မင်းဘူးတွင် ရွှေဝယ်ယူသူထက် ပေါင်နှံရောင်းချသူများက ပိုများ - Property News in Myanmar from iMyanmarHouse.com
792 Views

မင်းဘူးတွင် ရွှေဝယ်ယူသူထက် ပေါင်နှံရောင်းချသူများက ပိုများ

မင်းဘူးမြို့ပေါ်ရှိ ရွှေဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ် ဆယ်သိန်းကိုးသောင်းအထိ ဈေးမြင့်တက်ခဲ့သဖြင့် ရွှေလာရောက်ဝယ်ယူသူထက် ရွှေထည် များလာရောက်ရောင်းချသူနှင့် ပေါင်နှံသူများ သာပိုမိုများပြားနေကြောင်း မင်းဘူးမြို့ပေါ်ရှိ ရွှေဆိုင်များမှ သိရသည်။

သီးနှံအထွက်နည်း

"အခုလိုကာလက တောင်သူတွေ ဆောင်း သီးနှံပေါ်ချိန် ရွှေထည်လက်ဝတ်လက်စားတွေ ရောင်းချရတဲ့ကာလပါ။ ရွှေထည်ရောင်းရ တယ်ဆိုတဲ့ ကာလက တောင်သူတွေ သီးနှံပေါ် ချိန်တွေဖြစ်တဲ့ မိုးအကုန်နဲ့ ဆောင်းအကုန် ကာလတွေပဲဖြစ်ပါတယ်။ ဒီနှစ်ပိုင်းထူးခြား တာက တောင်သူသီးနှံပေါ်တဲ့ကာလတွေ ဖြစ်တဲ့ မိုးအကုန် စက်တင်ဘာလပိုင်းနဲ့ ဆောင်း အကုန် ဖေဖော်ဝါရီလပိုင်းမှာ ရွှေဈေးတွေ မြင့်တက်ခဲ့တာပါပဲ။ ရွှေဈေးတွေကမြင့်နေ တော့ ရွှေလာဝယ်တဲ့သူတွေထက် ရွှေထည် ပစ္စည်းတွေလာရောက်ပေါင်နှံသူ၊ ရောင်းချ သူတွေသာ တစ်နေ့တစ်နေ့ များပြားနေပါ တယ်။ ဒီနှစ်ပိုင်း ရွှေရောင်းရတာ မနှစ်က သီးနှံပေါ်ကာလနဲ့နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံ လောက်ပဲ ရောင်းရတယ်။ နောက် တောင်သူ တွေကလည်း ဒီနှစ်သီးနှံအထွက်နည်းတယ် လို့ ညည်းကြတယ်"ဟု မင်းဘူးမြို့ တမာတန်း ရပ်ရှိ ရွှေပန်းထိမ်ဆိုင်မှ ဆိုင်ရှင်ဦးသိန်းနိုင် က ပြောဆိုသည်။

ရှင်းပြ

"အခုရက်ပိုင်း ကျွန်တော်တို့ရွှေဆိုင်မှာ ၁၆ ပဲရည် တစ်ကျပ်သားကို ဆယ်သိန်းကိုး သောင်းဈေးနဲ့ ရောင်းချသလို၊ ရောင်းချင်တဲ့ သူကို ကျပ်ဆယ်သိန်းခုနစ်သောင်းဈေးနဲ့ ဝယ်ယူပါတယ်။ ၁၅ ပဲရည် တစ်ကျပ်သား ကျပ်ဆယ်သိန်းတစ်သောင်းဈေးနဲ့ ရောင်းချ သလို ပြန်ဝယ်မယ်ဆိုရင် ကျပ်ကိုးသိန်းခြောက် သောင်းဈေးနဲ့ ဝယ်ယူပါတယ်" ဟု ၎င်းက ရှင်းပြသည်။

ဈေးမြင့်တက်

လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းက ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းရှစ် သောင်းနှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ်ကိုး သိန်းနှစ် သောင်းဈေးသာရှိခဲ့ကြောင်း၊ ယခု ရက်ပိုင်းတွင်ရွှေတစ်ကျပ်သားလျှင် ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း သိရသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service