“ ကိုယ့်အိမ်ကိုယ့်ယာမှာသာ နားခိုချင်တာပါ ”

“ ကိုယ့်အိမ်ကိုယ့်ယာမှာသာ နားခိုချင်တာပါ ” - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2022 10:49 am တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ဘဝမှာမတွေးဘဲနေရင်တော့ အပူကထင်သလောက်မရှိဘူးထင်ရတယ်။ဒါပေမဲ့ အပူကင်းသလားဆိုတော့ ရှိသူရော၊မရှိသူရော၊ ကျန်းမာသူရော၊မကျန်းမာသူရော၊ပြည့်စုံသူရော မပြည့်စုံသူရော အပူတွေနဲ့ပါပဲ။

တောမြို့တစ်ခုကနေ ရန်ကုန်ကိုရောက်ရမယ်ဆိုတော့ ရန်ကုန်မြို့ကြီးဟာ တောမှာလို သစ်ပင်သစ်ရိပ်တွေနဲ့ နားခိုစရာ ပေါပါ့မလားလို့ စိတ်ကကြိုပြီးတွေးပူခဲ့ရတာပေါ့။

ရန်ကုန်ရောက်တော့ မြင်ကွင်းတွေက ကိုယ်ထင်ထားတာတွေနဲ့ တခြားစီပါပဲ။ ပလက်ဖောင်းဘေး တစ်လျှောက်မှာ စိုက်ထားသည့် အပင်တွေက ဖောခြင်းသောခြင်းပါပဲ။အမောပြေ အရိပ်ခိုချင်လို့ပဲဖြစ်ဖြစ် နားခိုစရာနေရာတွေက အပြည့်ပါပဲလား။ကိုယ့်ရဲ့တောမြို့ကလေးမှာတောင် ဒီလို သစ်ပင်သစ်ရိပ် အရိပ်အာဝသဆိုတာရှားလှပါတယ်။

တချို့များ ကားမှတ်တိုင်ဟာ ကိုယ့်အိမ်ရာအလား နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေကြသူတွေကိုလည်း တွေ့ခဲ့ရတယ်။ပန်းခြံတွေရဲ့မြက်ခင်းပြင်တွေပေါ်မှာရော ခုံတန်းလျားတွေပေါ်မှာရော၊သစ်ပင်အခြေက အုတ်ခုံတွေပေါ်မှာရော နားခိုနေကြသူတွေကို တွေ့ခဲ့ရပါတယ်။

ရန်ကုန်ရောက်စက ရန်ကုန်မြို့ကြီးဟာ နားခိုချင်စရာတွေ အပြည့်နဲ့ပါလားလို့ အစကတော့ခံစားမိခဲ့တယ်။

ဒါပေမဲ့ ရန်ကုန်မှာအနေကြာတော့မှ ရန်ကုန်ကလူတွေရဲ့အပူဟာ တိုက်တာအဆောက်အအုံတွေထဲမှာ နေရပေမယ့် ပူလောင်ခြင်းတစ်မျိုးကို ခံစားနေရသလိုပါပဲ။ရှိပူ ခေါ်ရမလား။ရှာပူခေါ်ရမလားပါပဲ။ရှိနေရင်းနဲ့ ပိုပြီးရှိအောင် အပြင်းအထန်ရှာဖွေနေရခြင်းဆိုတဲ့ ပူလောင်ခြင်းကတစ်ခု။နေထိုင်နားခိုရာလေး ပုံမှန်အဆင်ပြေဖို့ ရှာဖွေပူလောင်ရခြင်းကလည်း တစ်မျိုး၊မရှိသေးတာကို ရှိအောင်ရှာရင်း မပိုင်ဆိုင်နိုင်ဘဲ ဘဝနိဂုံးချုပ်ခဲ့ကြသူတွေလည်းတစ်ဖုံ အမျိုးစုံတွေ့ရပါတယ်။

နားခိုနိုင်ဖို့အတွက် ရှာဖွေခဲ့ကြပါတယ်။ရှာဖွေနိုင်မှုစွမ်းရည်ကြောင့် နားခိုဖို့နေရာတွေကို အများအပြား ပိုင်ဆိုင်နိုင်ကြသူတွေလည်း အများအပြားပါပဲ။ တချို့လည်း နားခိုဖို့ကို တစ်ဦးတစ်ယောက်ထဲ ရှာဖွေခဲ့ကြရသလို၊ကြင်ဖော်မောင်နှံ အတူယှဉ်တွဲပြီး ရှာဖွေခဲ့ကြရပါတယ်။ပျော်စရာ၊နားခိုချင်စရာ သိုက်မြုံလေးကို တည်ဆောက်ခဲ့ကြတာပေါ့။

ဒါပေမဲ့ ဘဝမှာ မရှိခင်က ခြိုးခြံချွေတာပြီး အတူရုန်းကန် ရှာဖွေနိုင်ခဲ့ကြပြီးကာမှ ကိုယ့်နားခိုရာ အသိုက်အမြုံကို ကိုယ်တိုင်ဖျက်ဆီးသူတွေကိုလည်း တွေ့ခဲ့ရတာပေါ့။

အောင်မြင်အောင်ရှာဖွေလာပြီး နားခိုစရာတွေပိုင်ဆိုင်လာခဲ့ပြီးကာမှ အပျော်ဆိုတဲ့ ယာယီနားခိုစရာတွေကို ထပ်ပြီး ရှာဖွေမိတတ်ကြတယ်။မိသားစုလေးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်ဖွယ်ကောင်းနေကြပါလျက် တခဏတာ အပျော်လေးတွေကြောင့် အမှန်တကယ် ကိုယ့်အိမ်ကိုယ့်ရာ နေနားပျော်ရွှင်ဖွယ်ရာလေးဟာ တဖြည်းဖြည်း ဆိတ်သုဉ်းပျောက်ကွယ်သွားတာတွေကိုလည်းတွေ့ရပါတယ်။နားခိုစရာတွေ ပေါလှလို့ နေရာတိုင်ဝင်နားဖို့တော့ မလုပ်ကြပါနဲ့။

နားခိုစရာတွေ ပေါလှပါသော်လည်း မိမိအတွက်မှာတော့ နားခိုစရာ မပိုင်ဆိုင်သေးပါ၊ပိုင်ဆိုင်ခွင့် မရှိသေးပါ။ ပိုင်ဆိုင်ခွင့် မရှိသေးလို့ ပိုင်ဆိုင်နိုင်အောင်ကြိုးစားနေပါတယ်။တရားသဖြင့်သာ နားခိုရာကို တည်ဆောက် ပိုင်ဆိုင်ချင်ပါတယ်။

ဟိုမှာလည်းနား၊ဒီမှာလည်းနား၊သူများအိမ်ရာတွေကိုပါ တပ်မက်ပြီး အသိစိတ်တွေ လွတ်သွားလောက် အောင်တော့ ကျွန်တော်မနားခိုလိုပေ။မပိုင်ဆိုင်လိုပေ။

ဆိုးတူကောင်းဘက် ယုယချစ်ခင်မှုမဆိတ်သုဉ်းသော“ကိုယ့်အိမ်ကိုယ့်ရာမှာသာ နားခိုချင်တာပါ”။ နားခွင့်ရချင်တာပါ။

အားလုံးလည်း မေတ္တာတို့လွှမ်းခြုံထားသော နားခိုဖွယ်ရာအိမ်ဂေဟာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထက် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“ ကိုယ့္အိမ္ကိုယ့္ယာမွာသာ နားခိုခ်င္တာပါ ”

 

ဘဝမွာမေတြးဘဲေနရင္ေတာ့ အပူကထင္သေလာက္မရွိဘူးထင္ရတယ္။ဒါေပမဲ့ အပူကင္းသလားဆိုေတာ့ ရွိသူေရာ၊မရွိသူေရာ၊ က်န္းမာသူေရာ၊မက်န္းမာသူေရာ၊ျပည့္စုံသူေရာ မျပည့္စုံသူေရာ အပူေတြနဲ႔ပါပဲ။

ေတာၿမိဳ့တစ္ခုကေန ရန္ကုန္ကိုေရာက္ရမယ္ဆိုေတာ့ ရန္ကုန္ၿမိဳ့ႀကီးဟာ ေတာမွာလို သစ္ပင္သစ္ရိပ္ေတြနဲ႔ နားခိုစရာ ေပါပါ့မလားလို႔ စိတ္ကႀကိဳၿပီးေတြးပူခဲ့ရတာေပါ့။

ရန္ကုန္ေရာက္ေတာ့ ျမင္ကြင္းေတြက ကိုယ္ထင္ထားတာေတြနဲ႔ တျခားစီပါပဲ။ ပလက္ေဖာင္းေဘး တစ္ေလွ်ာက္မွာ စိုက္ထားသည့္ အပင္ေတြက ေဖာျခင္းေသာျခင္းပါပဲ။အေမာေျပ အရိပ္ခိုခ်င္လို႔ပဲျဖစ္ျဖစ္ နားခိုစရာေနရာေတြက အျပည့္ပါပဲလား။ကိုယ့္ရဲ႕ေတာၿမိဳ႕ကေလးမွာေတာင္ ဒီလို သစ္ပင္သစ္ရိပ္ အရိပ္အာဝသဆိုတာရွားလွပါတယ္။

တခ်ိဳ႕မ်ား ကားမွတ္တိုင္ဟာ ကိုယ့္အိမ္ရာအလား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနၾကသူေတြကိုလည္း ေတြ႔ခဲ့ရတယ္။ပန္းျခံေတြရဲ႕ျမက္ခင္းျပင္ေတြေပၚမွာေရာ ခုံတန္းလ်ားေတြေပၚမွာေရာ၊သစ္ပင္အေျခက အုတ္ခုံေတြေပၚမွာေရာ နားခိုေနၾကသူေတြကို ေတြ႔ခဲ့ရပါတယ္။

ရန္ကုန္ေရာက္စက ရန္ကုန္ၿမိဳ႕ႀကီးဟာ နားခိုခ်င္စရာေတြ အျပည့္နဲ႔ပါလားလို႔ အစကေတာ့ခံစားမိခဲ့တယ္။

ဒါေပမဲ႔ ရန္ကုန္မွာအေနၾကာေတာ့မွ ရန္ကုန္ကလူေတြရဲ႕အပူဟာ တိုက္တာအေဆာက္အအုံေတြထဲမွာ ေနရေပမယ့္ ပူေလာင္ျခင္းတစ္မ်ိဳးကို ခံစားေနရသလိုပါပဲ။ရွိပူ ေခၚရမလား။ရွာပူေခၚရမလားပါပဲ။ရွိေနရင္းနဲ႔ ပိုၿပီးရွိေအာင္ အျပင္းအထန္ရွာေဖြေနရျခင္းဆိုတဲ့ ပူေလာင္ျခင္းကတစ္ခု။ေနထိုင္နားခိုရာေလး ပုံမွန္အဆင္ေျပဖို႔ ရွာေဖြပူေလာင္ရျခင္းကလည္း တစ္မ်ိဳး၊မရွိေသးတာကို ရွိေအာင္ရွာရင္း မပိုင္ဆိုင္ႏိုင္ဘဲ ဘဝနိဂုံးခ်ဳပ္ခဲ့ၾကသူေတြလည္းတစ္ဖုံ အမ်ိဳးစုံေတြ႔ရပါတယ္။

နားခိုႏိုင္ဖို႔အတြက္ ရွာေဖြခဲ့ၾကပါတယ္။ရွာေဖြႏိုင္မႈစြမ္းရည္ေၾကာင့္ နားခိုဖို႔ေနရာေတြကို အမ်ားအျပား ပိုင္ဆိုင္ႏိုင္ၾကသူေတြလည္း အမ်ားအျပားပါပဲ။ တခ်ိဳ႕လည္း နားခိုဖို႔ကို တစ္ဦးတစ္ေယာက္ထဲ ရွာေဖြခဲ့ၾကရသလို၊ၾကင္ေဖာ္ေမာင္ႏွံ အတူယွဥ္တြဲၿပီး ရွာေဖြခဲ့ၾကရပါတယ္။ေပ်ာ္စရာ၊နားခိုခ်င္စရာ သိုက္ၿမဳံေလးကို တည္ေဆာက္ခဲ့ၾကတာေပါ့။

ဒါေပမဲ့ ဘဝမွာ မရွိခင္က ၿခိဳးျခံေခၽြတာၿပီး အတူရုန္းကန္ ရွာေဖြႏိုင္ခဲ့ၾကၿပီးကာမွ ကိုယ့္နားခိုရာ အသိုက္အၿမဳံကို ကိုယ္တိုင္ဖ်က္ဆီးသူေတြကိုလည္း ေတြ႔ခဲ့ရတာေပါ့။

ေအာင္ျမင္ေအာင္ရွာေဖြလာၿပီး နားခိုစရာေတြပိုင္ဆိုင္လာခဲ့ၿပီးကာမွ အေပ်ာ္ဆိုတဲ့ ယာယီနားခိုစရာေတြကို ထပ္ၿပီး ရွာေဖြမိတတ္ၾကတယ္။မိသားစုေလးေတြနဲ႔ သိုက္သိုက္ဝန္းဝန္း ေပ်ာ္ရႊင္ဖြယ္ေကာင္းေနၾကပါလ်က္ တခဏတာ အေပ်ာ္ေလးေတြေၾကာင့္ အမွန္တကယ္ ကိုယ့္အိမ္ကိုယ့္ရာ ေနနားေပ်ာ္ရႊင္ဖြယ္ရာေလးဟာ တျဖည္းျဖည္း ဆိတ္သုဥ္းေပ်ာက္ကြယ္သြားတာေတြကိုလည္းေတြ႔ရပါတယ္။နားခိုစရာေတြ ေပါလွလို႔ ေနရာတိုင္ဝင္နားဖို႔ေတာ့ မလုပ္ၾကပါနဲ႔။

နားခိုစရာေတြ ေပါလွပါေသာ္လည္း မိမိအတြက္မွာေတာ့ နားခိုစရာ မပိုင္ဆိုင္ေသးပါ၊ပိုင္ဆိုင္ခြင့္ မရွိေသးပါ။ ပိုင္ဆိုင္ခြင့္ မရွိေသးလို႔ ပိုင္ဆိုင္ႏိုင္ေအာင္ႀကိဳးစားေနပါတယ္။တရားသျဖင့္သာ နားခိုရာကို တည္ေဆာက္ ပိုင္ဆိုင္ခ်င္ပါတယ္။

ဟိုမွာလည္းနား၊ဒီမွာလည္းနား၊သူမ်ားအိမ္ရာေတြကိုပါ တပ္မက္ၿပီး အသိစိတ္ေတြ လြတ္သြားေလာက္ ေအာင္ေတာ့ ကၽြန္ေတာ္မနားခိုလိုေပ။မပိုင္ဆိုင္လိုေပ။

ဆိုးတူေကာင္းဘက္ ယုယခ်စ္ခင္မႈမဆိတ္သုဥ္းေသာ“ကိုယ့္အိမ္ကိုယ့္ရာမွာသာ နားခိုခ်င္တာပါ”။ နားခြင့္ရခ်င္တာပါ။

အားလုံးလည္း ေမတၱာတို႔လႊမ္းျခဳံထားေသာ နားခိုဖြယ္ရာအိမ္ေဂဟာေလးမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထက္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service