အိမ္ရာႏွစ္ရွည္ ေခ်းေငြေဈးကြက္ေၾကာင့္ အလယ္အလတ္ႏွင့္ဝင္ေငြနည္းျပည္သူမ်ားအိမ္ရာပိုင္ဆိုင္ႏိုင္ - Property News in Myanmar from iMyanmarHouse.com
1054 Views

အိမ္ရာႏွစ္ရွည္ ေခ်းေငြေဈးကြက္ေၾကာင့္ အလယ္အလတ္ႏွင့္ဝင္ေငြနည္းျပည္သူမ်ားအိမ္ရာပိုင္ဆိုင္ႏိုင္

### Zawgyi Version ###

အိမ္ရာႏွစ္ရွည္ ေခ်းေငြေဈးကြက္ေၾကာင့္ အလယ္အလတ္ႏွင့္ဝင္ေငြနည္းျပည္သူမ်ားအိမ္ရာပိုင္ဆိုင္ႏိုင္ေၾကာင္း ၾသဂုတ္ ၂၄ ရက္၌ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ ယုဇနအိမ္ရာအေဆာက္အအုံ အမွတ္ (၂၈) တြင္က်င္းပသည့္ အိမ္ရာဖြံ႔ၿဖိဳးေရးဘဏ္ ဒဂုံဆိပ္ကမ္းဘဏ္ခြဲဖြင့္ပြဲ အခမ္းအနား၌ ေဆာက္လုပ္ေရးဝန္ႀကီးဌာနျပည္ေထာင္စု ဝန္ႀကီးဦးဟန္ေဇာ္က ေျပာဆိုထားသည္။

ျပည္ေထာင္စုဝန္ႀကီးက ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ၿမိဳ့ျပႏွင့္အိမ္ရာဖြံ႔ၿဖိဳးေရးဦးစီးဌာနက အေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ တန္ဖိုးနည္း၊ တန္ဖိုးသင့္ႏွင့္ တန္ဖိုးျမင့္အိမ္ရာ စီမံကိန္းတိုက္ခန္းမ်ား ဝယ္ယူသူမ်ား ကို ေခ်းေငြထုတ္ေခ်းေပးလ်က္ရွိၿပီး တန္ဖိုးနည္း အိမ္ရာစီမံကိန္းမ်ားျဖစ္သည့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ရွိ ယုဇနအိမ္ရာ အပိုင္း(၁)၊ (၂)ႏွင့္ ကေနာင္အိမ္ရာ၊လႈိင္သာယာၿမိဳ႕နယ္ရွိ ေရႊလင္ပန္းအိမ္ရာ အပိုင္း(၂)ႏွင့္(၃)၊တန္ ဖိုးသင့္အိမ္ရာစီမံကိန္းျဖစ္ေသာ လႈိင္သာယာၿမိဳ႕နယ္ ရွိ က်န္စစ္မင္းႏွင့္ထီးလႈိင္ရွင္ အိမ္ရာစီမံကိန္းတို႔ကိုေရာင္းခ် ေပးေနေၾကာင္း၊ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕ အနီးတစ္ဝိုက္တြင္ ေဆာင္ရြက္ေနသည့္ တန္ဖိုးနည္းအိမ္ရာ စီမံကိန္းမ်ားသာမက အနာဂတ္တြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေဆာင္ရြက္ရန္ စီစဥ္လ်က္ရွိသည့္ နိုင္ငံတစ္ဝန္းလုံးရွိ တန္ဖိုးနည္းအိမ္ရာစီမံကိန္းမ်ားကိုပါ ထုတ္ေခ်းေပးသြားရန္လည္း စီမံထားရွိေၾကာင္း၊ ယင္းကဲ့သို႔ ထုတ္ေခ်းေပး ျခင္းျဖင့္ အိမ္ရာက႑အတြက္ အိမ္ရာႏွစ္ရွည္ေခ်းေငြေဈးကြက္ေပၚထြန္းလာၿပီး ဝင္ေငြအလယ္အလတ္ရွိသူ မ်ားႏွင့္ ဝင္ေငြ နည္းျပည္သူမ်ားစြာ အိမ္ရာပိုင္ဆိုင္ခြင့္ရရွိလာနိုင္မည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ဆက္လက္ၿပီး ဝန္ႀကီးက ဝင္ေငြနည္းျပည္သူမ်ားအေနျဖင့္ တန္ဖိုးနည္းအိမ္ရာမ်ား ပိုင္ဆိုင္ခြင့္ရရွိရန္ အတြက္ သတ္မွတ္ထားသည့္ ႀကိဳတင္ေငြမ်ားေပးသြင္းနိုင္ၾကရန္ CHID ဘဏ္တြင္ Housing Saving မ်ားလာေရာက္ စုေဆာင္းထားၾကရန္တိုက္တြန္းလိုေၾကာင္း၊ CHID ဘဏ္က ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္၏ နိုင္ငံျခားေငြေရာင္းဝယ္ ေဖာက္ကားခြင့္လိုင္စင္ရရွိထားသည့္အတြက္ အျပည္ျပည္ဆိုင္ရာ ဘဏ္လုပ္ငန္းမ်ားျဖစ္သည့္ နိုင္ငံျခားေငြ လဲလွယ္ျခင္း၊ နိုင္ငံျခားေငြစာရင္းရွင္မ်ား ဖြင့္လွစ္ေဆာင္ရြက္ျခင္း၊ အျပည္ျပည္ဆိုင္ရာကူးသန္းေရာင္းဝယ္ေရးလုပ္ငန္းႏွင့္ပတ္သက္၍ ေငြလႊဲစာတမ္းမ်ား ဖြင့္လွစ္လက္ခံျခင္း၊TT စနစ္ ျဖင့္ အျပည္ျပည္ဆိုင္ရာသို႔ ေငြလႊဲေပးျခင္း၊LC (Letter of Credit)၊BG (Bank Guarantee)၊ ေလလံအာမခံ (Bid Bond Guarantee) ႏွင့္ လုပ္ငန္းေဆာင္ရြက္မႈအာမခံ (Performance Guarantee) မ်ားကိုလည္း နိုင္ငံျခားဘဏ္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာဆိုထားသည္။

CHID ဘဏ္သည္ Development Bank ျဖစ္သည့္အေလ်ာက္ ႏွစ္ရွည္ေခ်းေငြမ်ားျဖင့္ အိမ္ရာေခ်းေငြ စနစ္ႏွင့္အေျခခံအေဆာက္အအုံ ဖြံ႔ၿဖိဳးေရးေခ်းေငြမ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္ႏိုင္ပါေၾကာင္း၊ဝင္ေငြနည္းျပည္သူမ်ား အိမ္ရာပိုင္ဆိုင္ခြင့္ရရွိေစေရးအတြက္ အိမ္ရာမ်ားကို ဂ်ပန္ႏိုင္ငံ ODA Loan(Tow-step Loan) အစီအစဥ္အရ အတိုးႏႈန္းသက္သာေသာ ႏွစ္ရွည္အိမ္ရာေခ်းေငြျဖင့္ JICA, ODA Loan Criteria ႏွင့္ ကိုက္ညီေသာ အိမ္ရာမ်ားအတြက္ Housing Mortgage Loan မ်ား ေခ်းေပးေနၿပီျဖစ္ေၾကာင္းေျပာထားသည္။

အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

အိမ်ရာနှစ်ရှည် ချေးငွေဈေးကွက်ကြောင့် အလယ်အလတ်နှင့်ဝင်ငွေနည်းပြည်သူများအိမ်ရာပိုင်ဆိုင်နိုင်ကြောင်း သြဂုတ် ၂၄ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနအိမ်ရာအဆောက်အအုံ အမှတ် (၂၈) တွင်ကျင်းပသည့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ဒဂုံဆိပ်ကမ်းဘဏ်ခွဲဖွင့်ပွဲ အခမ်းအနား၌ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးဟန်ဇော်က ပြောဆိုထားသည်။

ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမြင့်အိမ်ရာ စီမံကိန်းတိုက်ခန်းများ ဝယ်ယူသူများ ကို ချေးငွေထုတ်ချေးပေးလျက်ရှိပြီး တန်ဖိုးနည်း အိမ်ရာစီမံကိန်းများဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယုဇန အိမ်ရာ အပိုင်း(၁)၊ (၂)နှင့် ကနောင်အိမ်ရာ၊လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ အပိုင်း(၂)နှင့်(၃)၊တန် ဖိုးသင့်အိမ်ရာစီမံကိန်းဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းနှင့်ထီးလှိုင်ရှင် အိမ်ရာစီမံကိန်းတို့ကိုရောင်းချ ပေးနေကြောင်း၊ရန်ကုန် နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်တွင် ဆောင်ရွက်နေသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများသာမက အနာဂတ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် နိုင်ငံတစ်ဝန်းလုံးရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကိုပါ ထုတ်ချေးပေးသွားရန်လည်း စီမံထားရှိကြောင်း၊ ယင်းကဲ့သို့ ထုတ်ချေးပေး ခြင်းဖြင့် အိမ်ရာကဏ္ဍအတွက် အိမ်ရာနှစ်ရှည်ချေးငွေဈေးကွက်ပေါ်ထွန်းလာပြီး ဝင်ငွေအလယ်အလတ်ရှိသူ များနှင့် ဝင်ငွေ နည်းပြည်သူများစွာ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိလာနိုင်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဆက်လက်ပြီး ဝန်ကြီးက ဝင်ငွေနည်းပြည်သူများအနေဖြင့် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့်ရရှိရန် အတွက် သတ်မှတ်ထားသည့် ကြိုတင်ငွေများပေးသွင်းနိုင်ကြရန် CHID ဘဏ်တွင် Housing Saving များလာရောက် စုဆောင်းထားကြရန်တိုက်တွန်းလိုကြောင်း၊ CHID ဘဏ်က မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားငွေရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ရရှိထားသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများဖြစ်သည့် နိုင်ငံခြားငွေ လဲလှယ်ခြင်း၊ နိုင်ငံခြားငွေစာရင်းရှင်များ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ ငွေလွှဲစာတမ်းများ ဖွင့်လှစ်လက်ခံခြင်း၊TT စနစ် ဖြင့် အပြည်ပြည်ဆိုင်ရာသို့ ငွေလွှဲပေးခြင်း၊LC (Letter of Credit)၊BG (Bank Guarantee)၊ လေလံအာမခံ (Bid Bond Guarantee) နှင့် လုပ်ငန်းဆောင်ရွက်မှုအာမခံ (Performance Guarantee) များကိုလည်း နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားသည်။

CHID ဘဏ်သည် Development Bank ဖြစ်သည့်အလျောက် နှစ်ရှည်ချေးငွေများဖြင့် အိမ်ရာချေးငွေ စနစ်နှင့်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးချေးငွေများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါကြောင်း၊ဝင်ငွေနည်းပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့်ရရှိစေရေးအတွက် အိမ်ရာများကို ဂျပန်နိုင်ငံ ODA Loan(Tow-step Loan) အစီအစဉ်အရ အတိုးနှုန်းသက်သာသော နှစ်ရှည်အိမ်ရာချေးငွေဖြင့် JICA, ODA Loan Criteria နှင့် ကိုက်ညီသော အိမ်ရာများအတွက် Housing Mortgage Loan များ ချေးပေးနေပြီဖြစ်ကြောင်းပြောထားသည်။

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service