ပုရစ်ကြော် စားခြင်းကြောင့် ရရှိမည့် ကောင်းကျိုး နဲ့ ဆိုးကျိုး - Property Knowledge in Myanmar from iMyanmarHouse.com
12403 Views
ပုရစ်ကြော် စားခြင်းကြောင့် ရရှိမည့် ကောင်းကျိုး နဲ့ ဆိုးကျိုး
Knowledge | Posted by Si Thu Aung
[Unicode]
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ပရော်ကြစ်လို့ ခေါ်တဲ့ ပုရစ်ကြော်ဆိုတဲ့ အကောင်လေးတွေကို မြင်ဖူး စားဖူးကြမယ်ထင်ပါတယ်။
မြန်မာနိုင်ငံမှာ ခုလိုရာသီဆို ပုရစ်တွေ ပေါများနေပါပြီ ပုရစ် ၁၀၀ ဂရမ်မှာ ပါဝင်တဲ့ အသားဓါတ်ဟာ ကြက်သား ၊ အမဲသားတို့မှာ ပါဝင်တဲ့ အသားဓါတ်တွေထက် ပိုပြီး ကြွယ်ဝပါတယ်။
ပုရစ်မှာ ပရိုတင်းဓါတ် ၊ သံဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဗီတာမင် B1 နဲ့ B2 ၊ Omega3, Omega6 ၊ အမျှင်ဓါတ် ၊ ပိုတက်ဆီယမ်၊ အမိုင်နိုအက်စစ်၊ ဆိုဒီယမ်ဓါတ် ၊ သွပ်ဓါတ်၊ ဗီတာမင် B12 စတဲ့ အာဟာရဓါတ်တွေ ပါရှိပြီး ပုရစ်စားခြင်းဖြင့်...........
(၁)ပုရစ်မှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓါတ်ဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဓါတ်ထက် ပိုများတဲ့အတွက် သွေးပေါင်ကျစေပြီး လေပွခြင်းကို သက်သာစေပါတယ်။
(၂)ပုရစ်မှာ အမျှင်ဓါတ် ပေါများစွာ ပါရှိတာမို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
(၃)ပုရစ်မှာ ဗီတာမင် B1 ၊B2 နဲ့ အမိုင်နိုအက်စစ် ၊ သံဓါတ် နဲ့ ဗီတာမင် B12 ပါဝင်တာကြောင့် ဦးနှောက် နဲ့ အာရုံကြော အားကောင်းစေပါတယ်။
(၄)မဂ္ဂနီဆီယမ်ဓါတ်ပေါများစွာ ပါရှိတဲ့ ပုရစ်ကို စားပေးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
(၅)ပုရစ်မှာ ပရိုတင်း နှင့် ကယ်လ်ဆီယမ်တို့ ပါဝင်တာကြောင့် အရိုး နှင့် သွားကျန်းမာရေးကို ကြံ့ခိုင်စေပါတယ်။
(၆)သွပ်ဓါတ်ပါရှိတဲ့ ပုရစ်ကြောင့် သုတ်အားနည်းတဲ့ အမျိုးသားများ စားပေးပါက ကျားခွန်အားကို တိုးပွားစေပါတယ်။
ဘယ်လိုအစားအစာဖြစ်ဖြစ် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေးဆိုတဲ့စကားအတိုင်း ချင့်ချိန်ပြီး စားပေးသင့်ပါတယ်။ ပုရစ်က အင်းဆက်ပိုးမွှား အမျိုးအစားဖြစ်လို့ ဓါတ်မတည့်သူများ စားပါက အလာ့ဂျစ်ကဲ့သို့ အဖုများထွက်တတ်ပြီး သင့်တော်တာထက် ပိုမိုလွန်ကဲစွာစားမိပါက သွေးလေးစေတတ်ပြီး သွေးပေါင်ချိန်တတ်လာနိုင်တာကြောင့် ချင့်ချိန်ပြီး စားသုံးသင့်ပါကြောင်း အကြံကောင်းပေးလိုက်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service