ဂျပန်နိုင်ငံသို့သွားမယ့် ခရီးသွားတွေမသိမဖြစ်သိထားရမယ့် ဂျပန်နိုင်ငံရဲ့ထူးခြားအံ့သြ ဖွယ်ရာများ အပိုင်း(၁)
ပစိဖိတ်ပင်လယ်မှာတည်ရှိပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲက ကျွန်းနိုင်ငံတစ်ခုဖြစ် တဲ့ ဂျပန်နိုင်ငံက သာမန်ထူးခြားတာထက်ပိုပြီး ထူးခြားမှုတွေနှက်ပြည့်နှက်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအများအပြားကနိုင်ငံတွေနဲ့ လုံးဝကို မတူကွဲပြားတဲ့ ဓလေ့၊ လူနေမှုအကျင့်စရိုက်တွေ၊ ထူးဆန်းအံ့သြဖွယ်တွေကြောင့် ဘဝသက်တမ်းတစ် လျှောက်မှာ တစ်ခေါက်လောက်တော့ အရောက်သွားသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ အကယ်၍ သင်တို့သွားလည်မယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ထူးခြားပြီးစိတ်ဝင်စားစရာ ကောင်းတဲ့ အလေ့အထတွေကိုတော့သိထားမှ အဆင်ပြေနိုင်မှာပါ။
၁။ ကျွန်းဆွယ်ပေါင်း ခြောက်ထောင်ကျော်မှာတည်ဆောက်ထားတဲ့ နိုင်ငံကို ခရီးသွား မယ်ဆိုရင်တော့ သင်တို့ရဲ့အားလပ်ရက်ခရီးကုန်သွားတာတောင် ကျွန်းတွေကုန် အောင်လည်ပတ်လို့မကုန်နိုင်ပါဘူး။ ယနေ့ထိ လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြား သားခရီးသွားတွေအားလုံးကလည်း ကျွန်းဆွယ်တွေအနှံ့မလည်ပတ်နိုင်ကြသေးပါဘူး။
၂။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာအတွင်းမှာ ငလျှင်ပေါင်း ၁၅၀၀ ကျော်လှုပ်ခတ်လေ့ရှိ ပါတယ်။ နိုင်ငံရဲ့မြေအနေအထားက လှုတ်ခတ်မှုရှိတဲ့ငလျင်ကြောမြေကြီးအချပ်ပြား လေးချပ်ပေါ်မှာ တည်ရှိတာကြောင့် အမြဲတစေလှုပ်ခတ်ပြီးရွေ့ လျှားနေတာပဲဖြစ်ပါတယ်။ နိုင်ငံက ပြီးခဲ့ တဲ့အတိတ်အချိန်၂၀၁၁ ခုနှစ်တုန်းက ကြောက်မက်ထိတ်လန့်စရာကောင်းပြီး ကမ္ဘာ မြေကြီး တုန်လှုပ်သွားလောက်အောင်လှုပ်ခတ်သွားခဲ့တဲ့ ဆူနာမီငလျှင်ဒဏ်ခံစားခဲ့ရ ကာ အသေအကျေများခဲ့ရပါတယ်။
၃။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး လူမျိုးတွေတော်တော်များရှိနေသေးတဲ့ ဂျပန်နိုင်ငံမှာ အသက် ရာကျော်ရှိတဲ့ သက်ကြီးရွယ်အိုဦးရေ ငါးသောင်းကျော်ရှိပြီး သက်ကြီးအမျိုး သမီးတွေက ၈၇ ရာခိုင်နှုန်းပါဝင်နေပါတယ်။
၎။ ကမ္ဘာမှာ ရှေးအကျဆုံး၊ အမြန်ဆုံးနဲ့ အချိန်အတိကျဆုံးဆိုတဲ့ စံချိန်တွေထင်ထားခံရတဲ့ ဂျပန်နိုင်ငံရထားသယ်ယူပို့ဆောင် ရေးရှိပြီး ရထားဆိုက်ရောက်ချိန်ထက် ငါးမိနစ်လောက်နောက်ကျရင်ဖြင့် ရထားဌာန က ဝန်ထမ်းတွေအားလုံးက ခရီးသွားတွေကို တစ်ယောက်ချင်းတစ်ယောက်ချင်းစီ လာရောက်တောင်းပန်ခြင်းကို လုပ်ဆောင်ကြပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)