စူပါမင်းဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်မင်းသား အသတ်ခံရပြီးနောက် သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နေအိမ် ( ကမ္ဘာကျော်တို့ သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
5131 Views

စူပါမင်းဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်မင်းသား အသတ်ခံရပြီးနောက် သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နေအိမ် ( ကမ္ဘာကျော်တို့ သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် နေအိမ်ကြီးများ)

၁၉၅၀ ပြည့်လွန်ကာလများအတွင်း စူပါမင်းဇာတ်ကားများအလွန်ခေတ်စားခဲ့ရာ Adventures of Superman အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲများမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇာတ်ကားများတွင် စူပါမင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူမှာ အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ဂျော့ခ်ျ ရိဗ်စ်ဖြစ်သည်။

ဂျော့ခ်ျရိဗ်စ်ကို အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်၊ ဝူးလ်စတော့ခ်မြို့တွင် ၁၉၁၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် မွေးဖွားသည်။ စူပါမင်းဇာတ်ကားများအပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ကမ္ဘာကျော် Gone with the Wind ဇာတ်ကားကြီးတွင် စကားလက်၏ချစ်သူ တာလေတန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

နေအိမ်တွင် ရှိနေစဉ် ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်သည်ဟု သတ်မှတ်ထားကြသော်လည်း အများစုကမူ လုပ်ကြံခံရခြင်းဖြစ်သည်ဟု အငြင်းပွားမှုများရှိသည်။

ဂျော့ခ်ျရိဗ်စ်၏ နေအိမ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်၊ Benedict Canyon Drive လမ်း၊ ခြံအမှတ် ၁၅၇၉ တွင် တည်ရှိသည်။

မိသားတစ်စုစာ နေအိမ်ဖြစ်ပြီး အကျယ်အဝန်း ၁၇၁၇ စတုရန်းပေရှိကာ ၁၉၄၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဂျော့ခ်ျရိဗ်စ်က အဆိုပါနေအိမ်ကို ၁၉၅၀ ပြည့်လွန် အစောပိုင်းကာလများအတွင်း ကန်ဒေါ်လာ ၁၂,၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ပြီး နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၁၉၉၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၆၀,၀၀၀ ဖြင့် ဖြစ်သည်။

ယနေ့ကာလပေါက်ဈေးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် တန်ကြေးရှိမည်ဟု ခန့်မှန်းရသည်။

လီယိုနိုရီ လီမွန်နှင့် လက်ထပ်ရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်တွင် သေနတ်ကျည်ဆံထိမှန် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

ဂျော့ခ်ျရိဗ်စ်သည် သေဆုံးမည့်ညက အရက်အလွန်အကျွံသောက်စားထားပြီး လီမွန်နှင့် အပြင်းအထန် စကားများရန်ဖြစ်ခဲ့ကြကြောင်း မျက်မြင်ကြုံတွေ့ခဲ့သည့် မိတ်ဆွေများဖြစ်သူ ဝီလျံ ဘလစ်၊ စာရေးဆရာ ရောဘတ် ကွန်ဒွန်နှင့် ကာရိုးလ် ဗန် ရွန်ကယ်လ်တို့က ပြောကြားသည်။

ထိုသို့ရန်ဖြစ်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် အပေါ်ထပ်သို့ တက်သွားခဲ့ကြသည်။

ခေတ္တအကြာတွင် သူ၏အိပ်ခန်းဆီမှ သေနတ်သံတစ်ချက် ကြားလိုက်ကြရကြောင်း နေအိမ်သို့ရောက်ရှိနေသည့် ဧည့်သည်များနှင့် လီမွန်က ပြောကြားသည်။

အဆိုပါဖြစ်ရပ်ကို အဆုံးစီရင်သွားခြင်းဟု ဆုံးဖြတ်ခဲ့သော်လည်း အများစုကမူ ဂျော့ခ်ျရိဗ်စ် မိမိကိုယ်ကို သတ်သေသွားသည်ဟု မယုံကြည်ကြချေ။

အခင်းဖြစ်နေရာတွင် သံသယဖြစ်ဖွယ်အချက်များ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်းကတည်းက အဆိုပါနေအိမ်ကြီးတွင် သရဲခြောက်သည့်ဖြစ်ရပ်များစွာ ပေါ်ပေါက်လာခဲ့သည်။

အပေါ်ထပ်အိပ်ခန်းဆီမှ ဆူညံသံများ ထွက်ပေါ်လာလေ့ရှိပြီး သွားရောက်ကြည့်ရှုပါက မည်သူတစ်ဦးတစ်ယောက်မျှ မတွေ့ရဟု ဆိုသည်။
ထို့အပြင် သေနတ်ကျည်မှ ထွက်သော ယမ်းငွေ့နံ့မျိုးရလေ့ရှိသည်။
အိမ်တံခါးဝသို့ ခွေးများခေါ်ဆောင်သွားလျှင် ထိုးဟောင်နေလေ့ရှိပြီး အိမ်ထဲသို့ ဝင်ခိုင်း၍မရဘဲ အကြောက်အကန် ခြေကန်ထားကြသည်ဟု ဆိုသည်။
မီးလုံးများမှာလည်း ဖွင့်လိုက်ပိတ်လိုက် အလိုအလျောက်ဖြစ်ပေါ်နေသည်ကို မကြာခဏတွေ့မြင်ကြရသည်။

အခင်းဖြစ်ပွားရာအခန်းရှိ ကုတင်ခြေရင်းတွင် ဂျော့ခ်ျရိဗ်စ်ကို တွေ့မြင်ခဲ့ကြသူများရှိပြီး စူပါမင်းကဲ့သို့ ဝတ်ဆင်ထားသည်ဟု ဆိုသည်။

ဂျော့ခ်ျရိဗ်စ်သည် သေဆုံးချိန်တွင် အသက် ၄၅ နှစ်သာရှိသေးသည်။တရားဝင်စစ်ဆေးတွေ့ရှိမှုတွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟု ဖော်ပြထားသော်လည်း အချို့ကမူ ဂျော့ခ်ျရိဗ်စ်မှာ အသတ်ခံရခြင်း (သို့မဟုတ်) တစ်စုံတစ်ဦးပစ်ခတ်လိုက်သော ကျည်ဆန်မတော်တဆထိမှန်ကာ သေဆုံးရခြင်းဖြစ်သည်ဟု ယုံကြည်လျက် ရှိကြသည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စူပါမင်းဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်မင်းသား အသတ်ခံရပြီးနောက် သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နေအိမ် ( ကမ္ဘာကျော်တို့ သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
စူပါမင်းဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်မင်းသား အသတ်ခံရပြီးနောက် သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နေအိမ် ( ကမ္ဘာကျော်တို့ သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com
စူပါမင်းဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်မင်းသား အသတ်ခံရပြီးနောက် သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသော နေအိမ် ( ကမ္ဘာကျော်တို့ သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် နေအိမ်ကြီးများ) - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service