယ်။ဒီလိုဖြစ်နေကြသူ အချင်းချင်းထဲမှာ အဲလိုကောင်တွေပါလာပြီး ဟိုလူ့ပိုက်ဆံခိုးလိုက်၊ဒီကောင့်ပိုက်ဆံခိုးလိုက်နဲ့ အဆောင်မှာအဆိုးဆုံးပါပဲ။

အဆောင်ဖွင့်ခဲ့တဲ့ကျွန်တော် ကိုဗစ်လှိိုင်းကြောင့် အဆောင်နေသူများ ထပ်မရဘဲ၊ ရှိသည့်သူများပင် ပြန်ကုန်ကြရာ ထညက်ခဲ(ထန်းလျက်ခဲ)ခွေးလျက်သလို အရင်းအနှီးတို့ လုံးပါးပါးခဲ့ရပြီး အမြတ်အစွန်းသိပ်မရဘဲ ပြဿနာပေါင်းစုံကြုံခဲ့ရပါကြောင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“တိုက္ခန္းငွားၿပီး အေဆာင္ဖြင့္ရာဝယ္”

 

တိုက္ခန္းငွား  သည့္အခါတြင္ တိုက္ပိုင္ရွင္တို႔က ဘယ္ႏွစ္ေယာက္ေနမွာလည္း၊မိသားစုလား၊ဘာလားညာလား အကုန္ေမးတတ္သည္။အစကေတာ့ ဒီတိုက္ခန္းရွင္က ဘာလဲကြ အေမးအျမန္းေတြ ထူလွပါလားေပါ့။ သူလိုခ်င္တဲ့ငွားခရ ၿပီးေရာေပါ့လို႔ေတြးခဲ့တယ္။

တကယ္ေတာ့ ဒီအေမးက ေနာက္ပိုင္း အေဆာင္ ဖြင့္ေတာ့မွ နည္းေတာင္နည္းေနေသးတယ္လို႔ ေျပာရမလို ျဖစ္သည္။ အေဆာင္  ဖြင့္တဲ့သူအေနနဲ႔ ကိုယ့္အေဆာင္လူမ်ားရင္ၿပီးေရာ တြက္တတ္ၾကသည္။လူမ်ားေတာ့ အမႈိက္မ်ားသည္။ျပႆနာမ်ားသည္။ညစ္ပတ္သည္။

စည္းကမ္းေတြဘယ္ေလာက္ထုတ္ထားထား ျမင္တစ္မ်ိဳး မျမင္တစ္မ်ိဳးနဲ႔ စည္းကမ္းပ်က္တဲ့ေကာင္ေတြကို ေတြ႔ရသည္။ ေသာက္စားမူးယစ္ၿပီး တိုက္ျမင့္ေလွကားေပၚကေန ေသးေပါက္ခ်တဲ့ေကာင္ေတြလည္း ရွိသည္။လမ္းေပၚထြက္ ရမ္းကားလို႔ ရပ္ကြက္ရုံးသြားၿပီး ရွင္းေပးရတာလည္းရွိသည္။ကြမ္းစားတဲ့ေကာင္ေတြက ကြမ္းတံေတြးေတြကို ေလွကားေထာင့္တိုင္းမွာေထြးသည္။တစ္ခါတစ္ရံ ဝရန္တာေပၚက ေထြးခ်တာေတြလည္း ရွိသည္။ ေလွကားမွာထိုင္ၿပီး ဂီတာတီးၿပီး အျခားတိုက္ခန္းက အမ်ိဳးသမီးေတြကို ၾကဴခ်င္ ေၾကာင္ခ်င္ၾကတဲ့ ေကာင္ေတြလည္းပါသည္။

အေဆာင္ ဆိုတာက မတစ္ေထာင္သားေတြေနလို႔ ဒီလိုျဖစ္တယ္လို႔ေျပာေျပာ လူဆိုသည့္ အသိစိတ္ကေတာ့ ရွိရမည္။မိမိတစ္ဦးတည္းမဟုတ္ လူအမ်ားႏွင့္ျဖစ္ရာ အားလုံးႏွင့္သင့္ေအာင္ေနတတ္ဖို႔ႀကိဳးစားၾကရသည္။

လူတိုင္းဖုန္းကိုင္ႏိုင္လာၾကရာ ထိုဖုန္းကပင္လူေတြကို အေႏွာင့္အယွက္ေပးလြန္းသည္။တခ်ိဳ႔ေကာင္ေတြက အိပ္ခ်ိန္လြန္တဲ့အထိ ဖုန္းကိုသုံးတတ္ၾကသည္။နားက်ပ္တပ္ၿပီးသုံးတာမဟုတ္ဘဲ ဒီအတိုင္းသုံးၾကရာ အအိပ္ အေနဆက္သူေတြကို ဒုကၡေပးသည္။နားၾကပ္တပ္ၿပီး အသုံးျပဳဖို႔စည္းကမ္းထုတ္ရသည္။

အစားအေသာက္စားတဲ့အခါမွာလည္း စားၿပီး အိုးခြက္ပန္းကန္မ်ားကို ခ်က္ျခင္းမေဆးဘဲ ေဘစင္ေပၚတြင္ ဒီတိုင္းထားတတ္သည္။အိပ္ရာေဘးတြင္ စားၿပီးသား ပန္းကန္ခြက္ေယာက္မ်ားကို ဒီတိုင္းထားျခင္းမ်ား ျပဳလုပ္တတ္သည္။ ပထမ ေဆးဖို႔သတိေပးသည္။ႏွစ္ခါသုံးခါမွ မရလွ်င္ ပန္းကန္ေတြပါ အမႈိက္ေတာင္းထဲ ထည့္ပစ္လိုက္သည္။ ေနာက္တစ္ခါထမင္းစားလွ်င္ အမိႈက္ေတာင္းထဲကယူၿပီး ေဆးေၾကာ၍သာ စားၾကေပေတာ့။ဒီလိုမ်ိဳးေတြလည္း လုပ္ခဲ့ရသည္။ အမႈိက္ေတာင္းထဲမွာရွိတဲ့ ပန္းကန္ခြက္ေယာက္ေတြကို အခ်ိန္မီထုတ္ယူၿပီးျပန္မေဆးေသးဘူးဆိုရင္ စည္ပင္အမႈိက္ပုံးထဲ အၿပီးပို႔ပစ္လိုက္သည္။

စားၿပီးသားေတာင္ မေဆးခ်င္တဲ့ေကာင္ေတြ ေဘစင္နဲ႔ ထမင္းအိုးတည္တဲ့စင္ေတြဆိုတာ ကိုင္ခ်င္စရာမရွိေလာက္ေအာင္ကို ညစ္ပတ္ေနေတာ့တာပါပဲ။

တစ္ခ်ိဳ႕ေကာင္ေတြက ေသာက္ပ်င္းေတြလို႔ေျပာရမည္။ဝတ္ၿပီးသား အက်ၤီေတြကို ေတာ္ေတာ္ႏွင့္ မေလွ်ာ္ဖြပ္ဘဲ ထားသည္။လုပ္ေပးထားသည့္ ရွိသမွ် အဝတ္တန္းတို႔တြင္ အျပည့္ခ်ိတ္ထားသည္။ဒါတင္မကေသး အဝတ္တန္းျပည့္ေတာ့ အိပ္ရာေဘးပုံထားသည္။

အဆိုးဆုံးကေတာ့ အိပ္ရာခင္းႏွင့္ေခါင္ဦးစြပ္တို႔ပဲျဖစ္သည္။ေခါင္းဦးမွာစြပ္ထားလို႔သာ ေခါင္းဦးစြပ္လို႔ ေခၚရသည္။ အစီး(ေစး)ေပါက္ၿပီး လက္ႏွီးစုပ္ကေတာင္ ဆလမ္ေပးရမည္။အဲဒီလိုေကာင္ေတြက အေဆာင္မွာ မေတြ႔ခ်င္မွအဆုံးပါဘဲ။

တခ်ဳိ႕က ေျခနင္းလက္နင္းၾကမ္းတမ္းၾကသည္။အိပ္ေနသူရွိလွ်င္ ေျခေဖာ့သြားၾကရမည္ဆိုတဲ့ အသိေတာင္ မရွိၾကပါဘူး။ဖိနပ္ခၽြတ္တာကအစ ၾကမ္းတမ္းသည္။အထုတ္အပိုးေတြ ပစ္ခ်တတ္သည္။

ေျပာရရင္ လူလိုနားမလည္သူေတြကမ်ားသည္။အေဆာင္ခေပးထားတာပဲ ငါေနခ်င္သလိုေနမည္ဆိုတဲ့ အေပါက္မ်ိဳး ခ်ိဳးတတ္သည္။ဒီလိုေကာင္မ်ိဳးေတြကိုေတာ့ မေနနဲ႕ေတာ့ဟုပင္ေျပာခဲ့ရသည္။

သဘာဝတရားအရ ခ်ိဳ႕ယြင္ခ်က္မ်ိဳးကိုေတာ့အားလုံးသီးခံရသည္။ဒါကေတာ့ ေဟာက္ျခင္းပါပဲ။တခ်ိိဳ႔က အိပ္ေနမွန္းမသိရေလာက္ေအာင္ပင္ အိပ္တတ္သည္။တခ်ိဳ႕မ်ားၾကေတာ့ အေဆာင္တုန္ေလာက္ေအာင္ ေဟာက္ျခင္းပါပဲ။ထပ္ခိုးတြင္ေနမ်ားထဲမွ တစ္ေယာက္က ဝသည္။ဆရာေခၚေလာက္ေအာင္ ေဟာက္သည္။ အလယ္ခန္းက လူမ်ားသည္။ေဟာက္တဲ့သူကတစ္ေယာက္၊အျပင္ခန္းကႏွစ္ေယာက္လုံးက ေဟာက္သည္။ သူတို႔အကုန္လုံး အိပ္ၾကၿပီဆိုလွ်င္ တိုက္ခန္းဟာ သိမ့္သိမ့္တုန္ေနေတာ့သည္။ပထမေတာ့ အက်င့္မရ။ ေနာက္ေတာ့အသားက်သြားသည္။

အဆိုးဆုံးေသာသူေတြက အေဆာင္ခကို ရက္ေရြ႕တတ္သည့္သူမ်ားျဖစ္သည္။ကိုယ္ကေတာ့ ဒီေကာင္ေတြ အခက္အခဲရွိလို႔ ျဖစ္မွာပါေလဆိုၿပီး ထားလိုက္တာ၊ေမာင္မင္းႀကီးသားမ်ား ဘီယာေသာက္ဖို႔ေတာ့ ပိုက္ဆံရွိၾကသည္။

ပိုၿပီးအဆိုးဆုံးက အလုပ္ရွာေနလို႔၊အလုပ္မရေသးလို႔ ေနာက္က်မွ လခေပါင္းယူပါေျပာၿပီး ၃-၄ လေနသြားၿပီး အေဆာင္ကေန လစ္ေျပးသြားတဲ့သူေတြပါပဲ။လုံးဝအလုပ္ရွာမရလို႔ ျပန္ေတာ့မယ္ဆိုလည္း ေျပာၿပီးျပန္လို႔ ရပါသည္။မရွိတဲ့သူကို ဇြတ္အတင္းႀကီး ဘယ္သူမွမေတာင္းပါဘူး။မေပးႏိုင္တဲ့သူကို အတင္းေတာင္းလို႔ေရာ ဘာမ်ားရႏိုင္မွာလည္း လူလိုသိတတ္စြာ အသိေလးေပးရၾကဖို႔ေတာ့ ေကာင္းပါသည္။

အလြန္႔အလြန္အဆိုးဆုံးကေတာ့ ကိုယ္က်င့္တရား ပ်က္ယြင္းလြန္းခ်င္းပါဘဲ။ခိုးသည့္၊တိုသည့္၊ ဝွက္တတ္သည့္ သူပါပဲ။ အေဆာင္ေနသူေတြဟာ လူခ်မ္းသာေတြမဟုတ္ပါဘူး။တစ္လလုံးလုပ္ကိုင္လို႔ ရလာတဲ့ေငြေလးေတြကို ေခၽြတာစုေဆာင္းၿပီး စားၾကရတာပါ။ပိုလွ်ံတဲ့သူဆိုတာနဲပါတယ္။ဒီလိုျဖစ္ေနၾကသူ အခ်င္းခ်င္းထဲမွာ အဲလိုေကာင္ေတြပါလာၿပီး ဟိုလူ႔ပိုက္ဆံခိုးလိုက္၊ဒီေကာင့္ပိုက္ဆံခိုးလိုက္နဲ႔ အေဆာင္မွာအဆိုးဆုံးပါပဲ။

အေဆာင္ဖြင့္ခဲ့တဲ့ကၽြန္ေတာ္ ကိုဗစ္လိႈိင္းေၾကာင့္ အေဆာင္ေနသူမ်ား ထပ္မရဘဲ၊ ရွိသည့္သူမ်ားပင္ ျပန္ကုန္ၾကရာ ထညက္ခဲ(ထန္းလ်က္ခဲ)ေခြးလ်က္သလို အရင္းအႏွီးတို႔ လုံးပါးပါးခဲ့ရၿပီး အျမတ္အစြန္းသိပ္မရဘဲ ျပႆနာေပါင္းစုံႀကဳံခဲ့ရပါေၾကာင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
အဒေါ့ဖ် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘဲလ်နေထိုင်ခဲ့သော ဘာလင်မှ စံအိမ်ကို ပိုင်ဆိုင်လိုသူ မည်သူကိုမဆို ဂျာမနီအစိုးရက
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
၂၀၂၄ ခုနှစ်မှာ ဝင်ငွေတိုးပွားစေဖို့ မဖြစ်မနေစိုက်ပျိုးသင့်တဲ့ အိမ်တွင်းဖုန်းရွှေအလှပင်များ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service