ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ် ခင်ဗျာ ။နှစ်ခြောက်ဆယ် ဂရံမြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်း တစ်ခန်းကို ၀ယ်ထားတယ် ဆိုပါစို့။ နှစ်ခြောက်ဆယ်ပြည့်တဲ့ အချိန်မှာ မြေရှင်က အဲဒီ အဆောက်အဦးကို ဖျိုပြီး အသစ်ပြန်ဆောက်လို့ ရပါသလား၊ ရတယ်ဆိုရင် အဲဒီတိုက်ခန်း ၀ယ်ထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မူ့က ဘယ်လိုဖြစ်နိုင်လဲ။ ခင်ဗျာ ကျေးဇူးတင်ပါတယ်။
မေးသူ - ကိုဟန် အနှစ်(၆၀) ဂရန်မြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်းတစ်ခုကို "ကိုဟန်"၀ယ်ထားရင် အဲဒီတိုက်ခန်း မပြိုမပျက်မချင်း ပိုင်ဆိုင်ခွင့် ရှိပါတယ်။ သဘာဝဘေးနဲ့ ရန်သူမျိုး ၅ပါး ဘေးကြောင့် ၀ယ်ထားတဲ့ တိုက်တစ်လုံး ပျက်စီး သွားမှသာ မြေရှင်က သူ့မြေကွက်သူ ပြန်ပြီးပိုင်ဆိုင် သွားတာပါ။
"ကိုဟန်" ပြောသလို။ အနှစ် (၆၀)ပြည့်သော်လည်း တိုက်ခန်းတွေ ကောင်းနေသေးရင် ၊ ခိုင်ခန့်နေရင်၊ သဘာဝဘေးကြောင့် ပျက်စီးသွားတာမျိုး မဟုတ်ဘူးဆိုရင် မြေရှင်သဘောအတိုင်း ဒီတိုက်ကြီးတစ်ခုလုံးကို ဖျက်သိမ်းပြီး အသစ်ပြန်ဆောက်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မြေပေါ်မှာ ဆောက်ထားတဲ့ တိုက်ခန်းအားလုံး သူမပိုင်လို့ပါဘဲ။ လက်ရှိပိုင်ရှင်တွေ သဘောမတူဘဲ ဖျက်သိမ်းလို့လည်း မရပါဘူး။ တိုက်ခန်းတိုင်းမှာ တိုက်ခန်းပိုင်ရှင်တွေ ရှိရှိရှိရှိနေလို့ပါဘဲ။
အနှစ်(၆၀) ပြည့်လို့ အသစ်ပြန်ဆောက်ချင်ရင် အဲဒီတိုက်ခန်းပိုင်ရှင် တွေနဲ့ ညှိနှိုင်းရမယ်။ သဘောတူညီချက် ရှိမှ ပြန်ဆောက်လို့ ရပါတယ်။ သဘောတူညီချက် မရှိပဲ တိုက်ဖျက်လိုက်ရင် မြေရှင်နဲ့ အခန်းပိုင်ရှင် တွေ မဟာရန်သူတွေ ဖြစ်သွားမှာပေါ့။ နစ်နာမှု/အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲ ခံရမှာပေါ့။ အဲဒီတော့ ကိုဟန် ရေ ....စိုးရိမ်စရာမရှိပါဘူး။ တိုက်ခန်းဝယ်ပြီး မပျက်မချင်း နေလို့ရပါတယ်။ နှစ်(၆၀)မက နှစ်(၁၀၀) လောက်အထိ ခိုင်ခန့်နေတဲ့ တိုက်တွေမှာ နေကြသူတွေလည်း ရှိရှိရှိနေတာပဲ။
တိုက်ခန်း ၀ယ်ယူနေထိုင်တဲ့ သူတွေရဲ့ တာဝန်ကတော့ ယိုယွင်း ပျက်စီးသွားတဲ့ အဲဒီအပိုင်းကို အကြီးစားပြင်ဆင်ရင် ဖြစ်စေ၊ တိုက်ခန်းအသစ်ပြန်ဆောက်တဲ့ အခါဖြစ်စေ၊ ပြင်ဆင်စရိတ်၊ ဆောက်လုပ်စရိတ်ကိုတော့ အချိုးကျ ထည့်ဝင်ရပါတယ်။ တိုက်ခန်းဝယ်ထားတဲ့ သူတွေရဲ့ ပိုင်ဆိုင်ခွင့် မဆုံးရှုံးပါဘူးလို့ ဖြေကြားပေးလိုက်ပါတယ်။
ဖြေဆိုသူ - လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ This is the exclusive property of the questions and answers are iMyanmarHouse.com. iMyanmarHouse.com anywhere without permission to be allowed to describe.