စည်ပင် ရေ အသုံးပြုခွင့်မလျှောက်ဘဲ အသုံးပြုနေသည့်အိမ်များကိုအရေးယူမည် - Property News in Myanmar from iMyanmarHouse.com
796 Views

စည်ပင် ရေ အသုံးပြုခွင့်မလျှောက်ဘဲ အသုံးပြုနေသည့်အိမ်များကိုအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သောလူထု၏ရေအသုံးပြုမှုအတွက် ဖြန့်ဖြူးနေသော စည်ပင်ရေ ကို အသုံးပြုခွင့်လျှောက်ထားခြင်းမရှိဘဲ အသုံးပြုနေသော နေအိမ်များကို ထိထိရောက်ရောက်အရေးယူဆောင် ရွက်သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စုံစမ်းသိရှိရသည်။

ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွက် ရေပေးဝေမှုကို ရန်ကုန်မြို့တော်မှ ကြီးကြပ်ကွပ်ကဲနေပြီး စည်ပင်ရေခွန်ဆောင်ခြင်းမရှိဘဲ စည်ပင်ရေကိုအသုံးပြုနေသူများကို အရေးယူနိုင်ရန်အတွက် ၂၀၁၄ ခုနှစ်မှ စ၍စတင်စီစဉ်ခဲ့ရာ ယခုအခါ ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ(၇)သန်းကျော်နေထိုင်လျက်ရှိပြီး အဆိုပါလူဦးရေပမာဏ ၏ရေအသုံးပြုမှုအတွက် ရေပေးဝေလျက်ရှိပြီး ရေအသုံးပြုအိမ်များမှာလည်း ရေခွန်အဖြစ် မြို့တော်စည်ပင်သို့ ပေးဆောင်ရကြောင်းသိရသည်။ သို့သော် အချို့သော်လူနေအိမ်များမှာ စည်ပင်မှဖြန့်ဖြူးသောရေကို အသုံးပြုနေ သော်လည်း မြို့တော်စည်ပင်တွင် ရေအသုံးပြုခွင့်ကိုလျှောက်ထားခြင်းမရှိဘဲ အသုံးပြုခဲ့ခြင်းများရှိနေသည့် အတွက် နိုင်ငံတော်အခွန်ဘဏ္ဍာငွေဆုံးရှုံးနစ်နာသည့်အတွက် ယင်းကဲ့သို့တရားမဝင် စည်ပင်ရေအသုံးပြုသူများ ကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ “ ရန်ကုန်မြို့ ကစည်ပင်ရေ မလျှောက်ဘဲ အသုံးပြုနေတဲ့အိမ်တွေကို အရေးယူသွားတော့မှာပါ။ ဒီလိုမျိုးစည်ပင်ရေခွန် မဆောင်ဘဲသုံးနေတဲ့ သူတွေကို အရေးယူဖို့ ၂၀၁၄ ခုနှစ်ကစပြီး ဆောင်ရွက်ခဲ့တာပါ။ ဒီနှစ်ထဲမှာ အကောင်အထည်ဖော်သွားမှာပါ။” ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက iMyanmarHouse.com သို့ ပြောကြားခဲ့သည်။

စည်ပင်ရေခွန်မဆောင်ဘဲ စည်ပင်ရေသုံးဆွဲမှုများသည် ရန်ကုန်မြို့ပြင်တွင်သာမက မြို့တွင်း၌ပင် ရှိနေပြီ ဖြစ်ကြောင်းစုံစမ်းသိရှိရသည်။ အချို့သော်တိုက်များတွင် စည်ပင်ရေခွန်တစ်ခုတည်းကို အခန်းပေါင်းများစွာက အသုံးပြုနေရပြီး ရပ်ကွက်အချို့တွင် တာဝန်ရှိသူများမသိဘဲ စည်ပင်ရေဖြန့်ဖြူးသည့်ပိုက်များကို ဖောက်၍သွယ် ထားခြင်းများရှိနေကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ တရားမဝင်စည်ပင်ရေအသုံးပြုနေသည့် နေအိမ်များကို စည်ပင်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဒဏ်ငွေ(၅၀၀၀၀)ကျပ်မှ ထောင်ဒဏ်အထိ ပြစ်ဒဏ် ပေးနိုင်ကြောင်း စုံစမ်းသိရှိရသည်။

လမင်းအောင် မှ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

Innwa Pyae Sone Residence
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service