ဗီတာမင် ၁၀ ဆ ပိုပြီး ကျန်းမာရေးအကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ..

ဗီတာမင် ၁၀ ဆ ပိုပြီး ကျန်းမာရေးအကျိုးများတဲ့ ဂေါ်ဖီထုပ်အနီ.. - Property Knowledge in Myanmar from iMyanmarHouse.com
29 Jul 2022 12:44 pm တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

“ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မက်ဂနီဆီယမ်၊ ဇင့် နဲ့ အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါဝင်တဲ့ ဂေါ်ဖီထုပ်အနီ ”

“ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေတဲ့ တောင်ဥရောပမူရင်း ဂေါ်ဖီထုပ်အနီ ”

“ သူက စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အို (မျိုးဗီဇပြောင်းထားတဲ့အစားအစာ) လည်း မဟုတ်ပါဘူး”

ဆိုတော့ ဒီဂေါ်ဖီထုပ်အနီကို ဘယ်လိုစိုက်သလဲ..? အရောင်မပြောင်း..အာနိသင်တွေ မပြောင်းဖို့ ဘယ်လို လှီးဖြတ် ချက်ပြုတ်ကြမလဲ..?

တကယ်က ခရမ်းရင့်ရောင်ရှိပေမယ့် လူအများစုကတော့ သူ့ကို ဂေါ်ဖီထုပ်အနီလို့ပဲ ခေါ်ကြပါတယ်။

Savoy Cabbage ၊ Asian Cabbage ၊ Ornamental Cabbage ၊ Ruby Cabbage ဆိုပြီး ဂေါ်ဖီထုပ်အမျိုးမျိုးရှိတဲ့အထဲမှာ ဂေါ်ဖီထုပ်အနီက Ruby Cabbage ထဲမှာပါဝင်တာပါ။

သူက အရောင်ပြောင်းလွယ်တယ်..။ စိုက်ချိန်ကတည်းက မြေချဉ်ငံဓာတ်ပေါ်မူတည်ပြီး အနီရောင်၊ ခရမ်းရောင်ကနေ စိမ်းဝါရောင်ထိ ပြောင်းတတ်တယ်လို့ဆိုပါတယ်..။ အလှီးအဖြတ်၊ အချက်အပြုတ် မတတ်ရင်လည်း အရောင်ပြောင်းပြန်ကောတဲ့..။ ရှာလကာရည်လို အက်ဆစ်ဓာတ်ပါတဲ့ အရာတစ်ခုနဲ့ ရောချက်ပြုတ်တဲ့အခါ မီးခိုးပြာရောင်ကို ပြောင်းသွားတတ်တယ်။ လှီးဖြတ်မယ်ဆိုရင်လည်း အစွန်းအထင်းမရှိ ထက်တဲ့ စတီးဓားနဲ့ပဲ အမြဲလှီးဖြတ်သင့်ပါတယ်။ အဲ့လိုမှပဲ အရောင်မပြောင်းလဲနိုင်မှာပါတဲ့..။

မူရင်းဒေသက တောင်ဥရောပဖြစ်ပြီး တရုတ်နိုင်ငံမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ စီးတီးမတ်တွေမှာ အများဆုံးတွေ့ရလေ့ရှိပြီး စပ်မျိုးလည်းမဟုတ်သလို ဂျီအမ်အိုလည်းမဟုတ်ပါဘူး။ ပုံမှန်တွေ့နေကြတဲ့ အစိမ်းရောင်ဂေါ်ဖီထုပ်နဲ့ယှဉ်ရင် ဗီတာမင် ၁၀ ဆ ပိုမိုပါဝင်ပြီး ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့် နဲ့အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါလို့ အစာခြေစနစ်အတွက် ကောင်းမွန်ပါတယ်။ ကင်ဆာ ရောဂါကို တိုက်ဖျက်ပေးနိုင်တယ်လို့ဆိုကြတဲ့အပြင် မျက်လုံး၊ သွား၊ အရိုးနဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာထဲမှာလည်းပါဝင်နေပါတယ်။

ဒါပေမဲ့ အလွန်အကျွံကြီးတော့ မစားနဲ့ပေါ့..။ တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အများကြီးစားမယ် ဆိုရင်တော့ လေပွတာ၊ ဝမ်းဖောဝမ်းရောင်ဖြစ်နိုင်တာအပြင် လည်ပင်းအကြိတ်ရောဂါပါ ဖြစ်စေနိုင်ပါတယ်။

ကဲ အဲ့ဒီလို ကျန်းမာရေးအတွက် အရမ်းအကျိုးများတဲ့ ဂေါ်ဖီထုပ်နီကို စားကြည့်ကြရအောင်..။ ဘယ်လိုစားလို့ရလဲဆိုတော့ သုပ်စား၊ ကြော်စားတာအပြင် ဖျော်ရည်အဖြစ်ပါ လုပ်သောက်နိုင်ပါတယ်လို့ ဆိုပါကြောင်း..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: greenwaymyanmar

 

[Zawgyi]


 















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service