စက်မှုဇုန် မြေကွက်များ ကိစ္စ အုပ်ချုပ်ရေး မဏ္ဍိုင်မှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိ - Property News in Myanmar from iMyanmarHouse.com
886 Views

စက်မှုဇုန် မြေကွက်များ ကိစ္စ အုပ်ချုပ်ရေး မဏ္ဍိုင်မှ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိ

လုပ်ငန်း လည်ပတ်ခြင်း မရှိသည့် စက်မှုဇုန် မြေကွက်လပ်များ ပြန်လည် သိမ်းယူရန် ၂၀၁၂ လယ်ယာမြေ ဥပဒေတွင် ပါရှိသော်လည်း ပြန်လည် သိမ်းယူမှု မရှိခြင်းသည် အုပ်ချုပ်ရေး မဏ္ဍိုင်မှ ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြာမြေများ သိမ်းဆည်း ခံရမှုကြောင့် နစ်နာသူများ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များက ပြောသည်။
““အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့အညီ မဆောင်ရွက်တာတွေထဲက တစ်ခုပဲ။ လုပ်ငန်း မလုပ်ရင် ပြန်သိမ်းပြီး ပိုင်ရှင် လယ်သမားကို ပြန်ပေးရမယ်။ ဥပဒေသာ ရှိပေမယ့် ဇုန်ကွက်လပ်လွတ်တွေ ပြန်သိမ်းတာ မရှိသေးဘူး”” ဟု လယ်ယာမြေ နှင့် အခြာမြေများ သိမ်းဆည်းခံရမှုကြောင့် နစ်နာသူများ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်သိန်းလင်းက ပြောသည်။
စက်မှုဇုန်များရှိ ဇုန်မြေကွက်များအား လုပ်ငန်း လုပ်ကိုင်ရန် မြို့ရွာနှင့် အိုးအိမ် ဦးစီးဌာနမှ လုပ်ငန်းရှင်များသို့ ငှားရမ်း အသုံးပြုစေခြင်း ဖြစ်ပြီး ရက်ပေါင်း (၉၀) အတွင်း လုပ်ငန်း အဆောက်အဦး မဆောက်လုပ်ပါက ဥပဒေနှင့် အညီ အိုးအိမ် ဦးစီးဌာနမှ ပြန်လည် သိမ်းယူရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လယ်ယာမြေ ဥပဒေ လ/န ၃၉ ဖြစ်သည့် လယ်ယာမြေများတွင် အဆောက်အဦး ဆောက်လုပ်ခွင့် ရရှိထားသည့် မြေနေရာများသည် ဥပဒေအရ သုံးလအတွင်း အဆောက်အဦး ဆောက်လုပ်ရမည် ဖြစ်ပြီး လ/န ၃၉ မရှိသည့် မြေနေရာများတွင် အဆောက်အဦး ဆောက်လုပ်မှုများသည် ဥပဒေနှင့် မညီဘဲ အရေးယူ၍ ရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။
“လယ်ယာမြေ ပြသနာမှာ အုပ်ချုပ်ရေးပိုင်းက ဥပဒေကို အမျိုးမျိုး သုံးနေတယ်။ စစ်ဆေးဖို့ထက် အလုပ်ကို မလုပ်တာ။ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပြောတဲ့ စကားတွေက လေထဲမှာပဲ ရှိတယ်”” ဟု ၎င်းက ပြောသည်။

လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသည့် စက်မှုဇုန်များရှိ မြေကွက်များကို ပြန်လည် အပ်နိုင်ရေး အတွက် စက်မှုဝန်ကြီးဌာနမှ စစ်ဆေးမှုများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမျိုးအောင်က ယခု ကျင်းပလျက် ရှိသည့် (၁၂) ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။
ထို့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသည် စက်မှုဇုန်များရှိ မြေယာကိစ္စ အပါအ၀င် တစ်နိုင်ငံလုံးရှိ မြေယာကိစ္စနှင့် ပတ်သက်ပြီး မြေပိုင်ဆိုင် လုပ်ပိုင်ခွင့်များအား ဥပဒေနှင့် အညီ အာမခံပေးနိုင်ရေး၊ မြေယာ ကျူးကျော်သူများအား တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို စီစဉ် ဆောင်ရွက်လျက်ရှိပြီး နစ်နာသူများကိုလည်း အကောင်းဆုံး နည်းလမ်းဖြင့် စိစစ် ဖြေရှင်ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း စက်မှု ၀န်ကြီးဌာနက သိရသည်။

“လယ်သမား ကတော့ သိမ်းခံ လိုက်ရတယ်။ လျော်ကြေးက ဘယ်တော့ ရမယ်မှန်းမသိဘူး။ အသိမ်းခံရတဲ့ လယ်ပေါ်မှာတော့ အုပ်ချုပ်ရေးတွေနဲ့ လုပ်ငန်းရှင်တွေ ပူးပေါင်း ပြီးတော့ ခြံခတ် ငှားစားနေကြတယ်။ လုပ်ငန်းရှင်တွေက နေရာ ဦးထားတာတွေ အများကြီးပဲ။ ဒီတော့ လယ်သမား တွေဘက်က ကြည့်ရင် နစ်နာမှုတွေ အများကြီးပဲ”” ဟု လယ်သမား အရေး ဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးက ပြောသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လုပ်ငန်း လည်ပတ်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း မရှိသည့် မြေကွက်လပ် များစွာရှိပြီး အဆိုပါ မြေကွက်များအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာသောအခါ မြင့်မားသော ဈေးနှုန်းဖြင့် ပြန်လည် ငှားရမ်းရန် နေရာဦး ခြံခတ်ထားခြင်းများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service