လက်ဆေးကန်အနီး ကျေးရွာသစ်မြေကွက်များအား အမှန်တကယ်နေထိုင်သူများထံသာ ရောင်းချမည်
ကလေးခရိုင် လက်ဆေး ကန်အနီးတွင် တည်ဆောက်နေ သည့် ကျေးရွာသစ်၌ လူများ နေထိုင်ရန် မြေကွက်များဖော် ဆောင်နေရာ အမှန်တကယ်နေ ထိုင်သူများကိုသာ မြေကွက်များ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကလေးခရိုင် အထွေထွေအုပ်ချုပ် ရေးမှူး ဦးမောင်တူးက ပြော သည်။
လက်ဆေးကန်သည် က လေးခရိုင်နှင့် မော်လိုက်ခရိုင် ကြား ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၃,၀၀၀ ကျော် တွင် သဘာဝအလျောက်တည်ရှိ နေသော ကန်တစ်ကန်ဖြစ်သည်။ အဆိုပါကန်သို့ ကလေး၊ တမူးနှင့်မော်လိုက်ခရိုင်အပါအဝင် အခြားဒေသများမှ ခရီးသည်များ မကြာခဏလာရောက် အပန်းဖြေတတ်ကြသည်။
ခရီးသည်များအပေါ် မှီခို၍ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ကာ ကန်အနီးတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေထိုင်ကြသည့် အိမ်ထောင်စုအချို့ နေထိုင်နိုင်ရန် ရည်ရွယ်၍ ၂၀၁၅ ဇန်နဝါရီမှ စတင်ကာ မြေကွက်များတူးဖော် နေခြင်းဖြစ်သည်။
ယင်းမြေကွက်များတူးဖော် ပြီးစီးပါက ကန်အောင်ကျေးရွာ သစ်အမည်ဖြင့် ကျေးရွာတည် ဆောက်ပေးမည်ဖြစ်ပြီး အမှန် တကယ်နေထိုင်သူများကိုသာ စိစစ်ရောင်းချပေးသွားမည်ဟု ဦးမောင်တူးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောသည်။
‘‘မြေစုသူတွေမရှိစေဖို့ အတွက် အခုလိုဆောင်ရွက်ရခြင်း ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။
ကန်အောင်ကျေးရွာအိမ် ဝင်းကွက်သစ်များကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်မှစ၍ စက် ယန္တရားများဖြင့် ကွက်သစ်ဖော်ခြင်းလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်။
ထိုသို့အိမ်ကွက်သစ်များ ဖော်ဆောင်ရာတွင် အိမ်ဝင်းပေါင်း ၉၆ ဝင်းဖော်ဆောင်ထားပြီးအိမ် ဝင်းတစ်ဝင်းလျှင် ပေါက်ဈေး ၁၂၅,၀၀၀ ကျပ်ဖြစ်သည်။ ကန် အောင်ကျေးရွာသစ်တွင် လက်ရှိ အိမ်ခြေ ၅၄ လုံးနှင့် စာသင် ကျောင်း မူလတန်းကျောင်းခွဲ တည်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးအိမ် ဝင်းကွက်များတိုးချဲ့ခြင်းတွင် အိမ်ဝင်းကွက်သစ်များကို အဆို ပါဒေသအပြင် ကလေးမြို့မှ ဝယ် ယူထားသူအချို့ရှိနေသည်ဟု ကျေးရွာနေ ဒေသခံပြည်သူများက ပြောသည်။
Credit: 7 day daily