အေးရွာတွင် တံတားထိုးမည် ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြန်လည်လှုပ်ခတ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1484 Views

အေးရွာတွင် တံတားထိုးမည် ဆိုခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြန်လည်လှုပ်ခတ်ဟုဆို

ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာတို့ကို မြစ်ကူးတံတား တည်ဆောက်မည် ဆိုခြင်းကြောင့် အဆိုပါကျေးရွာရှိ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာကြောင်း အဆိုပါကျေးရွာ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းထံမှ သိရသည်။

ပြီးခဲ့သည့် သုံးလခန့်က တံတားတည်ဆောက်မည့် သတင်းကြောင့် အဆိုပါ ကျေးရွာအတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ နှစ်ဆခန့်အထိ မြင့်တက်ခဲ့ပြီး ယင်းကာလနောက်ပိုင်း အရောင်းအဝယ် အေးစက်ခဲ့ရာမှ ယခုအခါအရောင်းအဝယ် ပြန်လည်လှုပ်ခတ်လာခြင်း ဖြစ်
ကြောင်း အဆိုပါ အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းထံမှ သိရသည်။

“မဆောက်ခင်ကတော့ အဝယ်အရမ်းများပြီး ဈေးတွေတက်ခဲ့တယ်။ ပြီးတော့ ပြန်အေးသွားပြီးတော့ အခု နည်းနည်းပြန်လှုပ်လာတယ်။ အဝယ်တွေ ပြန်ဆင်းလာကြတယ်” ဟု လှိုင်သာယာမြို့နယ် အခြေစိုက် အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ဆိုသည်။

အဆိုပါကျေးရွာတွင် တံတားထိုးမည် ဆိုသော်လည်း ဘတ်ဂျက်မည်မျှဖြင့် ဆောက်လုပ်မည် ဆိုသည်ကိုမူ သိရှိနိုင်ခြင်း မရှိခြင်းကြောင့် ဝယ်သူအချို့မှ လက်တွန့်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

“ဈေးက ဟိုးအရင်ကထက် တက်လာတော့ ရောင်းချင်တဲ့သူတွေက များနေပါတယ်” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း အမှုဆောင်အရာရှိ ဦးဟိန်းမိုးမြင့်လွင်က ဆိုသည်။

အဆိုပါ မြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ကျပ်သိန်း ၂၅၀ ဝန်းကျင်ခန့် ရှိပြီး ယခင်က ကျပ်သိန်း ၁၀၀ ဝန်းကျင်သာ ရှိကြောင်း အဆိုပါကျေးရွာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အသိုင်းအဝိုင်းထံမှ သိရသည်။

ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်မြစ်တစ်ဖက်ကမ်းရှိ အေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် လှိုင်မြစ်ကူးတံတားကို ပေ ၈၀၀၀ ခန့် (မီတာ ၂၆၅၇) အရှည်တည်ဆောက်ရန် စီစဉ်ထားပြီး မဟာရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေး (၂၀၄၀) စီမံကိန်းတွင် ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်ကာ အသေးစိတ် ဖြစ်မြောက်နိုင်ရေးကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားထားသည်။

Credit: The Voice weekly

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service