နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်က အိမ်ခြံမြေဈေးကွက်၏ ထွက်ပေါက်တစ်ခု ဖြစ်လာမည်ဟု အကျိုးဆောင်အချို့ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
1269 Views

နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်က အိမ်ခြံမြေဈေးကွက်၏ ထွက်ပေါက်တစ်ခု ဖြစ်လာမည်ဟု အကျိုးဆောင်အချို့ခန့်မှန်း

နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူခွင့်ရရှိပါက တုံ့နှေးနေ သော အိမ်ခြံမြေ ဈေးကွက်အတွက် ထွက်ပေါက်တစ်ခုဖြစ်လာနိုင်သည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့က မျှော်မှန်းနေ သည်။

ကွန်ဒိုဥပဒေတွင် နိုင်ငံခြားသားများ ဝယ်ယူပိုင်ဆိုင်ခွင့် ၄၀ ရာခိုင်နှုန်းခွင့်ပြုထားသော်လည်း မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေရခြင်းကြောင့် လက်ရှိဝယ်ခွင့်မရရှိသေးပေ။ သို့ သော် ယခုနှစ်ဧပြီတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူပိုင်ဆိုင်ခွင့် ရရှိနိုင်မည်ဟု မြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း (MDA) အတွင်းရေးမှူး ဦးဇော်ရဲဝင်းက ခန့် မှန်းပြောကြားသည်။

နိုင်ငံခြားသားများ ကွန်ဒို ဝယ်ယူခွင့်ရရှိမည်ဆိုပါက ပြည်တွင်း အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားကို ပြန်လည်မျှော်လင့်နိုင်မည်ဟု အိမ်ခြံမြေ အကျိုးဆောင်အချို့က မှန်းဆသည်။

‘‘ အိမ်ခြံမြေကဏ္ဍမှာ တစ်စိတ်တစ်ပိုင်းတော့ အရောင်းအဝယ်တွေရှိလာမယ့်သဘောပါ ’’ ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

တရုတ်နှစ်သစ်ကူးကာလအပြီးတွင် အိမ်ခြံမြေအရောင်းအဝယ် အနည်းငယ်ပြန်လည်ရှိလာသော်လည်း ဈေးကွက်တစ်ခုလုံး အေးစက်နေကြောင်း​ ၎င်းက ဆိုသည်။

ရန်ကုန်မြို့၏ နေရာဒေသအလိုက် လျှော့ဈေးများဖြင့် ကျပ်သိန်းရာချီတန် အိမ်မြေယာအချို့နှင့် ကျပ်သိန်းထောင်ဂဏန်းအိမ်မြေအချို့ အရောင်းအဝယ်ရှိနေသည်ဟု အကျိုးဆောင်အချို့က ပြောသည်။

နိုင်ငံခြားသားများ ကွန်ဒို ဝယ်ယူခွင့်ရရှိမည်ဆိုပါက အေးစက်နေသော အိမ်ခြံမြေဈေးကွက် ကို ပြန်လည်လှုပ်နိုင်မည်ဟု ထင်မြင်ကြောင်း iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

နိုင်ငံစီးပွားရေးအခြေအနေ ကြောင့် အိမ်ခြံမြေဈေးကွက်တွင် သာမန်တိုက်ခန်း ဝယ်လိုအား များစွာလျော့ကျနေကြောင်း အကျိုးဆောင်အချို့က ပြောသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ရှိခဲ့သော ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ရောင်းသော်လည်း ဝယ်လို သူ နည်းပါးကြောင်း ၎င်းတို့က ဆိုသည်။

အိမ်ခြံမြေအပါအဝင် ကွန်ဒို၊ တိုက်ခန်းများကို ပြည်တွင်းမှ ဝယ်လိုအား ကျဆင်းခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ခက်ခဲစွာရုန်းကန်နေရ သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဒလတံတားစီမံကိန်းများအပါအဝင် ရန်ကုန်တိုင်းတွင် ဆောင်ရွက်မည့် စီမံကိန်းများတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံခြားသားများ၏ ကွန်ဒို၊ တိုက်ခန်းငှားရမ်း လိုသူများ ယခုရက်ပိုင်းတွင် ရှိလာသည်ဟု အကျိုးဆောင်အချို့ က ပြောသည်။

တစ်လကျပ်ငါးသိန်းမှ ၁၈ သိန်း၊ သိန်း ၂၀ အထိရှိသော ကွန်ဒိုတိုက်ခန်းငှားရမ်းမှု အနည်းငယ်ရှိလာကြောင်း ၎င်းတို့က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service