သရဲမကြောက်တတ်သူများအတွက် အထူးအခွင့်အလမ်း (သို့မဟုတ်) ကမ္ဘာကျော် Poltergeist သရဲကား ရိုက်ကူးခဲ့သည့် ပုဏ္ဏကတိုက်သော ခြောက်ခြားဖွယ်စံအိမ်ကြီးကို ပိုင်ရှင်ဖြစ်သူက ငှားရမ်းတည်းခိုလိုသူများ အတွက် ငှားရမ်းပေးရန် စီစဉ်လာ

သရဲမကြောက်တတ်သူများအတွက် အထူးအခွင့်အလမ်း (သို့မဟုတ်) ကမ္ဘာကျော် Poltergeist သရဲကား ရိုက်ကူးခဲ့သည့် ပုဏ္ဏကတိုက်သော ခြောက်ခြားဖွယ်စံအိမ်ကြီးကို ပိုင်ရှင်ဖြစ်သူက ငှားရမ်းတည်းခိုလိုသူများ အတွက် ငှားရမ်းပေးရန် စီစဉ်လာ - Property News in Myanmar from iMyanmarHouse.com
16 Oct 2024 2:30 pm တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သဘာဝလွန်ဖြစ်ရပ်ဆန်းများ စိတ်ဝင်စားသူတို့အတွက် သရဲခြောက်သောအိမ်ကြီးတစ်လုံး ငှားရမ်းတည်းခို နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေသည်။

သို့သော် ဖြစ်ပျက်သမျှ ငှားရမ်းနေထိုင်သူနှင့်သာ သက်ဆိုင်ပြီး မိမိအနေဖြင့် တာဝန်မယူကြောင်း အိမ်ရှင်က ပြောထားသည်။

ထိုစံအိမ်ကြီးသည် ၁၉၈၂ ခုနှစ်က ရုံတင်ခဲ့သော ကမ္ဘာကျော် Poltergeist သရဲကား ရိုက်ကူးခဲ့သည့် နေရာဖြစ်ပြီး ယခုအခါ အငှားအိမ်အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Simi Valley မြို့တွင် တည်ရှိပြီး ၁၉၇၉ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

((Poltergeist သရဲရုပ်ရှင်အကြောင်း))

Poltergeist သရဲရုပ်ရှုင်ကို ကမ္ဘာကျော် ဒါရိုက်တာကြီး စတီဗင် စပီးဘတ်က ဇာတ်ညွှန်းရေးကာ ပူးတွဲထုတ်လုပ်သူအဖြစ် ပါဝင်ခဲ့သည်။

ရိုက်ကူးစရိတ် ကန်ဒေါ်လာ ၁၀ သန်းကျော်သာရှိပြီး ဒေါ်လာ ၁၂၁ သန်းကျော် ပြန်ရခဲ့သောကြောင့် စီးပွားရေးအရ များစွာအောင်မြင်ခဲ့သည်။

စတီဗင် စပီးဘတ်၏ Poltergeist သည် အော်စကာဆု ၃ ဆုအထိ အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

ချီကာဂို ရုပ်ရှင်ဝေဖန်ရေးအသင်းက Poltergeist ကို ၂၀ ရာစု၏ ခြောက်ခြားဖွယ်အကောင်းဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ခဲ့သည်။

ထိုရုပ်ရှင် ဝက်ဝက်ကွဲအောင်မြင်မှုကြောင့် Trilogy အဖြစ် ၁၉၈၆ နှင့် ၁၉၈၈ ခုနှစ်တို့တွင် အပိုင်း ၂ ၊ အပိုင်း ၃ အဖြစ် ဆက်လက်ရိုက်ကူးခဲ့သော်လည်း မူရင်းရုပ်ရှင်လောက် အောင်မြင်မှုမရတော့။

ဇာတ်လမ်းမှာ စတီဗင်နှင့် ဒိုင်ယန် ဖရီးလင်းအမည်ရှိ အိမ်ခြံမြေအကျိုးဆောင် ဇနီးမောင်နှံနှင့် ကလေးငယ်များ ၏ နေအိမ်တွင် တီဗွီမှန်သားပြင်ထဲမှ တစ္ဆေလက်ကြီးထွက်လာခြင်း၊ အိမ်သုံးပစ္စည်းများ ကွေးကောက်သွားခြင်း၊ ပရိဘောဂများ အလိုအလျောက်ရွေ့လျားခြင်း အစရှိသော ပုဏ္ဏကတိုက်သည့် ဖြစ်ရပ်များ ရင်ဆိုင်ရပုံကို ရိုက်ကူးထားခြင်း ဖြစ်သည်။

 

(ကယ်လီဖိုးနီးယားပြည်နယ်၊ Simi Valley မြို့ရှိ Poltergeist သရဲကား ရိုက်ကူးခဲ့သောအိမ်။ ဓာတ်ပုံ-Google Maps)

 

ပုဏ္ဏကတိုက်သောအိမ်ကြီးသည် ပြီးခဲ့သော သောကြာနေ့က ကန်ဒေါ်လာ ၁ ဒသမ ၂၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အရောင်းကြော်ငြာက အတည်ပြုသည်။

ဝယ်ယူလိုက်သော ပိုင်ရှင်သစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Gatos မြို့မှ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းပါသော အိမ်ကို ကာလတို ငှားရမ်းနိုင်သည့်အိမ်အဖြစ် အသုံးပြုသွားရန် စီစဉ်ထားသည်။

 

(Roxbury လမ်း၊ အမှတ် ၄၂၆၇ တွင် တည်ရှိသည်။ ဓာတ်ပုံ-Shad Yassini no22media)

 

(Poltergeist ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု။ ဓာတ်ပုံ-MGM/ Everett Collection)

 

TMZ သတင်းဌာန၏ ဖော်ပြချက်အရ အောက်တိုဘာလ ၃၁ ရက်အထိ ယခုအိမ်ကို ငှားရမ်းနိုင်ဦးမည် မဟုတ်သေးကြောင်း၊ လက်ရှိပိုင်ရှင်က နေအိမ်ပြန်လည်မွမ်းမံမှုများ ပြီးပြည့်စုံအောင် လုပ်ဆောင်ဦးမည်ဖြစ် ကြောင်း ဖော်ပြသည်။

 

(Poltergeist ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု။ ဓာတ်ပုံ- MGM/ Everett Collection)

 

ပုဏ္ဏကတိုက်သော အိမ်သည် ယခုနှစ် သြဂုတ်လအတွင်းက အရောင်းဈေးကွက်ဝင်လာခဲ့ရာ ၄၅ နှစ်တာ ကာလအတွင်း ပထမဆုံအကြိမ် အရောင်းဈေးကွက်သို့ ရောက်ရှိခဲ့ခြင်းလည်း ဖြစ်သည်။

ကြီးမားသော ပြတင်းကြီးများဖြင့် လင်းလင်းချင်းချင်းရှိသော ဧည့်ခန်း၊ ညစာစားခန်းနှင့် ခေတ်မီအသုံးအဆောင် ပစ္စည်းများ ထည့်သွင်းထားသော မီးဖိုဆောင်တို့ရှိသည်။

အပေါ်ထပ်တွင် ပေါင်းကူးအမိုးခုံး မျက်နှာကြက်၊ ရေချိုးခန်းနှင့် walk-in closet တို့ပါသော ပင်မအိပ်ခန်း အပါအဝင် အိပ်ခန်း ၄ ခန်းရှိသည်။

အိမ်နောက်ဘက်တွင် စတုရန်းပေ ၁၆၀၀၀ ကျယ်ဝန်းသော ကွက်လပ်ရှိပြီး ရေကူးကန်နှင့် jacuzzi တို့ ရှိသည်။

 

(Poltergeist ရုပ်ရှင်ကား ရိုက်ကူးခဲ့သောအိမ်။ ဓာတ်ပုံ-Google Earth)

 

(Oliver Robins နှင့် Dominique Dunne တို့ Poltergeist ရုပ်ရှင်ကားတွင် သရုပ်ဆောင်ခဲ့ကြပုံ။ ဓာတ်ပုံ-MGM/ Everett Collection)

 

(Poltergeist မှ ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု။ ဓာတ်ပုံ- MGM/ Everett Collection)

 

(Poltergeist ရုပ်ရှင်တွင် Craig T. Nelson သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ- MGM/ Everett Collection)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Poltergeist’ house is becoming an Airbnb that will replicate the horror film’s set (nypost)

Photo Credit-Google Maps, Shad Yassini no22media, MGM/ Everett Collection, Google Earth

 

 

[Zawgyi]

သရဲမေၾကာက္တတ္သူမ်ားအတြက္ အထူးအခြင့္အလမ္း (သို႔မဟုတ္) ကမၻာေက်ာ္ Poltergeist သရဲကား ရိုက္ကူးခဲ့သည့္ ပုဏၰကတိုက္ေသာ ေျခာက္ျခားဖြယ္စံအိမ္ၾကီးကို ပိုင္ရွင္ျဖစ္သူက ငွားရမ္းတည္းခိုလိုသူမ်ား အတြက္ ငွားရမ္းေပးရန္ စီစဥ္လာ

သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ား စိတ္ဝင္စားသူတို႔အတြက္ သရဲေျခာက္ေသာအိမ္ၾကီးတစ္လံုး ငွားရမ္းတည္းခို ႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္ေနသည္။

သို႔ေသာ္ ျဖစ္ပ်က္သမွ် ငွားရမ္းေနထိုင္သူႏွင့္သာ သက္ဆိုင္ျပီး မိမိအေနျဖင့္ တာဝန္မယူေၾကာင္း အိမ္ရွင္က ေျပာထားသည္။

ထိုစံအိမ္ၾကီးသည္ ၁၉၈၂ ခုႏွစ္က ရံုတင္ခဲ့ေသာ ကမၻာေက်ာ္ Poltergeist သရဲကား ရိုက္ကူးခဲ့သည့္ ေနရာျဖစ္ျပီး ယခုအခါ အငွားအိမ္အျဖစ္ ေျပာင္းလဲလိုက္ျခင္း ျဖစ္သည္။

အေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္၊ Simi Valley ျမိဳ႕တြင္ တည္ရွိျပီး ၁၉၇၉ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

((Poltergeist သရဲရုပ္ရွင္အေၾကာင္း))

Poltergeist သရဲရုပ္ရွုင္ကို ကမၻာေက်ာ္ ဒါရိုက္တာၾကီး စတီဗင္ စပီးဘတ္က ဇာတ္ညႊန္းေရးကာ ပူးတြဲထုတ္လုပ္သူအျဖစ္ ပါဝင္ခဲ့သည္။

ရိုက္ကူးစရိတ္ ကန္ေဒၚလာ ၁၀ သန္းေက်ာ္သာရွိျပီး ေဒၚလာ ၁၂၁ သန္းေက်ာ္ ျပန္ရခဲ့ေသာေၾကာင့္ စီးပြားေရးအရ မ်ားစြာေအာင္ျမင္ခဲ့သည္။

စတီဗင္ စပီးဘတ္၏ Poltergeist သည္ ေအာ္စကာဆု ၃ ဆုအထိ အမည္စာရင္းတင္သြင္းခံခဲ့ရသည္။

ခ်ီကာဂို ရုပ္ရွင္ေဝဖန္ေရးအသင္းက Poltergeist ကို ၂၀ ရာစု၏ ေျခာက္ျခားဖြယ္အေကာင္းဆံုး ရုပ္ရွင္အျဖစ္ သတ္မွတ္ခဲ့သည္။

ထိုရုပ္ရွင္ ဝက္ဝက္ကြဲေအာင္ျမင္မႈေၾကာင့္ Trilogy အျဖစ္ ၁၉၈၆ ႏွင့္ ၁၉၈၈ ခုႏွစ္တို႔တြင္ အပိုင္း ၂ ၊ အပိုင္း ၃ အျဖစ္ ဆက္လက္ရိုက္ကူးခဲ့ေသာ္လည္း မူရင္းရုပ္ရွင္ေလာက္ ေအာင္ျမင္မႈမရေတာ့။

ဇာတ္လမ္းမွာ စတီဗင္ႏွင့္ ဒိုင္ယန္ ဖရီးလင္းအမည္ရွိ အိမ္ျခံေျမအက်ဳိးေဆာင္ ဇနီးေမာင္ႏွံႏွင့္ ကေလးငယ္မ်ား ၏ ေနအိမ္တြင္ တီဗြီမွန္သားျပင္ထဲမွ တေစၦလက္ၾကီးထြက္လာျခင္း၊ အိမ္သံုးပစၥည္းမ်ား ေကြးေကာက္သြားျခင္း၊ ပရိေဘာဂမ်ား အလိုအေလ်ာက္ေရြ႕လ်ားျခင္း အစရွိေသာ ပုဏၰကတိုက္သည့္ ျဖစ္ရပ္မ်ား ရင္ဆိုင္ရပံုကို ရိုက္ကူးထားျခင္း ျဖစ္သည္။

(ကယ္လီဖုိးနီးယားျပည္နယ္၊ Simi Valley ျမိဳ႕ရွိ Poltergeist သရဲကား ရိုက္ကူးခဲ့ေသာအိမ္။ ဓာတ္ပံု-Google Maps)

ပုဏၰကတိုက္ေသာအိမ္ၾကီးသည္ ျပီးခဲ့ေသာ ေသာၾကာေန႔က ကန္ေဒၚလာ ၁ ဒသမ ၂၈ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္၏ အေရာင္းေၾကာ္ျငာက အတည္ျပဳသည္။

ဝယ္ယူလုိက္ေသာ ပိုင္ရွင္သစ္မွာ ကယ္လီဖုိးနီးယားျပည္နယ္၊ Los Gatos ျမိဳ႕မွ ရင္းႏွီးျမွဳပ္ႏွံသူတစ္ဦးျဖစ္ျပီး အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းပါေသာ အိမ္ကို ကာလတို ငွားရမ္းႏိုင္သည့္အိမ္အျဖစ္ အသံုးျပဳသြားရန္ စီစဥ္ထားသည္။

(Roxbury လမ္း၊ အမွတ္ ၄၂၆၇ တြင္ တည္ရွိသည္။ ဓာတ္ပံု-Shad Yassini no22media)

(Poltergeist ဇာတ္ကား၏ ဇာတ္ဝင္ခန္းတစ္ခု။ ဓာတ္ပံု-MGM/ Everett Collection)

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေအာက္တိုဘာလ ၃၁ ရက္အထိ ယခုအိမ္ကို ငွားရမ္းႏိုင္ဦးမည္ မဟုတ္ေသးေၾကာင္း၊ လက္ရွိပိုင္ရွင္က ေနအိမ္ျပန္လည္မြမ္းမံမႈမ်ား ျပီးျပည့္စံုေအာင္ လုပ္ေဆာင္ဦးမည္ျဖစ္ ေၾကာင္း ေဖာ္ျပသည္။

(Poltergeist ရုပ္ရွင္ဇာတ္ဝင္ခန္းတစ္ခု။ ဓာတ္ပံု- MGM/ Everett Collection)

ပုဏၰကတိုက္ေသာ အိမ္သည္ ယခုႏွစ္ ၾသဂုတ္လအတြင္းက အေရာင္းေစ်းကြက္ဝင္လာခဲ့ရာ ၄၅ ႏွစ္တာ ကာလအတြင္း ပထမဆံုအၾကိမ္ အေရာင္းေစ်းကြက္သို႔ ေရာက္ရွိခဲ့ျခင္းလည္း ျဖစ္သည္။

ၾကီးမားေသာ ျပတင္းၾကီးမ်ားျဖင့္ လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္း၊ ညစာစားခန္းႏွင့္ ေခတ္မီအသံုးအေဆာင္ ပစၥည္းမ်ား ထည့္သြင္းထားေသာ မီးဖိုေဆာင္တို႔ရွိသည္။

အေပၚထပ္တြင္ ေပါင္းကူးအမိုးခံုး မ်က္ႏွာၾကက္၊ ေရခ်ဳိးခန္းႏွင့္ walk-in closet တို႔ပါေသာ ပင္မအိပ္ခန္း အပါအဝင္ အိပ္ခန္း ၄ ခန္းရွိသည္။

အိမ္ေနာက္ဘက္တြင္ စတုရန္းေပ ၁၆၀၀၀ က်ယ္ဝန္းေသာ ကြက္လပ္ရွိျပီး ေရကူးကန္ႏွင့္ jacuzzi တို႔ ရွိသည္။

(Poltergeist ရုပ္ရွင္ကား ရိုက္ကူးခဲ့ေသာအိမ္။ ဓာတ္ပံု-Google Earth)

(Oliver Robins ႏွင့္ Dominique Dunne တို႔ Poltergeist ရုပ္ရွင္ကားတြင္ သရုပ္ေဆာင္ခဲ့ၾကပံု။ ဓာတ္ပံု-MGM/ Everett Collection)

(Poltergeist မွ ရုပ္ရွင္ဇာတ္ဝင္ခန္းတစ္ခု။ ဓာတ္ပံု- MGM/ Everett Collection)

(Poltergeist ရုပ္ရွင္တြင္ Craig T. Nelson သရုပ္ေဆာင္ခဲ့ပံု။ ဓာတ္ပံု- MGM/ Everett Collection)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Poltergeist’ house is becoming an Airbnb that will replicate the horror film’s set (nypost)

Photo Credit-Google Maps, Shad Yassini no22media, MGM/ Everett Collection, Google Earth

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service