ငွေကြေးစီးဆင်းမှုထိန်းချုပ်မှုများကြောင့် တရုတ်၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကျဆင်း - Property News in Myanmar from iMyanmarHouse.com
1207 Views

ငွေကြေးစီးဆင်းမှုထိန်းချုပ်မှုများကြောင့် တရုတ်၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကျဆင်း

ယခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံသားတို့၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု (ပြည်ပအိမ်ခြံမြေ၀ယ်ယူမှု) သည် ယမန်နှစ် ပထမလေးလအောက် ၆၇ ရာခိုင်နှုန်း
ကျဆင်းခဲ့သည်။ ယင်းသည် ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ခဲ့သည့် ၂၀၀၉ခုနှစ်ကတည်းက ပထမလေးလများအနက် ကျဆင်းမှုနှုန်းအများဆုံးကာလဖြစ်သည်။

တရုတ်ကုမ္ပဏီများက နိုင်ငံခြားအိမ်ခြံမြေများကို စံချိန်တင် အမေရိကန်ဒေါ်လာ ၂၄၆ဘီလျံဖိုး ၀ယ်ယူခဲ့သည့် ၂၀၁၆ ခုနှစ်ပြီးနောက် ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။

ယွမ်ငွေမာရန်နှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် ရည်ရွယ်သော ငွေကြေးစီးဆင်းမှု
ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လိုက်မှုများက အဓိကတရားခံဖြစ်ဖွယ်ရှိသည်။

"တရုတ်ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ ယခုနှစ်ရဲ့ ကျန်ရှိနေတဲ့ ကာလတွေမှာလည်း ဆက်လက်နှေးကွေးနိုင်ပါတယ်" ဟုလည်း Baker & McKenzie LLP ကမ္ဘာ့ဥပဒေအကြံ
ပေးကုမ္ပဏီ၏ ပေကျင်းအခြေစိုက် ရှေ့နေ ဘီချွန်ဘူးက ဘလွန်းဘတ်မီဒီယာသို့ ပြောကြား
ခဲ့သည်။

ယခုလ (မေ) မကုန်မီတွင် ပြီးစီးမည်ဟု သက်ဆိုင်သူများက ခန့်မှန်းထားကြသည့် အင်္ဂလန်နှင့် ယူကေ၏ မြို့တော်လန်ဒန်ရှိ "Cheesegrater" ခေါ် "ဒိန်ခဲခြစ်ခုံ" မိုးမျှော်တိုက် သို့မဟုတ် The Leadenhall Building ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနီးပါး (ပေါင် ၁ ဒသမ ၁၅ ဘီလျံ) ဖြင့် တရုတ်အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ချောင်ချွန်ချို၏ ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CC Land က ၀ယ်ယူမှုက ယင်းကာလအတွင်း တရုတ်၏ အကြီးဆုံးပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ဖြစ်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service