ဒီဇိုင်းနှင့်အရည်အသွေးပိုင်းအားနည်းခဲ့၍ ရန်ကုန်ရှိ အဆောက်အအုံအချို့ အိုဟောင်းမြန်နေ - Property News in Myanmar from iMyanmarHouse.com
890 Views

ဒီဇိုင်းနှင့်အရည်အသွေးပိုင်းအားနည်းခဲ့၍ ရန်ကုန်ရှိ အဆောက်အအုံအချို့ အိုဟောင်းမြန်နေ

ရန်ကုန်မြို့တွင်တည် ဆောက်ခဲ့သည့် အထပ်မြင့် အဆောက်အအုံ အများစုမှာ သက်တမ်းအနည်းငယ်သာအသုံး ပြုရသေးသော်လည်း ဟောင်းနွမ်း သွားမှုမြန်ဆန်နေကြောင်း မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦး က ပြောသည်။

ဒီဇိုင်းရေးဆွဲရာတွင် အား နည်းခြင်း၊ အရည်အသွေးမမီ တည်ဆောက်ခြင်းများကြောင့် သက်တမ်း နှစ် ၂၀ ရှိ အထပ်မြင့် တိုက်တာများမှာ နှစ် ၅၀ အသုံး ပြုထားသည့် တိုက်တာများ၏ အခြေအနေနှင့်တူညီနေကြောင်း ဒေါ်လှိုင်ဦးမော်ကပြောသည်။

အဆောက်အအုံအများစု သည် လေဝင်လေထွက်အား နည်းခြင်း၊ အလင်းရောင်ရရှိရန် ခက်ခဲခြင်း၊ နေရာတစ်ခုတည်း တွင် အထပ်မြင့်အဆောက်အအုံများပြည့်ကျပ်စွာ စုပြုံဆောက် ထားခြင်းကြောင့် ရန်ကုန်သည် စီမံခန့်ခွဲမှုအားနည်းခြင်းများ၏ အကျိုးဆက်နှင့်ကြုံနေရကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တွင် လက်ရှိတည် ဆောက်ထားသည့် အထပ်မြင့် အဆောက်အအုံအများစုတွင် ပြတင်းပေါက်များမပါခြင်း၊ ကား ပါကင်မပါခြင်း၊ နောက်ဖေးလမ်း ကြားများ စနစ်တကျမရှိခြင်း၊ အရေးပေါ်လှေကားများမပါဝင် ခြင်းတို့ကြောင့် ရန်ကုန်၏ လူနေ မှုစနစ်သည် များစွာနိမ့်ကျနေပြီ ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက် တာကျော်လတ်က ဆိုသည်။

‘‘အချိန်တိုတိုအတွင်းမှာ အရည်အသွေးကိုမကြည့်ဘဲ အရေအတွက်ကိုဦးစားပေးခဲ့ တော့ ရန်ကုန်ရဲ့တိုက်ခန်းတော် တော်များများက အရည်အသွေး တွေအများကြီးနိမ့်ကျခဲ့ရတယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။

အရည်အသွေးနိမ့် အဆောက်အအုံများ ထပ်မံပေါ်ထွက်လာ ခြင်းမရှိစေရန် အဆောက်အအုံများတစ်သမတ်တည်း ဆောက်လုပ်ရမည့် အမျိုးသားအဆင့်အဆောက်အအုံစံသတ်မှတ်ချက် (National Building Code) ကိုအတည်ပြုလိုက်ပြီဖြစ်၍ စံညွှန်းအတိုင်း ဆောက်လုပ်ရန် ကြပ်မတ်တော့မည်ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးဝင်းခိုင်ကပြောသည်။

ရန်ကုန်ကိုဗဟိုပြု၍ သတ် မှတ်မည့်အထပ်မြင့်တိုက်တာများ တည်ဆောက်ရန် ဧရိယာမြေ အကျယ်အဝန်းသတ်မှတ်ချက် (Zoning Plan)ကိုလည်း လမ်းညွှန်မြေပုံအဖြစ်ထုတ်ပြန်ရန် ပညာရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ ညှိနှိုင်းဆွေးနွေးကာ မကြာမီထုတ်ပြန်ပေးနိုင်တော့ မည်ဟုသိရသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service