ငပလီကမ်းခြေက အိမ်ခြံမြေဈေးကွက်အခြေအနေ - Property News in Myanmar from iMyanmarHouse.com
1865 Views

ငပလီကမ်းခြေက အိမ်ခြံမြေဈေးကွက်အခြေအနေ

လွန်ခဲ့သည့် လေးနှစ်ခန့်ကစတင်ကာဝယ်ယူမှုများလာသဖြင့် သံတွဲမြို့ ငပလီကမ်းခြေ၌ အိမ်ခြံမြေ ဧကတစ်ဝက်လျှင် ကျပ်သိန်း ၁၀,၀၀၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

‘‘ ငပလီမှာရှိတဲ့ အုန်းခြံတွေ ကို တရုတ်တွေ လွန်ခဲ့တဲ့ မိုးတွင်း ကာလကစပြီး ဝယ်လာတာ ဖြစ် ပါတယ်။ အဲဒီတုန်းက အုန်းခြံ တစ်ကွက်ကို သိန်း ၂,၀၀၀၊ ၃,၀၀၀ ကနေ အခုဝယ်တဲ့ တရုတ် တွေ များလာတဲ့အတွက် ၀ ဒသမ ၅ ဧကကို ကျပ်သိန်း ၁၀,၀၀၀ ကျော်ထိ ဈေးပေါက်နေပါပြီ။ ရောင်းတဲ့သူတွေကလည်း ဈေးကမတော်မတန်ရနေတော့ ရောင်း ကြတာပေါ့ ’’ဟု သံတွဲမြို့ခံ ဦးရဲနိုင်စိုးက ပြောသည်။

ယခုကဲ့သို့ အိမ်ခြံမြေဝယ်ယူ သူအများစုသည် ဟိုတယ်တည်ဆောက်မှု များပြားကြောင်း အိမ်ခြံမြေ ပွဲစားအချို့က ပြောသည်။

‘‘ သူတို့ကတော့ ဘာလုပ် မယ်ဆိုတာ မပြောကြပါဘူး။ ဈေးကို မြှင့်ပေးတယ်။ ရောင်းမယ်ဆို ရင် ဝယ်မယ်။ ကျွန်တော်တို့မှာ လည်း ဒီလောက်ငွေ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတော့ဈေးကောင်းရတဲ့အချိန်မှာ ရောင်းကြတာပေ ’’ ဟု အုန်းခြံပိုင်ရှင် ဦးကျော်စိုးက ပြောသည်။

ငပလီကမ်းခြေ၌ အုန်းခြံ မြေများကို တရုတ်လူမျိုးများ မဝယ်မီက မြေတစ်ဧကလျှင် ကျပ်သုံးသိန်း၊ လေးသိန်းနှင့် ခြံဝင်းထဲရှိ အပင်အနေအထားအရ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၀ သိန်းခန့်သာရရှိကြောင်း ခြံပိုင်ရှင်များက ပြောသည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service