Golden City ရဲ့ ပြီးပြည့်စုံတဲ့ နေထိုင်မှုဘဝစတိုင်လ်
Asian Habitat Society ကချီးမြှင့်တဲ့ Green Asia Habitat Award ကို ရရှိသွားတဲ့ Golden City အိမ်ရာဟာ သူတို့ရဲ့ စီမံကိန်းအဆင့် ၂ကို ဖေဖော်ဝါရီ ၁၄ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ Golden City အနေနဲ့ သူတို့စီမံကိန်းကို ဘာ့ကြောင့် ရန်ကင်းမှာ ရွေးချယ်ခဲ့တာလဲ။ စီမံကိန်း အဆင့်၂မှာ ဘာတွေပါဝင်ပြီး ဘာ့ကြောင့် ဝယ်ယူသင့်တာလဲ။
Golden City စီမံကိန်းအဆင့် ၂ဖွင့်ပွဲမှာတော့ သူတို့စီမံကိန်းတစ်ခုလုံးရဲ့ အခြေအနေတွေကို သဲပန်းချီလက်ရာတွေနဲ့ ပြသခဲ့ပြီး ဝယ်ယူသူတွေကို နိုင်ငံခြားအပျော်စီးခရီးစဉ်တွေနဲ့ ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ ရန်ကုန်မြို့လယ်ခေါင်ဟာ ပြန်လည်ထူထောင်ဖို့ ခက်ခဲပြီး အနာဂတ်မှာ ရန်ကုန်ပြင်ပဧရိယာတွေကိုပဲ ပြည်သူတွေက ရွေးချယ်နေထိုင်ကြမှာဖြစ်တဲ့အကြောင်း၊ ရန်ကင်းဟာ ဟိုတယ်နဲ့ဈေးဝယ်စင်တာတွေရှိသလို အင်လျားကန်နဲ့ရော လေဆိပ်နဲ့ပါနီးကပ်နေတာကြောင့် ဂရုတစိုက်နဲ့ ဒီနေရာကို ရွေးချယ်ခဲ့တာပါလို့ Jeffery Lu က ရှင်းပြပါတယ်။
ကုလသမဂ္ဂ Habitat က တစ်ကမ္ဘာလုံးမှာ အိမ်ခြံမြေဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ချမှတ်ထားတာတွေကို Asia Habitat အဖွဲ့က လုပ်ငန်းရှင်တွေပူးပေါင်းပြီး အာရှဒေသကိုဖွံ့ဖြိုးအောင်လုပ်ဖို့ရှိတယ်ဆိုပြီးGreen Asia Habitat Award ဆုကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းလုံးဖြစ်အောင် လုပ်ဆောင်တဲ့သူတွေကို ချီမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။Golden City ကို နမူနာထားပြီး လူနေမှုစနစ်ဖွံ့ဖြိုးအောင် လုပ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။
၂ဝ၁၅ခုနှစ်အတွက် ဆုကိုတော့ Project ပေါင်း ၂ဝဝကျော် လျှောက်ထားတဲ့ထဲကမှာ ၁ဝခုကိုပဲ ရွေးချယ်တာဖြစ်ပြီး Golden Cityကတော့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး ဆုရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ကုမ္ပဏီအနေနဲ့ ရန်ကုန်ကို ရေရှည်အတွက် ပုံရိပ်ကောင်းတစ်ခုဖြစ်အောင် ရည်မှန်းချက်ထားပြီး ပြီးပြည့်စုံတဲ့ နေထိုင်မှုဘဝကို ဖန်တီးပေးထားပါတယ်လို့ ဆိုပါတယ်။
Credit: Kamayut Media