ကပ်ဘေးတွေနဲ့ စစ်ပွဲတွေကို ရှောင်ဖယ်ပေးမယ့် မြေအောက်ကွန်ဒို - Property News in Myanmar from iMyanmarHouse.com
1474 Views

ကပ်ဘေးတွေနဲ့ စစ်ပွဲတွေကို ရှောင်ဖယ်ပေးမယ့် မြေအောက်ကွန်ဒို

အိမ်ဆိုတာ လူသားတွေ အတွက် အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ ငွေကြေး တတ်နိုင် သူတွေကတော့ နေထိုင်မယ့် အိမ်အတွက် အကောင်းဆုံး ပုံဖော်လေ့ ရှိကြပါတယ်။ အများနဲ့သက်ဆိုင်တဲ့ နေရာတွေကိုလည်း ထူးခြား စိတ်ကူးတွေနဲ့ ပုံဖော် တည်ဆောက်လေ့ ရှိပါတယ်။ ဒီလိုဖန်တီး တည်ဆောက်ရာမှာ ထူးထူးခြားခြား ဖြစ်စေခဲ့တဲ့ အိမ်နဲ့ ကွန်ဒိုအချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

ကပ်ဘေးတွေနဲ့ စစ်ပွဲတွေကို ရှောင်ဖယ်ပေးမယ့် မြေအောက်ကွန်ဒို

အနာဂတ် အချိန်မှာ ကမ္ဘာကြီး ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။ တကယ်လို့ စစ်ပွဲတွေ၊ ရောဂါဘယတွေ ဖြစ်ပွားလာပါက ဘယ်လို ရှောင်တိမ်း နေရမလဲဆိုတာ သာမန် လူတွေက မစဉ်းထားပေမယ့် ချမ်းသာ ကြွယ်ဝသူတွေ ကတော့ ကြိုတင် ပြင်ဆင်မူတွေ ပြုလုပ်ထားကြပြီ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ စစ်ပွဲတွေ ဖြစ်လာပါက ရှောင်တိမ်းနိုင်မယ့် တွင်းကြီးတွေကို တူးဖော် ထားပါတယ်။

ဒီတွင်းကြီးတွေပာာ အထူး တည်ဆောက် ထားတာ ဖြစ်ပြီး ဓာတုလက်နက်၊ နျူကလီးယားနဲ့ တိုက်ခိုက်ခြင်း တို့ကိုပါ ကာကွယ်နိုင်ပြီး ကူးစက် ရောဂါတွေ၊ ရာသီဥတု ဘေးတွေကနေလည်း ကာကွယ် ပေးနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ကင်းဆက်စ် ပြည်နယ်မှာ ဒီလို အခြေအနေမျိုးကနေ ကာကွယ်ပေးမယ့် အဆင့်မြင့် မြေအောက် ကွန်ဒိုကို တည်ဆောက် ပေးသွားမှာ ဖြစ်ပါတယ်။ အရင်က စစ်တပ် အသုံးပြုခဲ့တဲ့ နေရာကို ပြန်ဝယ်ယူပြီး အိမ် ခြံ မြေ လုပ်ငန်း လုပ်ကိုင်နေတဲ့ လာရီပောာက အဆင့်မြင့် မြေအောက် ကွန်ဒိုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

မြေအောက်ထဲမှာ တည်ဆောက် ထားတာ ဖြစ်ပေမယ့် အကောင်းဆုံး ဖြစ်အောင် ပြုလုပ် ပေးထားပါတယ်။ အထပ်ပေါင်း (၁၅) ထပ် ပါဝင်ပြီး လူ (၇၀) ဦး နေထိုင် နိုင်ပါတယ်။ ဒါ့အပြင် အခန်းတွေကိုလည်း အကောင်းဆုံး ဖွဲ့စည်းထားပြီး စာကြည့်ခန်း၊ ရုပ်ရှင်ရုံ၊ ရေကူးကန်၊ စာသင်ခန်း စတာတွေကိုလည်း ထည့်သွင်း ထားပါတယ်။

မြေအောက်ထဲမှာ တည်ဆောက် ထားပေမယ့် အပြင်မှာ နေရသလိုမျိုး ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ အရေးပေါ် ဖြစ်ရပ်တွေ ဖြစ်ပွားလာပါက နှစ်ပေါင်းများစွာ စားနိုင်တဲ့ အစာခြောက်တွေ ထားပေးထားပြီး စိုက်ခင်းငယ်၊ ငါးမွေးကန် တို့ကိုပါ ပြုလုပ် ပေးထားပါတယ်။ လျှပ်စစ် ဓာတ်အား ရရှိအောင်လည်း ပြုလုပ်ပေးထားပြီး ကြီးမားတဲ့ မီးစက်နဲ့ လေရပာတ် တွေကိုလည်း ထည့်သွင်း ပေးထားပါတယ်။

စစ်တပ်မှာ အသုံးပြုနေတဲ့ လုံခြုံရေး စနစ်ကို အသုံးပြု ထားတာကြောင့် နေထိုင်သူတွေ ဘေးအန္တရာယ် မဖြစ်စေဖို့ ရာနူန်းပြည့် စိတ်ချရတယ်လို့ ဆိုထားပါတယ်။ စက်တင်ဘာလ (၁၁) တိုက်ခိုက်မူခံရ အပြီးမှာ အမေရိကန် ပြည်သူတွေပာာ သူတို့ လုံခြံရေးကို စိတ်မချတော့ဘဲ အဆင့်မြင့် မြေအောက်ကွန်ဒိုမှာ အခန်း ၀ယ်ယူမူတွေ ရှိလာပါတယ်။

ဝယ်ယူသူ အများစုပာာ ဆရာဝန်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်ကြပြီး ဈေးနှုန်းတွေက ဒေါ်လာ (၁ ဒသမ ၅)သန်း ကနေ သုံးသန်းအထိ ရှိပါတယ်။ ဆေးရွက်ကြီး လုပ်ငန်း လုပ်ကိုင်နေတဲ့ စီးပွားရေး လုင်ငန်းရှင်တွေက အခန်းလေးခန်း အတွက် ဒေါ်လာ (၁၂) သန်း ပေးချေ ၀ယ်ယူခဲ့ပြီး တစ်သက်တာ အာမခံတဲ့ ရင်းနှီးမူကို ပြုလုပ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

Credit: messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service