ODA ချေးငွေဖြင့် အိမ်ရာဝယ်ယူခွင့်ရသူများ ဧပြီလကုန်မတိုင်ခင် CHID ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်မည် - Property News in Myanmar from iMyanmarHouse.com
1672 Views

ODA ချေးငွေဖြင့် အိမ်ရာဝယ်ယူခွင့်ရသူများ ဧပြီလကုန်မတိုင်ခင် CHID ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်မည်

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတို့က ဂျပန်နိုင်ငံမှ ရရှိသည့် ODA ချေးငွေဖြင့် ပထမဆုံးအကြိမ် ရောင်းချခဲ့သော အိမ်ရာများ ဝယ်ယူခွင့် ရရှိသူများသည် ဧပြီလကုန်မတိုင်မီ ဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ODA ချေးငွေဖြင့် အိမ်ရာရောင်းချရန် ဖေဖော်ဝါရီလအတွင်းက လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခွင့်ရရှိသူများသည် ကနဦး ပေးသွင်းငွေ (၂၀)ရာခိုင်နှုန်းနှင့် ဘဏ်အတိုးနှုန်း (၈ ဒသမ ၅)ရာခိုင်နှုန်း၊ ချေးငွေကာလ (၁၅)နှစ်အထိ ချေးယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

“ ပထမအသုတ်ဝယ် ယူခွင့်ရရှိသူတွေအနေနဲ့ ကနဦးပေး သွင်းငွေ ပေးသွင်းဖို့နဲ့ အိမ်အပေါင်ချေးငွေဆိုင်ရာကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်ဖို့အတွက် CHID ဘဏ် ဒါမှမဟုတ် အိုးအိမ်ဌာနကို ဧပြီလ မကုန်ခင် ဆက်သွယ်ဆောင်ရွက်ဖို့ အသိပေးလိုပါတယ် “ ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အိမ်ရာစီမံကိန်းများရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ပြည်သူ့အိမ်ရာတိုက်ခန်းများ ရောင်းချနိုင်ရေးအတွက် မိသားစုဝင် ငွေကျပ် (၅)သိန်းနှင့်အောက်ကို ပထမအုပ်စုအဖြစ်လည်းကောင်း၊ မိသားစုဝင် ငွေကျပ် (၅)သိန်းအထက်ကို ဒုတိယအုပ်စုအဖြစ်လည်းကောင်း အုပ်စု(၂)စုခွဲ၍ ယင်း(၂)စုကို အများပြည်သူ၊ နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းဟူ၍ ရည်မှန်းအုပ်စု (၄)စု ထပ်မံခွဲခြားခဲ့ပြီး လျှောက်ထားလာသူ (၆၀၂၇)ဦးအနက် ပထမအသုတ်အဖြစ် (၇၂၂)ဦးကို ရောင်းချခဲ့ရာ စုစုပေါင်းလျှောက်ထားသူ (၄၈၆)ဦးက ဆက်သွယ် ဝယ်ယူခဲ့ကြောင်း၊ ၄င်းတို့အနက် ငွေအကြေပေးသွင်းသူ (၄၁)ဦးနှင့် အိမ်ပေါင် ချေးငွေစနစ်ဖြင့် ဝယ်ယူလိုကြောင်း ဆန္ဒပြုသူ (၄၄၅)ဦးရှိကြောင်း သိရသည်။

Credit: အကျိုးဆောင်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service