“သတိလေးကပ်၊ဂုဏ်တော်မြတ်လည်းပူဇော်ရင်း ကျန်းမာရေးအတွက် လေကောင်းသေသန့်လေး ရှုကြပါစို့”

“သတိလေးကပ်၊ဂုဏ်တော်မြတ်လည်းပူဇော်ရင်း ကျန်းမာရေးအတွက် လေကောင်းသေသန့်လေး ရှုကြပါစို့” - Property Knowledge in Myanmar from iMyanmarHouse.com
16 Jul 2022 10:56 am တွင် တင်ခဲ့သည်
413 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူတို့အတွက် သဘာဝက အလကားပေးထားသော အရာဝတ္ထုပေါင်းမြောက်များစွာရှိသည့်အနက် လေသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။မိမိအဆုတ်တွင်းသို့ ထိုလေကို ကောင်းစွာရှုသွင်းတတ်ဖို့တော့ လိုပါသည်။

မကျန်းမာခြင်းကိုသာ လူအများက အပြစ်ဖွဲ့နေကြသည်။အလကားရသည့်လေကို သတိတရနှင့် ဘယ်လောက်ရှုခဲ့ကြလဲဟု မေးချင်ပါသည်။ကိုယ်ရှုသည့်လေကို အမြဲတမ်း စမ်းစစ်နေမိကြရဲ့လားလို့ မေးစမ်းပါရစေ။

မိမိတို့ရှုနေသည့် လေကိုတန်ဖိုးထားရကောင်းမှန်းမသိဘဲ အမှတ်မဲ့နေခဲ့သည့်သူများ အလွန်ပင်များလှပါသည်။ ဆေးရုံရောက်ကြတော့မှ အောက်ဆီဂျင်ကိုတန်ဖိုးကြီးပေးပြီ ဝယ်ယူ ရှုခဲ့ကြရသည်ကို ကိုဗစ်ကာလမှာလည်း သက်သေပြခဲ့ပြီးပြီဖြစ်သည်။

မြို့ပြတွင် လူတို့ကြောင့် လေထုညစ်ညမ်းမှုတို့ တိုးလာနေပေရာ လေကောင်းလေသန့်တို့ ရှားပါးလာသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများသော နေ့ခင်းအချိန်တို့ထက် ညပိုင်းနှင့်နံနက်စောစောပိုင်း အချိန်တို့တွင် လေကောင်းလေသန့်နှင့် အောက်ဆီဂျင် ကောင်းစွာရနိုင်သည်ဖြစ်သောကြောင့် ထိုအချိန်တို့တွင် အဆုတ်ပြည့်အောင် လေကိုကောင်းစွာရှုသင့်ကြပါသည်။

အောက်ဆီဂျင်ပြည့်ဝသောလေကို စနစ်တကျ ကောင်းစွာရှုရခြင်းကြောင့် မဖြစ်သေးသောရောဂါ အန္တရာယ်ဆိုးတို့မှလည်း ကာကွယ်ပေးနိုင်သလို ဖြစ်နေသောရောဂါတို့မှလည်း သက်သာခြင်းသို့ ရောက်စေပါသည်။

မိမိတို့ခန္ဓာရှိ အဆုတ်အတွက် လေကိုပြည့်ပြည့်ဝဝ ဘယ်လောက်ရှုပေးခဲ့ကြပါသလဲ။ဥပမာ - အဆုတ်သည် လေတစ်ပိဿာဝင်ဆန့်သည်ဆိုပါစို့။ကျွန်တော်တို့က သူ့အတွက် တစ်ဆယ်သားတောင်ပြည့်အောင် လေကိုရှုသွင်းမပေးကြပေ။ဆက်တောက် ဆက်တောက်လေးနှင့် လေကိုတိုတိုသာ ရှုသွင်းနေကြသဖြင့် လေရှုတိုသလို အသက်တို့ တိုကြသည်ဟုထင်ပါသည်။မိမိရှုသည့်လေ အဆုတ်တွင် ဘယ်လောက်ပြည့်ဝအောင် ရှုသွင်းသလဲဆိုသည်ကို တစ်ခါလောက်သတိထားကာ ကြည့်ကြည့်ပါ။

အဆုတ်ထဲလေကိုပြည့်အောင်ရှုသွင်း မပေးသည့်အတွက် လူတစ်ယောက်တွင် လိုအပ်သော သွေးနှင့်အောက်ဆီဂျင်ကိုလည်း ကောင်းစွာမထုတ်လုပ်နိုင်သဖြင့် ခန္ဓကိုယ်အနှံ့ သွေးနှင့်အောက်ဆီဂျင် လိုသလောက်မရောက်တော့။ထိုအခါ အနည်းဆုံးလူသည် မကြည်မလင်ဖြစ်လာမည်။ ခေါင်းမူး၊ခေါင်းကိုက်တို့ ဖြစ်လာမည်။ရေရှည်တွင် ကြီးမားသောချို့ယွင်းမှုများ လူတွင်ဖြစ်လာတော့သည်။

ဒါကြောင့် ကုသိုလ်လည်းရ အကျိုးလည်းများနိုင်သည့် နည်းလေးတစ်ခုလောက် စမ်းလုပ်ကြည့်စေချင်သည်။

အဆုတ်ထဲကိုလေရှုသွင်းသည့်အခါ ပြင်းပြင်းမြန်မြန်မလုပ်သင့်ပေ။လေကို အားနှင့်ဆောင့်ပြီးမရှုရပါ။ ရှုခဲ့လျှင် မောခြင်း၊နှလုံးအောင့်ခြင်းတို့ဖြစ်ပြီး ကောင်းတာထက် မကောင်းတာသာ ဖြစ်ဖို့များပေသည်။

အကျင့်မရသေးခင် လေကိုအဆုတ်တွင်းသို့ ဖြည်းဖြည်းခြင်း ပြည့်ဝနိုင်သလောက်ပြည့်ဝအောင်ရှုသွင်းပါ။ ရှုသွင်းပြီးလျှင် ထွက်လေနှင့်အတူ ဂုဏ်တော်ကိုးပါးကို ပီပီသသနှင့်မြန်မြန်လေးရွတ်ဆိုလျှင် ထွက်သက်တစ်ကြိမ်ထုတ်သည့် အချိန်လေးအတွင်း လေးခေါက်ပြီးနိုင်ပါသည်။

သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုမည်ဆိုလျှင် ထွက်သက်ထုတ်သည့် အချိန်အတွင်း ၂ ခေါက်ပြီးနိုင်သည်။

လေကိုရှုသွင်းမှုလုပ်ဆောင်နေစဉ်အတွင်း ဂုဏ်တော်ဂါထာတော်တို့ကို မရွတ်ဆိုဘဲ အဆုတ်အတွင်းလေကို ပြည့်ဝအောင်သာ သတိထားရှုသွင်းပါ။

မိမိတို့အနေနှင့် တတ်နိုင်လျှင် သတိလေးလည်းကပ်၊ဂုဏ်တော်မြတ်လည်းပူဇော်ရင်း လေကို ရှုသွင်း၊ရှုထုတ် နေ့စဉ် အချိန်တိုင်း လုပ်ဆောင်ပေးခြင်းဖြင့် ရုပ်လည်းကြည်လင်၊ စိတ်လည်းကျန်းမာသောသူများ ဖြစ်လာပါလိမ့်မည်။ ဘာမှမလုပ်တောင် မိမိခန္ဓာကိုယ်အတွက် အလကားရသည့် လေကိုတော့ ပြည့်ဝအောင်ရှုသွင်းပြီး ကျန်းမာနိုင်ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“သတိေလးကပ္၊ဂုဏ္ေတာ္ျမတ္လည္းပူေဇာ္ရင္း က်န္းမာေရးအတြက္ ေလေကာင္းေသသန္႔ေလး ရႈၾကပါစို႔”

 

လူတို႔အတြက္ သဘာဝက အလကားေပးထားေသာ အရာဝတၳဳေပါင္းေျမာက္မ်ားစြာရွိသည့္အနက္ ေလသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။မိမိအဆုတ္တြင္းသို႔ ထိုေလကို ေကာင္းစြာရႈသြင္းတတ္ဖို႔ေတာ့ လိုပါသည္။

မက်န္းမာျခင္းကိုသာ လူအမ်ားက အျပစ္ဖြဲ႔ေနၾကသည္။အလကားရသည့္ေလကို သတိတရႏွင့္ ဘယ္ေလာက္ရႈခဲ့ၾကလဲဟု ေမးခ်င္ပါသည္။ကိုယ္ရႈသည့္ေလကို အျမဲတမ္း စမ္းစစ္ေနမိၾကရဲ႕လားလို႔ ေမးစမ္းပါရေစ။

မိမိတို႔ရႈေနသည့္ ေလကိုတန္ဖိုးထားရေကာင္းမွန္းမသိဘဲ အမွတ္မဲ့ေနခဲ့သည့္သူမ်ား အလြန္ပင္မ်ားလွပါသည္။ ေဆးရုံေရာက္ၾကေတာ့မွ ေအာက္ဆီဂ်င္ကိုတန္ဖိုးႀကီးေပးၿပီ ဝယ္ယူ ရႈခဲ့ၾကရသည္ကို ကိုဗစ္ကာလမွာလည္း သက္ေသျပခဲ့ၿပီးၿပီျဖစ္သည္။

ၿမိဳ႕ျပတြင္ လူတို႔ေၾကာင့္ ေလထုညစ္ညမ္းမႈတို႔ တိုးလာေနေပရာ ေလေကာင္းေလသန္႔တို႔ ရွားပါးလာသည္။ ကာဗြန္ဒိုင္ေအာက္ဆိုက္ ထုတ္လႊတ္မႈမ်ားေသာ ေန႔ခင္းအခ်ိန္တို႔ထက္ ညပိုင္းႏွင့္နံနက္ေစာေစာပိုင္း အခ်ိန္တို႔တြင္ ေလေကာင္းေလသန္႔ႏွင့္ ေအာက္ဆီဂ်င္ ေကာင္းစြာရႏိုင္သည္ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္တို႔တြင္ အဆုတ္ျပည့္ေအာင္ ေလကိုေကာင္းစြာရႈသင့္ၾကပါသည္။

ေအာက္ဆီဂ်င္ျပည့္ဝေသာေလကို စနစ္တက် ေကာင္းစြာရႈရျခင္းေၾကာင့္ မျဖစ္ေသးေသာေရာဂါ အႏၱရာယ္ဆိုးတို႔မွလည္း ကာကြယ္ေပးႏိုင္သလို ျဖစ္ေနေသာေရာဂါတို႔မွလည္း သက္သာျခင္းသို႔ ေရာက္ေစပါသည္။

မိမိတို႔ခႏၶာရွိ အဆုတ္အတြက္ ေလကိုျပည့္ျပည့္ဝဝ ဘယ္ေလာက္ရႈေပးခဲ့ၾကပါသလဲ။ဥပမာ အဆုတ္သည္ ေလတစ္ပိႆာဝင္ဆန္႔သည္ဆိုပါစို႔။ကၽြန္ေတာ္တို႔က သူ႔အတြက္ တစ္ဆယ္သားေတာင္ျပည့္ေအာင္ ေလကိုရႈသြင္းမေပးၾကေပ။ဆက္ေတာက္ ဆက္ေတာက္ေလးႏွင့္ ေလကိုတိုတိုသာ ရႈသြင္းေနၾကသျဖင့္ ေလရႈတိုသလို အသက္တို႔ တိုၾကသည္ဟုထင္ပါသည္။မိမိရႈသည့္ေလ အဆုတ္တြင္ ဘယ္ေလာက္ျပည့္ဝေအာင္ ရႈသြင္းသလဲဆိုသည္ကို တစ္ခါေလာက္သတိထားကာ ၾကည့္ၾကည့္ပါ။

အဆုတ္ထဲေလကိုျပည့္ေအာင္ရႈသြင္း မေပးသည့္အတြက္ လူတစ္ေယာက္တြင္ လိုအပ္ေသာ ေသြးႏွင့္ေအာက္ဆီဂ်င္ကိုလည္း ေကာင္းစြာ မထုတ္လုပ္ႏိုင္သျဖင့္ ခႏၶကိုယ္အႏွံ႔ ေသြးႏွင့္ေအာက္ဆီဂ်င္ လိုသေလာက္မေရာက္ေတာ့။ထိုအခါ အနည္းဆုံး လူသည္ မၾကည္မလင္ျဖစ္လာမည္။ ေခါင္းမူး၊ေခါင္းကိုက္တို႔ ျဖစ္လာမည္။ေရရွည္တြင္ ႀကီးမားေသာခ်ိဳ႕ယြင္းမႈမ်ား လူတြင္ျဖစ္လာေတာ့သည္။

ဒါေၾကာင့္ ကုသိုလ္လည္းရ အက်ိဳးလည္းမ်ားနိုင္သည့္ နည္းေလးတစ္ခုေလာက္ စမ္းလုပ္ၾကည့္ေစခ်င္သည္။

အဆုတ္ထဲကိုေလရႈသြင္းသည့္အခါ ျပင္းျပင္းျမန္ျမန္မလုပ္သင့္ေပ။ေလကို အားႏွင့္ေဆာင့္ၿပီးမရႈရပါ။ ရႈခဲ့လွ်င္ ေမာျခင္း၊ႏွလုံးေအာင့္ျခင္းတို႔ျဖစ္ၿပီး ေကာင္းတာထက္ မေကာင္းတာသာ ျဖစ္ဖို႔မ်ားေပသည္။

အက်င့္မရေသးခင္ ေလကိုအဆုတ္တြင္းသို႔ ျဖည္းျဖည္းျခင္း ျပည့္ဝႏိုင္သေလာက္ျပည့္ဝေအာင္ရႈသြင္းပါ။ ရႈသြင္းၿပီးလွ်င္ ထြက္ေလႏွင့္အတူ ဂုဏ္ေတာ္ကိုးပါးကို ပီပီသသႏွင့္ျမန္ျမန္ေလးရြတ္ဆိုလွ်င္ ထြက္သက္တစ္ႀကိမ္ထုတ္သည့္ အခ်ိန္ေလးအတြင္း ေလးေခါက္ၿပီးႏိုင္ပါသည္။

သမၺဳေဒၶဂါထာေတာ္ကို ရြတ္ဆိုမည္ဆိုလွ်င္ ထြက္သက္ထုတ္သည့္ အခ်ိန္အတြင္း ၂ ေခါက္ၿပီးႏိုင္သည္။

ေလကိုရႈသြင္းမႈလုပ္ေဆာင္ေနစဥ္အတြင္း ဂုဏ္ေတာ္ဂါထာေတာ္တို႔ကို မရြတ္ဆိုဘဲ အဆုတ္အတြင္းေလကို ျပည့္ဝေအာင္သာ သတိထားရႈသြင္းပါ။

မိမိတို႔အေနႏွင့္ တတ္ႏိုင္လွ်င္ သတိေလးလည္းကပ္၊ဂုဏ္ေတာ္ျမတ္လည္းပူေဇာ္ရင္း ေလကို ရႈသြင္း၊ရႈထုတ္ ေန႔စဥ္ အခ်ိန္တိုင္း လုပ္ေဆာင္ေပးျခင္းျဖင့္ ရုပ္လည္းၾကည္လင္၊ စိတ္လည္းက်န္းမာေသာသူမ်ား ျဖစ္လာပါလိမ့္မည္။ ဘာမွမလုပ္ေတာင္ မိမိခႏၶာကိုယ္အတြက္ အလကားရသည့္ ေလကိုေတာ့ ျပည့္ဝေအာင္ရႈသြင္းၿပီး က်န္းမာႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service