လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း အောက်တိုဘာတွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
1108 Views

လှည်းကူးစက်မှုဥယျာဉ်မြို့တော်စီမံကိန်း အောက်တိုဘာတွင် စတင်မည်

[Unicode]

လှည်းကူးစက်မှုဥယျာဉ် မြို့တော်စီမံကိန်း မြေပြင်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ အောက်တိုဘာလတွင်စတင်ရန် စီစဉ်ထားကြောင်း MAPCO ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။

ထိုစီမံကိန်းသည် ရန်ကုန်တိုင်းအစိုးရ၏ ရန်ကုန်မြို့တော်ပြင် စက်မှုဇုန် ၁၁ ခုစီမံကိန်းများအနက်မှ တစ်ခုဖြစ်ပြီး မကြာခင် ရက်ပိုင်းက ရင်းနှီးမြှပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ပေးခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါ ကြောင့် လူစုလူဝေးဖြင့်လုပ်ကိုင်ရမည့် တည်ဆောက်ရေးလုပ်ငန်းများတွင် အခက်အခဲရှိနိုင် သော်လည်း အမြန်ဆုံးကောင်အထည်ဖော်မည်ဟု ၎င်းကဆိုသည်။

အမေရိကန်ဒေါ်လာသန်း ၂၃၀ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၁,၅၀၀ ခန့်တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

ထိုလှည်ကူးစက်မှုဥယျာဉ်မြို့ တော်စီမံကိန်းကို စင်ကာပူအစိုးရ ရှယ်ယာထည့်ဝင်ထားသည့် Sembcorp ကုမ္ပဏီ၊ MAPCO အများပိုင်ကုမ္ပဏီနှင့် PATAMA Group ကုမ္ပဏီတို့ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်သည်။

‘‘နိုင်ငံတကာ အဆင့်မီစက်မှုဇုန်စီမံကိန်းဖြစ်အောင် အကောင်အထည်ဖော်သွားမှာပါ’’ ဟု ဦးရဲမင်းအောင်က ဆိုသည်။

စင်ကာပူ Sembcorp ကုမ္ပဏီသည် မြင်းခြံမြို့တွင် ဒေါ်လာသန်း ၃၁၀ ရင်းနှီးမြှုပ်နှံပြီး သဘာဝ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံကို တည်ဆောက်ထားသည်။ ထို့အပြင် တရုတ်၊ အိန္ဒိယ နှင့်ဗီယက်နမ်နိုင်ငံတို့တွင်လည်း စက်မှုဇုန်များ တည်ဆောက်အကောင်အထည်ဖော်ထားသည်။

မကြာမီ တည်ဆောက်ရေးများ လုပ်ဆောင်မည့် လှည်းကူးစက်မှုမြို့တော် စီမံကိန်းတွင်လည်း လုပ်ငန်းပေါင်းစုံ ပါဝင်ရန် စီမံထားပြီး စားသောက်ကုန်ထုတ်လုပ်ရေးဇုန်၊ စက်မှုထုတ်လုပ်ရေး ဇုန်၊ ကုန်ကြမ်းပစ္စည်း ထုတ်လုပ် ရေးဇုန်စသည်ဖြင့် ခွဲခြားပြီး စနစ်တကျစီစဉ်ထားသည်ဟု ကုမ္ပဏီဘက်ကဆိုထားသည်။

လှည်းကူး စက်မှုမြို့တော်စီမံကိန်းသည် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရန်ကုန် ပြင်ပ ၁၁ မြို့နယ်တွင် စက်မှုဇုန်များ အကောင်အထည်ဖော်ရေး စီမံချက်တွင်ပါဝင်သည်။

စက်မှု မြို့တော်အကောင်အထည် ဖော်နိုင်မည်ဆိုပါက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ရရှိနိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရက ခန့်မှန်းထားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ခုနစ်သောင်း ကျော်ရရှိမည်ဟုလည်း ခန့်မှန်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လွည္းကူးစက္မႈဥယ်ာဥ္ၿမိဳ႕​ေတာ္စီမံကိန္း ​ေအာက္တိုဘာတြင္ စတင္မည္

လွည္းကူးစက္မႈဥယ်ာဥ္ ၿမိဳ႕ေတာ္စီမံကိန္း ​ေျမျပင္တည္ေဆာက္ေရးလုပ္ငန္းမ်ားကို ၂၀၂၀ ေအာက္တိုဘာလတြင္စတင္ရန္ စီစဥ္ထားေၾကာင္း MAPCO ၏ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ဦးရဲမင္းေအာင္က ေျပာသည္။

ထိုစီမံကိန္းသည္ ရန္ကုန္တိုင္းအစိုးရ၏ ရန္ကုန္ၿမိဳ႕​ေတာ္ျပင္ စက္မႈဇုန္ ၁၁ ခုစီမံကိန္းမ်ားအနက္မွ တစ္ခုျဖစ္ၿပီး မၾကာခင္ ရက္ပိုင္းက ရင္းႏွီးျမႇပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳမိန္႔​ေပးခဲ့ျခင္းျဖစ္သည္။

COVID-19 ကပ္ေရာဂါ ေၾကာင့္ လူစုလူေဝးျဖင့္လုပ္ကိုင္ရမည့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ အခက္အခဲရွိႏိုင္ ေသာ္လည္း အျမန္ဆုံးေကာင္အထည္ေဖာ္မည္ဟု ၎ကဆိုသည္။

အေမရိကန္ေဒၚလာသန္း ၂၃၀ ရင္းႏွီးျမႇဳပ္ႏွံၿပီး ေျမဧက ၁,၅၀၀ ခန႔္တြင္ အေကာင္အထည္ေဖာ္မည္ျဖစ္သည္။

ထိုလွည္ကူးစက္မႈဥယ်ာဥ္ၿမိဳ႕ ေတာ္စီမံကိန္းကို စင္ကာပူအစိုးရ ရွယ္ယာထည့္ဝင္ထားသည့္ Sembcorp ကုမၸဏီ၊ MAPCO အမ်ားပိုင္ကုမၸဏီႏွင့္ PATAMA Group ကုမၸဏီတို႔ပူးေပါင္း အေကာင္အထည္ေဖာ္မည္ ျဖစ္သည္။

‘‘ႏိုင္ငံတကာ အဆင့္မီစက္မႈဇုန္စီမံကိန္းျဖစ္ေအာင္ အေကာင္အထည္ေဖာ္သြားမွာပါ’’ ဟု ဦးရဲမင္းေအာင္က ဆိုသည္။

စင္ကာပူ Sembcorp ကုမၸဏီသည္ ျမင္းၿခံၿမိဳ႕တြင္ ေဒၚလာသန္း ၃၁၀ ရင္းႏွီးျမႇဳပ္ႏွံၿပီး သဘာဝ ဓာတ္ေငြ႕သုံးလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံကို တည္ေဆာက္ထားသည္။ ထို႔အျပင္ တ႐ုတ္၊ အိႏၵိယ ႏွင့္ဗီယက္နမ္ႏိုင္ငံတို႔တြင္လည္း စက္မႈဇုန္မ်ား တည္ေဆာက္အေကာင္အထည္ေဖာ္ထားသည္။

မၾကာမီ တည္ေဆာက္ေရးမ်ား လုပ္ေဆာင္မည့္ လွည္းကူးစက္မႈၿမိဳ႕ေတာ္ စီမံကိန္းတြင္လည္း လုပ္ငန္းေပါင္းစုံ ပါဝင္ရန္ စီမံထားၿပီး စားေသာက္ကုန္ထုတ္လုပ္ေရးဇုန္၊ စက္မႈထုတ္လုပ္ေရး ဇုန္၊ ကုန္ၾကမ္းပစၥည္း ထုတ္လုပ္ ေရးဇုန္စသည္ျဖင့္ ခြဲျခားၿပီး စနစ္တက်စီစဥ္ထားသည္ဟု ကုမၸဏီဘက္ကဆိုထားသည္။

လွည္းကူး စက္မႈၿမိဳ႕ေတာ္စီမံကိန္းသည္ ရန္ကုန္တိုင္း ဝန္ၾကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၏ ရန္ကုန္ ျပင္ပ ၁၁ ၿမိဳ႕နယ္တြင္ စက္မႈဇုန္မ်ား အေကာင္အထည္ေဖာ္ေရး စီမံခ်က္တြင္ပါဝင္သည္။

စက္မႈ ၿမိဳ႕ေတာ္အေကာင္အထည္ ေဖာ္ႏိုင္မည္ဆိုပါက ႏိုင္ငံတကာမွ ရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံခန႔္ရရွိႏိုင္မည္ဟု ရန္ကုန္တိုင္းအစိုးရက ခန႔္မွန္းထားၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း ခုနစ္ေသာင္း ေက်ာ္ရရွိမည္ဟုလည္း ခန႔္မွန္းထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service