အိမ် ခြံ မြေ ရောင်းဝယ်မှု အခွန်နှုန်းထား အပြောင်းအလဲကြောင့် သင်္ကြန်အပြီး ဈေးကွက် ပြန်လည် လှုပ်ရှားလာနိုင် - Property News in Myanmar from iMyanmarHouse.com
2773 Views

အိမ် ခြံ မြေ ရောင်းဝယ်မှု အခွန်နှုန်းထား အပြောင်းအလဲကြောင့် သင်္ကြန်အပြီး ဈေးကွက် ပြန်လည် လှုပ်ရှားလာနိုင်

အိမ် ခြံ မြေ ၀င်ငွေခွန် ပြောင်းလဲလိုက်သည့် အတွက် သင်္ကြန်အပြီး အိမ် ခြံ မြေ ဈေးကွက် ပြန်လည် လှုပ်ရှား လာနိုင်ကြောင်း အိမ် ခြံ မြေ အကျိုးတော် ဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ် ပြောကြားသည်။

““အခွန်နှုန်းထားတွေ လျှော့ချလိုက်တဲ့ အတွက် အခွန်တကယ် ဆောင်မယ့် ပြည်သူတွေ အဆင်ပြေ သွားမယ်။ အခွန်ရှောင်နေတဲ့ သူတွေလည်း အခွန်ဆောင် လာနိုင်ပြီး ကိုယ့်ရဲ့ပိုင်ဆိုင်ခွင့်ကို သေချာအောင် ရရှိလာမယ်။ အေးနေတဲ့ အိမ် ခြံ မြေ ဈေးကွက်လည်း ပြန်လှုပ်လာ နိုင်တယ်””ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမောင်ငယ်က ပြောသည်။

ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားသူများကြောင့် အမြင့်ဈေးနှင့် အရောင်းအ၀ယ် ကောင်းနေသည့် အိမ် ခြံ မြေ ဈေးကွက်ကို ထိန်းချုပ်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အခွန်နှုန်းထားများ ကို တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုးမြှင့် သတ်မှတ်လိုက်သည့် အတွက် အိမ် ခြံ မြေ ဈေးကွက်တွင် အရောင်းအ၀ယ် အေးသွားခဲ့ပြီး ဈေးကစားမှုများ ငြိမ်သွားခဲ့ကြောင်း၊ ဈေးနှုန်း အတက်အကျ အပြောင်းအလဲများ မရှိသလောက် နည်းပါးခဲ့ကြောင်း အိမ် ခြံ မြေ ၀န်ဆောင်မှု လုပ်ငန်းရှင်များ ထံမှ သိရသည်။

ယခုကဲ့သို့ အခွန်နှုန်းများ ပြန်လည် လျော့ပေါ့ လိုက်သည့် အတွက် အိမ် ခြံ မြေ ဈေးများကို ထိန်းချုပ်ရန် ခက်ခဲသွားနိုင်ပြီးအရောင်းအ၀ယ်ထိန်းနေသည့် ဈေးကစားသူများမှ အိမ်ခြံမြေ ဈေးကွက်တွင် ပြန်လည် ဈေးကစား လာနိုင်သည့် အတွက် သင်္ကြန်အပြီး အိမ် ခြံ မြေ ဈေးကွက် ပြန်လည် လှုပ်ရှားလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်သည်။

““အမြင့်ဈေးမှာ တန့်နေတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေက အခွန် ပြောင်းလဲ လိုက်ရုံနဲ့တော့ ဈေးနှုန်း ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမဲ့ အရောင်းအ၀ယ်တော့ ပြန်လိုက်လာမယ်။ တန်ဖိုးနည်းရော၊ သင့်ရော၊ ကြီးရော အခွန်နှုန်းက အဆင်ပြေတဲ့ နှုန်းထား ဖြစ်သွားတဲ့ အတွက်ကြောင့် အရောင်းအ၀ယ် ပြန်ဖြစ်လာမယ်””ဟု မဏ္ဍိုင်အိမ်ခြံ မြေ အကျိုးဆောင်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်မှု အပေါ် ပြောင်းလဲကောက်ခံသည့် ၀င်ငွေခွန်နှုန်း ထားများမှာ တစ်ကျပ်မှ ကျပ်သိန်း တစ်ထောင်ထိ အရောင်းအ၀ယ် ပြုလျှင် ၀င်ငွေခွန် (၃) ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်း ငါးထောင်ထိ ၀င်ငွေခွန် (၅) ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်မှ ကျပ်သိန်းတစ်သောင်းထိ ၀င်ငွေခွန် (၁၀) ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းမှ ကျပ်သိန်းတစ်သောင်းခွဲ အထိ (၂၀) ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်သောင်း ခွဲနှင့် အထက် အရောင်းအ၀ယ် ပြုလျှင် ၀င်ငွေခွန် (၃၀) ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အခွန်နှုန်းထားများကို ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အစ ဖြစ်သည့် မေလတွင် စတင် ဆောင်ရွက်မည် ဖြစ်သည်။

““ထုတ်ပြန်လိုက်တဲ့ အခွန်နှုန်းထား အတွက် လတ်တလောမှာ သုံးသပ်ဖို့ မလွယ်ကူသေးဘူး။ ဒါပေမဲ့ နောက်တစ်လ၊ နှစ်လဆိုရင်တော့ သိသာလာလိမ့်မယ်၊ အခွန်နှုန်းတွေ လျှော့ချလိုက်တဲ့ အတွက် အခွန်ဆောင်တဲ့ သူတွေတော့ များလာနိုင်တယ်””ဟု ပြည်တွင်း အခွန်ဦးစီး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်အောင်လင်းက ပြောသည်

အိမ် ခြံ မြေ ရောင်းဝယ်မှု ၀င်ငွေခွန် အပေါ်တွင် အခွန်ဆောင်သည့် သူများမှာ ကျပ်သိန်းငါးရာ ၀န်းကျင် အတွင်း ၀ယ်ယူ ရောင်းချမှုများ အတွက် အခွန်ဆောင်သူ များပြားကြောင်း၊ အမှန်တကယ် နေထိုင်သူ၊ အမည် ပေါက်လိုချင်သူ၊ ပိုင်ဆိုင်မှု သေချာ ချင်သူများသာလျှင်အခွန်ဆောင်မှုများ ဆောင်ရွက်ကြကြောင်း ပြည်တွင်း အခွန် ဦးစီးဌာနထံမှ သိရသည်။

““အခွန် ပြောင်းလိုက်လို့ အိမ် ခြံ မြေ ဈေးကွက် လှုပ်လာမယ် ဆိုတာ ကတော့ တစ်ထစ်ချ ပြောလို့မရဘူး၊ နိုင်ငံရေးရော၊ စီးပွားရေးရော အပေါ်မှာ မူတည်သေးတယ်၊ အရောင်း အ၀ယ် အေးနေပေမယ့် ကျပ်သိန်း တစ်ထောင်အောက် အရောင်းအ၀ယ် ကတော့ ဖြစ်နေမှာပဲ။

ပြည်သူတွေ ကတော့ အခွန်လျော့လိုက်တဲ့ အတွက် အခွန် ဆောင်လာနိုင်ပြီးအစိုးရအတွက်လည်း ကောင်းမွန်တဲ့ ရလဒ် တစ်ခုပါပဲ””ဟု စက်တင်ဘာ စတား အိမ် ခြံ မြေ အကျိုးဆောင်မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်နုနုအေးက ပြော သည်။

ယခင်က မည်သည့် ငွေပမာဏ ကိုမဆို အခွန် (၃၀) ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် (၇) ရာခိုင်နှုန်း စုစုပေါင်း (၃၇) ရာခိုင်နှုန်း ပေးဆောင်ခဲ့ရပြီး အိမ်၊ ခြံ၊ မြေ အခွန် နှုန်းထားများကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် တစ်ကျပ်မှ ကျပ်သိန်းငါးရာလျှင် အခွန် (၃) ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်းထောင့်ငါးရာလျှင် အခွန် (၁၀) ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင့်ငါးရာမှ ကျပ်သိန်း သုံးထောင်လျှင် အခွန် (၂၀) ရာခိုင် နှုန်း၊ ကျပ်သိန်းသုံးထောင်နှင့် အထက်လျှင် အခွန် (၃၀) ရာခိုင်နှုန်း စသဖြင့် တိုးမြှင့် သတ်မှတ်လိုက်သည်။

လက်ရှိ ဈေးကွက်တွင် အရောင်းအ၀ယ် အေးနေပြီး အငှားနှင့် ကျပ်သိန်းတစ်ထောင်အောက် အရောင်းအ၀ယ်သာ ရှိနေသည့် အတွက် ယခုကဲ့သို့ အခွန်နှုန်း လျှော့ချလိုက်ခြင်းကြောင့် အမည်ပေါက်ဖြင့် ၀ယ်ယူလိုသူများ၊ အမှန်တကယ် လိုအပ်ချက်ကြောင့် ၀ယ်ယူလိုသူများ အတွက် အကျိုးရှိ လာနိုင်ကြောင်း၊ သင်္ကြန်အပြီး နွေနှောင်း ကာလမှ စတင်ကာ အေးစက်နေသည့်အိမ်ခြံ မြေ ဈေးကွက်သည်လည်း ပြန်လည် အသက်ဝင် လှုပ်ရှားလာနိုင်ကာအခွန်လျော့ ပေါ့လိုက်ခြင်းကြောင့် ဈေးကစားမှုများ မရှိရန် လိုအပ်ကြောင်း မဏ္ဍိုင် အိမ် ခြံ မြေမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပြောသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service