မြန်မာနိုင်ငံတွင် စတော့ရှယ် ယာဈေးကွက်နှင့် စတော့ရှယ်ယာ လုပ်ငန်းများ စတင်လည်ပတ်လာပါ က အိမ်ခြံမြေဈေးနှုန်းများ - Property News in Myanmar from iMyanmarHouse.com
1725 Views

မြန်မာနိုင်ငံတွင် စတော့ရှယ် ယာဈေးကွက်နှင့် စတော့ရှယ်ယာ လုပ်ငန်းများ စတင်လည်ပတ်လာပါ က အိမ်ခြံမြေဈေးနှုန်းများ

တဖြည်း ဖြည်း ပြန်လည်ကျဆင်းလာနိုင် ကြောင်း ဇန်နဝါရီလ ၁ဝ ရက်တွင် UMFCCI ၌ ကျင်းပခဲ့သည့် ရန်ကုန် စတော့အိတ်ချိန်းနှင့် အလုပ်အကိုင် အခွင့်အလမ်းရှင်းလင်းပွဲတွင် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြော ကြားခဲ့မှုအပေါ် အိမ်ခြံမြေဈေးကွက် လိုအပ်ချက်များမြင့်မားမှု ရှိနေသည့် အခြေအနေနှင့် စတော့အိတ်ချိန်း အပေါ် အများပြည်သူ၏ နားလည် သဘောပေါက်မှု အားနည်းနေသည့် အခြေအနေ၊ ရင်းနှီးမြှုပ်နှံနိုင်သည့် ကဏ္ဍများ၏ ခိုင်မာမှုကြောင့် အိမ်ခြံမြေ ဈေးများ ကျဆင်းသွားမည်ဆိုသည် မှာ ဖြစ်နိုင်ခြေမရှိဟု ဝါရင့်အိမ်ခြံမြေ ကျွမ်းကျင်သူများက သုံးသပ်သည်။

”အနာဂတ်မှာ လာမယ့် ရင်းနှီး မြှုပ်နှံမှုတွေကို မျှော်ပြီး အိမ်ခြံမြေ ဈေးကစားကြတာဖြစ်တယ်။ အိမ်ခြံ မြေဈေးကျဖို့အတွက်ကတော့ access တွေကို ကိုင်ထားတဲ့လူတွေ က လုပ်မှ အိမ်ခြံမြေဈေးက ကျနိုင် တယ်။ စတော့ဈေးကွက်က ထွက် လာမယ့် ပိုက်ဆံတွေနဲ့ ကုမ္ပဏီတွေ က ဒီဘက်မှာ ကစားရင် ပိုတောင်ဈေး တက်နိုင်တယ်။ အခုဈေးကွက်ငြိမ် နေတယ်ဆိုတာက ရွေးကောက်ပွဲရှိ လို့ ဈေးကွက်အခြေအနေ ကြည့်တဲ့ သဘောပါ”ဟု Highway Star Real Estate & Construction ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အောင်က ပြောသည်။

လူဦးရေ ၅ ဒသမ ၅ သန်း နေထိုင်သည့် ရန်ကုန်မြို့တော်သို့ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများကြောင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူများ တစ်နေ့ တခြား တိုးပွားလာနေခြင်း၊ ဈေး ကွက်မှ တောင်းဆိုထားသည့် အိမ်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရန် ခက်ခဲနေသည့် အခြေအနေ ရှိခြင်း စသည့်အချက်များကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်လာ ရာတွင် အိမ်ခန်း၊ တိုက်ခန်းအရောင်း အဝယ်ဈေးသာမက ငှားရမ်းခ နှုန်း ထားများပါ လိုက်ပါမြင့်တက်လျက် ရှိသည်။

လက်ရှိဘဏ်စနစ်၌ အားနည်း ချက်များ ရှိနေခြင်း၊ စတော့ရှယ်ယာ ဈေးကွက်နှင့် ပတ်သက်၍ အများ ပြည်သူ နားလည်သဘောပေါက်မှု မပြည့်စုံခြင်း၊ စတော့ရှယ်ယာ ရောင်း ချမည့် ကုမ္ပဏီများအပေါ် ပြည်သူ များက အပြည့်အဝ မယုံကြည်ခြင်း တို့အပြင် ယခင်ခေတ် အဆက်ဆက် ၌ ဖြစ်ပေါ်ခဲ့သော ကုမ္ပဏီအချို့၏ ငွေကြေးဆိုင်ရာ အလွဲသုံးစားပြုမှု ကြောင့်လည်း ပြည်သူလူထုအများစု အနေဖြင့် ခိုင်မာသေချာမှုရှိသည့် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း များကိုသာ ယုံကြည်မှုရှိသည့် အခြေ အနေကြောင့် စတော့ရှယ်ယာဈေး ကွက် ဖွင့်လှစ်ခြင်း၊ မဖွင့်လှစ်ခြင်း သည် အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှု အားနည်းနိုင်သဖြင့် အိမ်ခြံမြေဈေးများကျဆင်းရန် ခက်ခဲ မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုကြသ ည်။

”စတော့ဈေးကွက်က စတယ် ဆိုရင်တောင် လုပ်ငန်းလည်ပတ်ဖို့ အချိန်နှစ်နှစ်လောက် ယူရဦးမယ်။ ဒီဈေးကွက်အပေါ် လူတွေ ဘယ် လောက်ယုံကြည်သလဲ ဆိုတဲ့ ယုံ ကြည်မှုရဖို့ အရင်လုပ်ရမယ်။ ဘဏ် စနစ်တွေလည်း အားနည်းနေတော့ ချက်ချင်းလက်ငင်း အိမ်ခြံမြေဈေး ကျဖို့တော့ မရှိပါဘူး။ အခုအချိန်မှာ မြှုပ်နှံမှုအနေနဲ့ အခိုင်မာဆုံးကတော့ အိမ်ခြံမြေဖြစ်နေသေးတယ်။ ကျရိပ် မရှိပါဘူး။ အခြေခံအဆောက်အဦ ပိုင်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အများကြီးလုပ်ဖို့လိုတယ်”ဟု အေးရိပ်စံ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ကိုဝင်းထိန်က အိမ်ခြံမြေဈေး ကွက်အနေအထားကို ပြောသည်။

Credit: အိမ်ခြံမြေသတင်း

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service