ဝန်ထမ်းအိမ်ရာများကို အဆင့်မြှင့်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
516 Views

ဝန်ထမ်းအိမ်ရာများကို အဆင့်မြှင့်ရန် စီစဉ်

ရန်ကုန်- ရန်ကုန်မြို့ရှိ အစိုးရပိုင် အိမ်ရာ ဆယ်ခုအပါအ၀င် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ၀န်ထမ်း အိမ်ရာများကို အဆင့်မြှင့်တင်ရန် မဟာစီမံကိန်းရေးဆွဲနေကြောင်း သတင်းရရှိသည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန က အကောင်အထည်ဖော်ခဲ့သည့် အစိုးရပိုင် ၀န်ထမ်းအိမ်ရာများသည် ဟောင်းနွမ်းပြီး သက်တမ်းလွန်နေကာ မြို့ပြအချက်အချာကျသည့် နေရာတွင်တည်ရှိ နေသည်။ ထို့ကြောင့် အထပ်မြင့် တိုက်များအဖြစ် ပြန်လည်ပြုပြင် ပြီး အခန်းငှားခများ တိုးမြှင့်ရန်စီ စဉ်နေခြင်း ဖြစ်သည်။

‘‘အခန်းတွေက လူနေမှုစနစ် နဲ့ မကိုက်ညီတော့ဘူး။ ငှားထားတဲ့ ဈေးကလည်းနည်းနေတယ်။ မြို့ရဲ့ အချက်အချာနေရာတွေ ရှိ တော့ စီးပွားရေးအရ အဆင်ပြေပြေ လုပ်ဆောင်သွားဖို့ ရှိတယ်’’ဟု ယင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က ပြောသည်။

ရန်ကုန်မြို့တွင် လင့်ခ်လမ်းအိမ်ရာ၊ ၅၁ လမ်းအိမ်ရာများကို ယခုနှစ်အတွင်းအပြီး ပြန်လည်တည်ဆောက်နေပြီး သုဝဏ္ဏနှင့် ရန်ကင်းရှိ အိမ်ရာများကို အထပ်မြင့်တိုက်ခန်းများအဖြစ် ဆောက်လုပ်ရန် မဟာစီမံကိန်း ရေးဆွဲနေသည်။ မန္တလေးတွင် စိတ္တရမဟီစီမံကိန်းနှင့် ပုသိမ်မြို့တွင် စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေကြောင်း အထက်ပါဌာနမှ သိရသည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြန်လည်တည်ဆောက်ရန် စီမံကိန်းများ ရေးဆွဲနေကြောင်း ဒေါ်အေးအေးမြင့်က ပြောသည်။

အထက်ပါ စီမံကိန်းများအ ကောင်အထည် ဖော်ရာတွင် ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ခြင်း၊ ပြည်နယ်တိုင်း ဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ခြင်းများ ရှိကြောင်း သိရသည်။ ခေတ်ကာ လနှင့် မလျော်ညီသော အိမ် ခန်းငှားခများကိုလည်း ပြန်လည် ပြင်ဆင်ကောက်ခံမှာဖြစ်ပြီး မူလ နေထိုင်သူများအား နေရာပြန်ချ ထားပေးရန် လောလောဆယ် စီစဉ်ထားကြောင်း ယင်းဦးစီးဌာနမှ သိရသည်။

‘‘၀န်ထမ်း အိမ်ရာကတော့ အခန်းက ကျဉ်းတယ်။ ပြန် ဆောက်ပြီး အမှန်တကယ်နေထိုင်မယ့် သူတွေကို ပြန်ပေးမယ်ဆိုတော့ မဆိုးပါဘူး။ နှစ်ဖက်စလုံး အဆင်ပြေတယ်။ အိမ်လခက အဆင်ပြေတဲ့နှုန်းတော့ ဖြစ်ချင်တယ်’’ဟု ရန်ကင်းဝန်ထမ်း အိမ်ရာမှကိုအောင်လင်းကပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ရာများကို ၁၉၅၀ ပြည့်ဝန်းကျင်တွင် တည် ဆောက်ခဲ့ပြီး အခန်းကျဉ်းသာ ဖြစ်သည်။ လက်ရှိအချိန်တွင် အားကစားကွင်းအစရှိသည့် လူနေမှုဆိုင်ရာ လိုအပ်ချက်များ ရှိသည်။ ပုံမှန်လက်ရှိ ယင်းနေရာ များမှ တိုက်ခန်းငှားခများသည် ကျပ်ငွေရာဂဏန်းခန့်သာ ရှိသည်။

Credit: 7 day daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service