အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးပေးသော ရာသီဖွား (၅) ခု
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးပေးသော ရာသီဖွား (၅) ခု - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2022 11:11 am တွင် တင်ခဲ့သည်
2360 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ရာသီဖွား ၁၂ မျိုးရှိကြရာ ငွေကြေးစီမံခန့်ခွဲမှု၊ ဝင်ငွေ အစရှိသည့်ကဏ္ဍများတွင် ရာသီဖွားတစ်ခုချင်းစီ၌ ထူးခြားချက် ကိုယ်စီရှိကြသည်။
ဝင်ငွေကောင်းအောင်ကြိုးစားရေးမှာ လူတိုင်းနီးပါး၏ ဦးစားပေးအကြောင်းရပ် ဖြစ်သည်။
ယခုဆောင်းပါးတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့်အကျိုးပေးသော ရာသီဖွားများအကြောင်း သုံးသပ်တင်ပြသွားပါမည်။
ထိုရာသီဖွားတို့ အိမ်ခြံမြေလုပ်ငန်းနယ်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံပါက ပစ္စုပ္ပန်သာမက အနာဂတ်အတွက်ပါ အကျိုးအမြတ်ရှိကြလိမ့်မည် ဖြစ်သည်။
၁။ Pisces – မိန်ရာသီ (ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ)
ကံကောင်းသော ရာသီဖွားတစ်ခုဖြစ်ပြီး အသုံးကြီးသော်လည်း ဝင်ငွေကောင်းလေ့ရှိသည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရမည်ဆိုလျှင် ကောင်းစွာညှိနှိုင်းနိုင်ရုံမျှမက လျှော့ဈေးကောင်းကောင်း ရအောင် လုပ်နိုင်ကြသည့် ပင်ကိုယ်ဗီဇရှိသည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများမှ အမြဲအမြတ်ရလေ့ရှိသူများ ဖြစ်သည်။
၂။ Taurus: ပြိဿရာသီ (ဧပြီလ ၂၁ ရက်မှ မေလ ၂၁ အတွင်း မွေးဖွားသူများ)
ပြိဿရာသီဖွားတို့မှာ ရည်မှန်းချက်ကြီးမားသူများ ဖြစ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ပထမဦးစားပေးအကြောင်းရပ်မှာ ကိုယ်ပိုင်အိမ် ဝယ်ယူရေး ဖြစ်သည်။
နောက်ပိုင်းတွင် နေရာကောင်း၊ ဈေးမှန်သည့် အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံနိုင်စွမ်း ရှိလာကြသည်။
၃။ Cancer: ကရကဋ်ရာသီ (ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်ကြားမွေးဖွားသူများ)
အိမ်ခြံမြေများ အမွေဆက်ခံရရှိလေ့ရှိသည်။ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ၎င်းတို့အတွက် များစွာမခက်ခဲ။
အိမ်ခြံမြေကဏ္ဍတွင်သာ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်လေ့ရှိကြပြီး အငှားချထားမှုမှ ရရှိသည့်ဝင်ငွေများဖြင့် တင့်တောင့်တင့်တယ် နေနိုင်ကြသည်။
(၄) Virgo: ကန်ရာသီ (သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ)
မြို့တော်ကြီးများတွင်မဟုတ်ဘဲ ဒုတိယတန်းမြို့များတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံတတ်ကြသူများဖြစ်ရာ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုမှာ ဈေးသက်သက်သာသာဖြင့် ပြုလုပ်နိုင်ကြသည်။
သို့အတွက် အဆိုပါအိမ်ခြံမြေများကို ပြန်လည်အငှားချ( သို့မဟုတ်) ရောင်းချမှုလုပ်သောအခါ အမြတ်အစွန်း ကြီးကြီးမားမား ရတတ်ကြသည်။
ကန်ရာသီဖွားအများစုသည် အိမ်ခြံမြေ ၂ ခုနှင့်အထက် ပိုင်ဆိုင်လေ့ရှိကြသည်။
(၅) Gemini: မေထုန်ရာသီ (မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ)
မေထုန်ရာသီဖွားတို့သည် ဝင်ငွေကောင်းသူများဖြစ်ကြသည်။
ပထမဆုံးရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရွေးချယ်လေ့ရှိကြသည်မှာ မကြာမီအကောင်အထည်ဖော်မည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုခုတွင် အိမ်ခြံမြေများ ဝယ်ယူကာ ရင်းနှီးမြှုပ်နှံမှု ပြုတတ်ကြသည်။
ထိုအချက်က ရေရှည်တွင် ၎င်းတို့အတွက် အကျိုးရှိစေမည်ဖြစ်ပြီး အိမ်ထောင်ရက်သားကျကာ အခြေချရန် စိတ်ကူးချိန်မျိုးတွင် ကိုယ်ပိုင်နေရာတစ်ခု ပိုင်ဆိုင်နေကြလိမ့်မည် ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Zodiac signs that are good at investing money in real estate (timesnownews)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Mingalar Market
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service