အမွေပုံစီမံခန့်ခွဲမှုအရ မြန်မာဗုဒ္ဓဘာသာကိုးကွယ်သူများဆိုပါက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။ အမွေပုံမှာ လက်ထပ်ပွှားပစ္စည်း၊ ပါရင်းပစ္စည်း၊ ခန်းဝင်ပစ္စည်း၊ အထက်ပါပစ္စည်း၊ နှစ်ပါးစုံပစ္စည်း၊ မင်းပေးပစ္စည်း ဟူ၍ အမျိုးမျိုးရှိကြရာ အထက်ပါပစ္စည်းနှင့်ပါရင်းပစ္စည်းမှာ ကွဲပြားမှု ရှိပါသည်။ ဖခင်မှ မေးမြန်းသူ၏ မိခင်နှင့်လက်ထပ်ပွှားဖြစ်ပါက နောက်အိမ်ထောင်ပြုစဉ် ပါရင်းပစ္စည်း ဖြစ်ပါသည်။
ပါရင်းပစ္စည်းမှာ ယခင်အိမ်ထောင်မှ သားသမီးများ အကျိုးခံစားခွင့်ရရှိကာ ယခင်အိမ်ထောင်မှ သားသမီးများနှင့်လဲ သက်ဆိုင်ပါသည်။ ပါရင်းပစ္စည်းမှာ လွှဲပြောင်းရောင်းချခြင်းပြုလျှင် ယခုအိမ်ထောင်၏ လက်ထက်ပွှားပစ္စည်းနှင့် ရောထွေးတတ်ပါသည်။
မိဘများအနက် တစ်ဦးဦးသေဆုံးသည့်အခါ ကျန်မိဘမှာ နောက်အိမ်ထောင်ပြုပါက သားသမီးများ အားလုံးသည် အမွေခွဲဝေပေးရန် တောင်းဆိုပိုင်ခွင့်ရှိပါသည်။ အမွေပစ္စည်းအား ကျန်မိဘမှ စုပေါင်းပြီး ခွဲဝေပေးရန် တာဝန်ရှိပါသည်။ ဩရသ သားသမီး၏ အခွင့်အရေးမှာလဲ သီးခြားရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
ဖြေဆိုသူ - iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့