မြန်မာနိုင်ငံ၌ ပထမဆုံး ပေါ်ထွက်လာမည့် ပုဂ္ဂလိကပိုင်အသေးစားစက်မှုဥယျာဉ်ကို ရန်ကုန်မြို. ဒဂုံမြို.သစ်(အရှေ.ပိုင်း)မြို.နယ်မလစ်ကျေးရွာအနီး မြေဧရိယာအကျယ်အဝန်းဧက ၄၀၀ ပေါ်၌တည်ဆောက်သွားရန် စီစဉ်ထားသည်။
အသေးစားပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် မိမိတို.၏ စီးပွားရေးလုပ်ငန်းများကို ပတ်ဝန်းကျင်အနှောက်အယှက်ကင်းကင်းဖြင့် ဖွံ.ဖြိုးတိုးတက် ရေး ဆောက်ရွက်နိုင်မည်ဖြစ်သည်။
အသေးစားစက်မှုဥယျာဉ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ.က ပြီးခဲ့သည်. ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ တင်ဒါလျှောက်လွှာများစတင်ရောင်းချခဲ့.ပြီးဖြစ်ရာ ပြီးခဲ့သည်. ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ.သို. လျှောက်ထားခဲ့ကြသည်။
အသေးစား စက်မှုဥယျာဉ်ကို ရန်ကုန်မြို. ဒဂုံမြို.သစ်မြို.နယ် မလစ်ရွာအနီး ကွင်းအမှတ် ၁၁၀၄ ဦးပိုင်အမှတ် (၇)၊ ကွင်းအမှတ် ၁၁၀၅/ခ ဦးပိုင်အမှတ် (၁၅)၊ ကွင်းအမှတ်၁၁၆၀ ဦးပိုင်အမှတ်( ၁၁၀၈/က)၊ ဦးပိုင်အမှတ်(၅)ရှိ မြေအကျယ်အဝန်းဧက ၄၀၀ ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။
ယခုအသေးစားစက်မှုဇုန်ဥယျာဉ်ဖြစ်ထွန်းလာပါကအလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်သည်။
Credit : မြန်မာ့အလင်း