လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ရာ အိမ်နီးချင်းများနှင့် ပြဿနာတက်၊ မုတ်ဆိတ်ဖြူနေပြီဖြစ်သူ ဒီကာပရီယိုက မွေးနေ့အပြီးတွင် အသက် ၂၆ နှစ်အရွယ် ချစ်သူမိန်းကလေးနှင့် ခရီးထွက်ခဲ့

လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ရာ အိမ်နီးချင်းများနှင့် ပြဿနာတက်၊ မုတ်ဆိတ်ဖြူနေပြီဖြစ်သူ ဒီကာပရီယိုက မွေးနေ့အပြီးတွင် အသက် ၂၆ နှစ်အရွယ် ချစ်သူမိန်းကလေးနှင့် ခရီးထွက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
28 Nov 2024 11:16 am တွင် တင်ခဲ့သည်
702 ကြိမ် ကြည့်ရှု့ပြီး

လီယိုနာဒို ဒီကာပရီယိုသည် အသက် ၅၀ နှစ်ပြည့် မွေးနေ့ကို ကမ္ဘာကျော် Walmart ကုန်တိုက်အုပ်စုကြီး၏ အမွေဆက်ခံသူ အမျိုးသမီးပိုင်သော ခမ်းနားကြီးကျယ်လှသည့် လော့စ်အိန်ဂျလိစံအိမ်ကြီးတွင် ကျင်းပခဲ့သည်။

ဒီကာပရီယို၏ မွေးနေ့ပါတီပွဲသို့ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ တက်ရောက်ခဲ့ရာ ပဲရစ်ဟီလ်တန်၊ ကေတီပယ်ရီ တို့မှသည် ဘရက်ပစ်၊ အယ်လ်ပါချီနိုတို့အထိ ပါဝင်သည်။

ပါတီပွဲကို Walmart တည်ထောင်သူ၏ တူမ တော်စပ်သူ Sybil Robson Orr နှင့် ခင်ပွန်းဖြစ်သူ Mattew Orr တို့ ပိုင်ဆိုင်သော ကျယ်ပြောလှသည့် ခြံဝန်းကြီးအတွင်းရှိ စံအိမ် ၂ လုံးတွင် နေရာခွဲကာ ကျင်းပခဲ့သည်။

Page Six သတင်းဌာန၏ ဖော်ပြချက်အရ မွေးနေ့ပါတီပွဲကို ညစာစားပွဲဖြင့် စတင်ခဲ့ပြီး ထိုပွဲသို့ ဒီကာပရီယိုနှင့် အရင်းနှီးဆုံး အတွင်းစည်းမှ မိတ်ဆွေများ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် ပါတီပွဲကို ခြံဝန်းကြီးအတွင်းရှိ အခြားစံအိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုစံအိမ်တွင်မူ ကမ္ဘာကျော် ကြယ်ပွင့်များစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး ညသန်းခေါင်ကျော် မိုးလင်းလုနီးပါး ကခုန်ခဲ့ကြသည်။

မွေးနေ့ပွဲလာ ဧည့်ပရိသတ်များ အလွန်ပျော်ရွှင်ခဲ့ကြရသော်လည်း ထိုဒေသရှိ အိမ်နီးချင်းများမှာမူ ပါတီပွဲညတွင် ခြေချင်းလိမ်နေသော ဓာတ်ပုံဆရာများ၊ လုံခြုံရေးများ၊ ပါတီပွဲကျင်းပရာအိမ်သို့ ဥဒဟိုဝင်ထွက်ကာ ကမ္ဘာကျော် ကြယ်ပွင့်များကို အကြိုအပို့လုပ်နေသော SUV ကားကြီးများကြောင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

Page Six သတင်းဌာနက ရရှိခဲ့သော ဗွီဒီယိုဖိုင်တစ်ခုတွင် ဒေါသထွက်နေသော အိမ်နီးချင်းများနှင့် မွေးနေ့ပွဲ ကျင်းပရာအိမ်မှ လုံခြုံရေး၊ အခြားဝန်ထမ်းများအကြား စကားများနေသည်ကို တွေ့ရသည်။

လီယိုနာဒို ဒီကာပရီယို၏ Hollywood Hills စံအိမ်မှာ မွေးနေ့ပွဲကျင်းပရာ စံအိမ်ကြီးအနီးတွင် တည်ရှိသည်။

မွေးနေ့ပွဲကျင်းပသည့် စံအိမ်ကြီးသည် The Crown ဟုခေါ်သည့် အငူတစ်ခုပေါ်တွင်ရှိသည်။

ထိုနေရာတွင် စံအိမ် ၃ လုံးသာရှိရာ ၂ လုံးမှာ Orrs မိသားစုက ပိုင်ဆိုင်ထားသည်။

(လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်မွေးနေ့ပွဲကို လော့စ်အိန်ဂျလိရှိ စံအိမ်ကြီးတစ်လုံးတွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ-Jeff Kravitz/ FilmMagic)

(မွေးနေ့ပါတီပွဲသို့ Cara Delevingne ၊ ဘရက်ပစ်နှင့် ကေတီပယ်ရီတို့ အပါအဝင် ဒိတ်ဒိတ်ကြဲ အကျော်အမော်များစွာ တက်ရောက်ခဲ့သည်။ ဓာတ်ပုံ-Instagram, Getty Images)

Sybil Robson Orr သည် Walmart ကုန်တိုက်အုပ်စုကြီးကို တည်ထောင်သူ ဆမ်ဝေါလ်တန်၏ တူမ ဖြစ်ပြီး ၎င်းကိုယ်တိုင်လည်း Robson Orr Entertainment ကို တည်ထောင်ထားသည့် ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။

Sybil တို့ ဇနီးမောင်နှံသည် The Crown တွင်ရှိသော စံအိမ်ကြီး ၃ လုံးအနက် ၂ လုံးကို ပိုင်ဆိုင်ထားသည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အဆိုပါစံအိမ်ကြီးများသည် ချောက်ကမ်းပါး၊ လော့စ်အိန်ဂျလိနှင့် ပင်လယ်၏ ရှုမျှော်ခင်းတို့ကို အပြောကျယ်စွာ ရှုမြင်ခံစားနိုင်သည့်မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။

သတင်းများအရ Sybil တို့ ဇနီးမောင်နှံသည် မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကို ၂၀၁၀ ပြည့်နှစ်အတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စံအိမ်အကျယ် ၉၆၉၁ စတုရန်းပေရှိပြီး ရုရှားသူဌေးကြီး၏ အမွေခံဖြစ်သူ Daria Zhukova ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၁၂ ခုနှစ်တွင် ကပ်လျက်ရှိသော စံအိမ်ကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဂရန့် ကာဒွန်းထံမှ ဝယ်ယူခဲ့သည်။

ထိုစံအိမ်မှာ စတုရန်းပေ ၇၀၄၃ ကျယ်ဝန်းပြီး ခြံအကျယ် ၀ ဒသမ ၆၇ ဧကရှိကာ တချိန်က ကမ္ဘာကျော်အဆိုတော် လီယိုနယ် ရစ်ချီ ပိုင်ဆိုင်ခဲ့ဖူးသည်။

(လီယိုနာဒို ဒီကာပရီယို အသက် ၅၀ ပြည့် မွေးနေ့ပွဲ ဆင်နွှဲခဲ့သော လော့စ်အိန်ဂျလိစံအိမ်ကြီး။ ဓာတ်ပုံ-Google Maps)

(The Crown အငူရှိ စံအိမ်ကြီး ၂ လုံးကို Sybil တို့ ဇနီးမောင်နှံက ဝယ်ယူရာတွင် ကန်ဒေါ်လာ သန်း ၃၀ ခန့် သုံးစွဲခဲ့ရသည်။ ဓာတ်ပုံ-LACMA)

((၂၆ နှစ်အရွယ် ချစ်သူမိန်းကလေးနှင့် ခရီးထွက်ခဲ့ခြင်း))

ဒီကာပရီယိုသည် မွေးနေ့ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပပြီးနောက် အသက် ၂၆ နှစ်သာ ရှိသေးသော ချစ်သူမိန်းကလေး နှင့်အတူ မက္ကဆီကိုနိုင်ငံ၊ Cabo San Lucas မြို့သို့ ခရီးထွက်ခဲ့သည်။

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ ဒီကာပရီယိုမှာ မုတ်ဆိတ်များ ဖြူနေပြီဖြစ်နေသည်ကို တွေ့ရသည်။

ဒီကာပရီယို၏ ချစ်သူမိန်းကလေး Vittoria Ceretti သည် မော်ဒယ်တစ်ဦးဖြစ်ပြီး အင်စတာဂရမ်တွင် follower ၁ ဒသမ ၈ သန်းရှိသည်။

(လီယိုနာဒို ဒီကာပရီယိုသည် အသက် ၅၀ ပြည့်မွေးနေ့ပွဲအပြီးတွင် မက္ကဆီကိုနိုင်ငံသို့ ခရီးထွက်ခဲ့ရာ ဓာတ်ပုံတွင် တွေ့ရမှုအရ မုတ်ဆိတ်ဖြူနေပြီဖြစ်သည်ကို တွေ့ရသည်။)

(Vittoria က မက္ကဆီကိုတွင် အလည်အပတ်သွားနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် တင်ခဲ့ရာ ပုံထဲတွင် ဝဲဘက်၌ လီယိုနာဒို ဒီကာပရီယို၏ လက်တစ်ဖက်ကို တွေ့ရမည် ဖြစ်သည်။)

ဒီကာပရီယိုနှင့် Vittoria တို့ မက္ကဆီကိုသို့ အလည်အပတ်သွားသော ခရီးစဉ်တွင် ဒီကာပရီယို၏ မိခင်ကြီး Irmelin Indenbirken လည်း လိုက်ပါခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Leonardo DiCaprio Hosts Star-Studded 50th Birthday Party Inside Walmart Heiress’ Lavish L.A. Estate (and Sparks Fury From Neighbors) Photo Credit- Jeff Kravitz/ FilmMagic, Instagram, Getty Images, Google Maps, LACMA)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service