ပုသိမ်ရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းများ ရှေ့လဆန်း စတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1108 Views

ပုသိမ်ရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းများ ရှေ့လဆန်း စတင်ရောင်းချမည်

မြို့နယ်ရှိ ဥမ္မာဒန္တီအိမ်ရာနှင့် ပြည်တော်သာအိမ်ရာဝန်းအတွင်းရှိ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာအခန်းများကို ဖေဖော်ဝါရီလ (၄)ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အခန်းများ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ အခန်းများ ရောင်းချသည့်ပုံစံဖြစ်သည့် လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေစနစ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချရာတွင် ဦးရာလူစနစ်ဖြင့် ဖေဖော်ဝါရီ (၄)ရက် မှ (၂၈)ရက်အတွင်း ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူသူလိုသူများသည်လည်း အဆိုပါရက်များအတွင်း လာရောက်စာရင်းပေးသွင်းရမည်ဖြစ်ကာ ရောင်းချမှုကိုမူ မတ်လ (၁)ရက်တွင် မဲနှိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချပေးမည့် အခန်းများမှာ (၈)ခန်းတွဲ (၆)ထပ် (၃၂၄ စတုရန်းပေ)နှင့် (၆)ခန်းတွဲ (၅)ထပ် (၄၆၈ စတုရန်းပေ) တန်ဖိုးနည်းအိမ်ရာအခန်းများ၊ (၂)ခန်းတွဲ (၄)ထပ် (၁၄၃၂/၉၅၄ စတုရန်းပေ)နှင့် (၄)ခန်းတွဲ (၆)ထပ် (၆၅၀ စတုရန်းပေ) တန်ဖိုးသင့်အခန်းများဖြစ်ကြောင်း၊ ဝယ်ယူလိုသူများအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Credit: အကျိုးဆောင်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service