မင်းဘူးတွင် ရွှေဝယ်ယူသူထက် ပေါင်နှံရောင်းချသူများက ပိုများ - Property News in Myanmar from iMyanmarHouse.com
915 Views

မင်းဘူးတွင် ရွှေဝယ်ယူသူထက် ပေါင်နှံရောင်းချသူများက ပိုများ

မင်းဘူးမြို့ပေါ်ရှိ ရွှေဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းကိုးသောင်းအထိ ဈေးမြင့်တက်ခဲ့သဖြင့် ရွှေလာရောက်ဝယ်ယူသူထက် ရွှေထည် များလာရောက်ရောင်းချသူနှင့် ပေါင်နှံသူများ သာပိုမိုများပြားနေကြောင်း မင်းဘူးမြို့ပေါ်ရှိ ရွှေဆိုင်များမှ သိရသည်။

သီးနှံအထွက်နည်း

"အခုလိုကာလက တောင်သူတွေ ဆောင်း သီးနှံပေါ်ချိန် ရွှေထည်လက်ဝတ်လက်စားတွေ ရောင်းချရတဲ့ကာလပါ။ ရွှေထည်ရောင်းရ တယ်ဆိုတဲ့ ကာလက တောင်သူတွေ သီးနှံပေါ် ချိန်တွေဖြစ်တဲ့ မိုးအကုန်နဲ့ ဆောင်းအကုန် ကာလတွေပဲဖြစ်ပါတယ်။ ဒီနှစ်ပိုင်းထူးခြား တာက တောင်သူသီးနှံပေါ်တဲ့ကာလတွေ ဖြစ်တဲ့ မိုးအကုန် စက်တင်ဘာလပိုင်းနဲ့ ဆောင်း အကုန် ဖေဖော်ဝါရီလပိုင်းမှာ ရွှေဈေးတွေ မြင့်တက်ခဲ့တာပါပဲ။ ရွှေဈေးတွေကမြင့်နေ တော့ ရွှေလာဝယ်တဲ့သူတွေထက် ရွှေထည် ပစ္စည်းတွေလာရောက်ပေါင်နှံသူ၊ ရောင်းချ သူတွေသာ တစ်နေ့တစ်နေ့ များပြားနေပါ တယ်။ ဒီနှစ်ပိုင်း ရွှေရောင်းရတာ မနှစ်က သီးနှံပေါ်ကာလနဲ့နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံ လောက်ပဲ ရောင်းရတယ်။ နောက် တောင်သူ တွေကလည်း ဒီနှစ်သီးနှံအထွက်နည်းတယ် လို့ ညည်းကြတယ်"ဟု မင်းဘူးမြို့ တမာတန်း ရပ်ရှိ ရွှေပန်းထိမ်ဆိုင်မှ ဆိုင်ရှင်ဦးသိန်းနိုင် က ပြောဆိုသည်။

ရှင်းပြ

"အခုရက်ပိုင်း ကျွန်တော်တို့ရွှေဆိုင်မှာ ၁၆ ပဲရည် တစ်ကျပ်သားကို ဆယ်သိန်းကိုး သောင်းဈေးနဲ့ ရောင်းချသလို၊ ရောင်းချင်တဲ့ သူကို ကျပ်ဆယ်သိန်းခုနစ်သောင်းဈေးနဲ့ ဝယ်ယူပါတယ်။ ၁၅ ပဲရည် တစ်ကျပ်သား ကျပ်ဆယ်သိန်းတစ်သောင်းဈေးနဲ့ ရောင်းချ သလို ပြန်ဝယ်မယ်ဆိုရင် ကျပ်ကိုးသိန်းခြောက် သောင်းဈေးနဲ့ ဝယ်ယူပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ဈေးမြင့်တက်

လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းက ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းရှစ် သောင်းနှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ်ကိုး သိန်းနှစ် သောင်းဈေးသာရှိခဲ့ကြောင်း၊ ယခု ရက်ပိုင်းတွင်ရွှေတစ်ကျပ်သားလျှင် ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း သိရသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service