ပေကျင်းတွင် အစိုးရက အိမ်ခြံမြေ developer တို့အား မြေနေရာများရောင်းချပေးရာ တစ်ရက်တာအတွင်း ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ဖိုး ရောင်းရ - Property News in Myanmar from iMyanmarHouse.com
1827 Views

ပေကျင်းတွင် အစိုးရက အိမ်ခြံမြေ developer တို့အား မြေနေရာများရောင်းချပေးရာ တစ်ရက်တာအတွင်း ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ဖိုး ရောင်းရ

တရုတ်နိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် အရောင်းဈေးကွက်အတွင်းသို့ နေအိမ်များ ပိုမိုဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ကာ အစိုးရက မြေကွက်များစွာ လေလံတင်ရောင်းချပေးရာ ပီကင်းမြို့တော်တွင် တစ်နေ့တာအတွင်း ကန်ဒေါ်လာ
တစ်ဘီလီယံကျော်ဖိုး ရောင်းချခဲ့ရကြောင်း
ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ပေကျင်း မြေယာနှင့် သဘာဝရင်းမြစ်ဗျူရိုက ချားယန်၊ ဒါဇင်နှင့် မန်းထိုဂူးခရိုင်တို့တွင်
အကျယ်အဝန်း စတုရန်းမီတာ ၁၅၆၀၀၀ ကျယ်ဝန်းသော မြေနေရာများ လေလံတင်ရောင်းချခဲ့ရာ နောက်ဆုံးနေ့တွင် ယွမ်ငွေ ၈ ဒသမ ၀၉
ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ) ဖိုးရောင်းချခဲ့ရကြောင်း ပြည်မကြီးအခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက် Guandian.cn တွင်
ဖော်ပြသည်။

ချားယန်ခရိုင်သည် ပေကျင်း၏ နိုင်ငံခြားကုမ္ပဏီ ၆၀ ရာခိုင်နှုန်းနှင့် သံရုံးများ အခြေစိုက်ရာဖြစ်ပြီး လေလံတင်ခဲ့သည့် မြေနေရာ ၆၀၄၀၀ စတုရန်းမီတာအတွက် developer ၉ ဦး ပါဝင်လေလံဆွဲခဲ့ကြသည်။

China Overseas Property Holdings, R&F Properties နှင့် China Vanke တို့ကဲ့သို့ နာမည်ကျော် developer များ ပါဝင်လေလံဆွဲခဲ့ပြီး စုစုပေါင်း ၅၅ ကြိမ် ဈေးနှုန်းယှဉ်ပြိုင်ခဲ့ကြကာ Beijing Urban Construction Group က ယွမ်ငွေ ၃ ဒသမ ၂၆ ဘီလီယံဖြင့် လေလံအောင်သွားသည်။

ပေကျင်းတောင်ပိုင်း၊ ဒါဇင်ခရိုင် ၊ ယင်ဟိုင်းမြို့ရှိ မြေနေရာကိုမူ Guorui Properties အား ယွမ်ငွေ ၃ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၅၅၁ သန်း) ဖြင့် ရောင်းချလိုက်သည်။မန်းထိုဂူးခရိုင်ရှိ မြေနေရာကိုမူ China Railway Construction အား ယွမ်ငွေ ၁ ဒသမ ၀၃ ဘီလီယံ (ကန်ဒေါ်လာ ၁၄၉ သန်း) ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ပြီး ကြမ်းခင်းဈေးထက် ၃၃ ရာခိုင်နှုန်း ပိုမိုရရှိခဲ့သည်ဟု ဆိုသည်။

တန်ဖိုးသင့်အိမ်ရာနည်းပါးမှုများအတွက် ရတက်မအေးဖြစ်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်အစိုးရက developer များသို့ မြေယာရောင်းချပေးမှုများ ယခုကဲ့သို့ မြှင့်တင်ပေးလာခြင်းလည်း ဖြစ်သည်။
လာမည့် ၅ နှစ်တာအတွင်း ယခုကဲ့သို့ မြေယာရောင်းချပေးမှုများ အဆက်မပြတ်ပြုလုပ်ပေးသွားမည်ဟုလည်း ပေကျင်းအုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်ကြေညာသည်။

ပေကျင်းအာဏာပိုင်တို့၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြား မြေနေရာ စတုရန်းမီတာ သန်း ၆၀ ပေါ်တွင် လူနေအိမ်ခန်းပေါင်း ၁ ဒသမ ၅ သန်းဆောက်လုပ်သွားရန် ရည်မှန်းထားသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ပေကျင်းတွင် အစိုးရက အိမ်ခြံမြေ developer တို့အား မြေနေရာများရောင်းချပေးရာ တစ်ရက်တာအတွင်း ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ဖိုး ရောင်းရ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service