ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ကနေဒါတွင် ရုပ်ရှင်ရိုက်စဉ်က နေထိုင်ခဲ့ပြီး မင်းသားဟယ်ရီနှင့် အချစ်ရေးစတင်ခဲ့ရာ စံအိမ် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
29 Aug 2024 12:06 pm တွင် တင်ခဲ့သည်
597 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၊ တိုရွန်တိုမြို့ရှိ အိပ်ခန်း ၃ ခန်းပါ စံအိမ်တစ်လုံး အရောင်းဈေးကွက်ဝင် လာသည်။

ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ၏ ကြင်ယာတော် မီဂန်မာကယ် ရုပ်ရှင်မင်းသမီးဘဝက Suits အမည်ရှိ ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်ကူးစဉ် နေထိုင်ခဲ့သော အိမ်ဖြစ်ပြီး ယခုအခါ ကနေဒါဒေါ်လာ ၁ ဒသမ ၈၉၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်း) ဈေးခေါ်ထားသည်။

တိုရွန်တိုမြို့၊ Yarmouth လမ်းတွင် တည်ရှိပြီး နှစ်ထပ်အိမ်ဖြစ်သည်။

နှစ်လိုဖွယ် ခရမ်းရောင် ဆေးသုတ်ထားပြီး ရှေ့တံခါးမကြီးမှာ စိမ်းပြာရောင်ဖြစ်သည်။

A ပုံသဏ္ဍာန်အမိုး၊ အိမ်ရှေ့တွင် ဆင်ဝင်တို့ရှိပြီး ယာဉ်မောင်းလမ်းတစ်ခုမှတဆင့် ကား ၂ စင်းဆန့် ဂိုဒေါင်ဆီသို့ ရောက်သည်။

အတွင်းတွင် အိပ်ခန်း ၃ ခန်း၊ စားသောက်ရန် နေရာပါသော မီးဖိုဆောင်၊ ပြန်လည်ပြုပြင်မှုများ ပြုလုပ်ထား သော မြေအောက်ခန်းတို့ ပါဝင်ပြီး ခြံဝန်းအတွင်းတွင်ကား မြေယာအလှပြင်ဆင်ထားပြီး မိတ်ဆွေသူငယ်ချင်း များနှင့်အတူ အပန်းဖြေနားနေနိုင်သော deck တစ်ခုရှိသည်။

မီဂန်မာကယ်သည် တိုရွန်တိုမြို့၊ Seaton ကျေးရွာရှိ အဆိုပါအိမ်ကို ငှားရမ်းကာ ခွေး ၂ ကောင်နှင့်အတူ ၂၀၁၇ ခုနှစ်အထိ နေထိုင်ခဲ့သည်။

ထိုအချိန်က ရုပ်သံအစီအစဉ်ရိုက်ကူးနေချိန်ဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ချစ်ကြိုးသွယ်နေချိန်လည်း ဖြစ်သည်။

မင်းသားဟယ်ရီက တိုရွန်တိုသို့ မကြာခဏလာရောက်လည်ပတ်ကာ မီဂန်မာကယ်နှင့်တွေ့ဆုံလေ့ ရှိသည်။

ဟယ်ရီက သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော Spare တွင် တိုရွန်တိုမြို့ရှိ အဆိုပါအိမ်သို့ အလည်အပတ်ရောက်ရှိခဲ့ပုံအကြောင်း ထည့်သွင်းရေးသားဖူးသည်။

“မီဂန်က သူ့ရဲ့ နေထိုင်မှုဘဝ၊ သူ့ခွေးတွေ၊ သူသဘောကျတဲ့ သူ့ရဲ့ အိမ်ငယ်လေးကို ကျွန်တော့်ကိုပြဖို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်” ဟု မင်းသားဟယ်ရီက သူ၏စာအုပ်တွင် ဖော်ပြသည်။

၎င်းတို့နှစ်ဦး ချစ်ကြိုးသွယ်နေကြောင်း စာနယ်ဇင်းလောကက သိရှိသွားချိန်တွင် သူတို့နှစ်ဦးမှာ တိုရွန်တိုမြို့တွင် ရှိနေချိန်ဖြစ်ကြောင်း မင်းသားဟယ်ရီတို့စုံတွဲ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သော Finding Freedom (၂၀၂၀) စာအုပ်တွင် ဖော်ပြထားသည်။

ထိုသို့ သတင်းများထွက်ပေါ်လာမှုမှာ ၎င်းတို့၏ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ထိုအခြေအနေကို လျင်မြန်စွာ ဖြေရှင်းခဲ့ရကြောင်း ယင်းစာအုပ်တွင် ဖော်ပြသည်။

“တိုရွန်တိုမှာက သတင်းမုဆိုး လက်တစ်ဆုပ်စာလောက်ပဲရှိပါတယ်။ ဒါပေမယ့် နယူးယောက်နဲ့ လော့စ်အိန်ဂျလိက သတင်းသမားတွေ ရောက်လာဖို့ သိပ်ကြာမှာ မဟုတ်ပါဘူး။ အားလုံးက မင်းသားဟယ်ရီတို့ အသစ်စက်စက်စုံတွဲရဲ့ ဓာတ်ပုံတွေ လိုချင်ကြမှာဖြစ်ပါတယ်”

 

(မီဂန်မာကယ်နေထိုင်ခဲ့သော တိုရွန်တိုမြို့မှ နေအိမ်။ ဓာတ်ပုံ-Google Maps)

 

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ၎င်းတို့နှစ်ဦး တရားဝင်စေ့စပ်ကြောင်းလမ်းခဲ့ချိန်အထိ မီဂန်မာကယ်မှာ တိုရွန်တိုရှိ နေအိမ်တွင် နေထိုင်ခဲ့သည်။

ယင်းနောက်ပိုင်း မီဂန်မာကယ်သည် လန်ဒန်မြို့ရှိ ကန်ဆင်တန်နန်းတော်မှ ခမ်းနားသော အိမ်တော်တွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။

မီဂန်မာကယ် လန်ဒန်သို့ ပြောင်းရွှေ့သွားပြီးနောက် တစ်လမပြည့်မီတွင် အဆိုပါအိမ်ကို ကနေဒါဒေါ်လာ ၁ ဒသမ ၃၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ရာ မီဂန်မာကယ်၏ နာမည်ကြီးနေမှုကြောင့် လျင်မြန်စွာ ရောင်းထွက်သွားသည်။

အဆိုပါအိမ်ကို ဝယ်ယူပိုင်ဆိုင်လိုသူ များပြားခဲ့ပြီး အချို့မှာ အသည်းအသန်လိုချင်ခဲ့ကြကြောင်း ထိုအချိန်က အကျိုးဆောင်အဖြစ် ဆောင်ရွက်ခဲ့သူက Toronto Star သတင်းဌာနသို့ ပြောခဲ့ဖူးသည်။

လက်ရှိပိုင်ဆိုင်ထားသော ပိုင်ရှင်က Freeman Realty အိမ်ခြံမြေကုမ္ပဏီမှတဆင့် ယခုရက်သတ္တပတ် အစောပိုင်းတွင် အရောင်းဈေးကွက်တင်လာခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Toronto House Where Meghan Markle Lived While Filming ‘Suits’ Is on the Market (realtor)

 

[Zawgyi]

ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ကေနဒါတြင္ ရုပ္ရွင္ရိုက္စဥ္က ေနထိုင္ခဲ့ျပီး မင္းသားဟယ္ရီႏွင့္ အခ်စ္ေရးစတင္ခဲ့ရာ စံအိမ္ အေရာင္းေစ်းကြက္ဝင္လာ

ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၊ တိုရြန္တိုျမိဳ႕ရွိ အိပ္ခန္း ၃ ခန္းပါ စံအိမ္တစ္လံုး အေရာင္းေစ်းကြက္ဝင္ လာသည္။

ျဗိတိန္ေတာ္ဝင္မင္းသားဟယ္ရီ၏ ၾကင္ယာေတာ္ မီဂန္မာကယ္ ရုပ္ရွင္မင္းသမီးဘဝက Suits အမည္ရွိ ရုပ္သံ ဇာတ္လမ္းတြဲ ရိုက္ကူးစဥ္ ေနထိုင္ခဲ့ေသာ အိမ္ျဖစ္ျပီး ယခုအခါ ကေနဒါေဒၚလာ ၁ ဒသမ ၈၉၅ သန္း (ကန္ေဒၚလာ ၁ ဒသမ ၃၉ သန္း) ေစ်းေခၚထားသည္။

တိုရြန္တိုျမိဳ႕၊ Yarmouth လမ္းတြင္ တည္ရွိျပီး ႏွစ္ထပ္အိမ္ျဖစ္သည္။

ႏွစ္လုိဖြယ္ ခရမ္းေရာင္ ေဆးသုတ္ထားျပီး ေရွ႕တံခါးမၾကီးမွာ စိမ္းျပာေရာင္ျဖစ္သည္။

A ပံုသ႑ာန္အမုိး၊ အိမ္ေရွ႕တြင္ ဆင္ဝင္တို႔ရွိျပီး ယာဥ္ေမာင္းလမ္းတစ္ခုမွတဆင့္ ကား ၂ စင္းဆန္႔ ဂိုေဒါင္ဆီသို႔ ေရာက္သည္။

အတြင္းတြင္ အိပ္ခန္း ၃ ခန္း၊ စားေသာက္ရန္ ေနရာပါေသာ မီးဖိုေဆာင္၊ ျပန္လည္ျပဳျပင္မႈမ်ား ျပဳလုပ္ထား ေသာ ေျမေအာက္ခန္းတို႔ ပါဝင္ျပီး ျခံဝန္းအတြင္းတြင္ကား ေျမယာအလွျပင္ဆင္ထားျပီး မိတ္ေဆြသူငယ္ခ်င္း မ်ားႏွင့္အတူ အပန္းေျဖနားေနႏိုင္ေသာ deck တစ္ခုရွိသည္။

မီဂန္မာကယ္သည္ တိုရြန္တိုျမိဳ႕၊ Seaton ေက်းရြာရွိ အဆိုပါအိမ္ကို ငွားရမ္းကာ ေခြး ၂ ေကာင္ႏွင့္အတူ ၂၀၁၇ ခုႏွစ္အထိ ေနထိုင္ခဲ့သည္။

ထိုအခ်ိန္က ရုပ္သံအစီအစဥ္ရိုက္ကူးေနခ်ိန္ျဖစ္ျပီး ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ ခ်စ္ၾကိဳးသြယ္ေနခ်ိန္လည္း ျဖစ္သည္။

မင္းသားဟယ္ရီက တိုရြန္တိုသို႔ မၾကာခဏလာေရာက္လည္ပတ္ကာ မီဂန္မာကယ္ႏွင့္ေတြ႔ဆံုေလ့ ရွိသည္။

ဟယ္ရီက သူ၏ ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္ျဖစ္ေသာ Spare တြင္ တိုရြန္တိုျမဳိ႕ရွိ အဆိုပါအိမ္သို႔ အလည္အပတ္ေရာက္ရွိခဲ့ပံုအေၾကာင္း ထည့္သြင္းေရးသားဖူးသည္။

“မီဂန္က သူ႔ရဲ႕ ေနထိုင္မႈဘဝ၊ သူ႔ေခြးေတြ၊ သူသေဘာက်တဲ့ သူ႔ရဲ႕ အိမ္ငယ္ေလးကို ကၽြန္ေတာ့္ကိုျပဖုိ႔ စိတ္လႈပ္ရွားေနခဲ့ပါတယ္” ဟု မင္းသားဟယ္ရီက သူ၏စာအုပ္တြင္ ေဖာ္ျပသည္။

၎တို႔ႏွစ္ဦး ခ်စ္ၾကိဳးသြယ္ေနေၾကာင္း စာနယ္ဇင္းေလာကက သိရွိသြားခ်ိန္တြင္ သူတို႔ႏွစ္ဦးမွာ တိုရြန္တိုျမိဳ႕တြင္ ရွိေနခ်ိန္ျဖစ္ေၾကာင္း မင္းသားဟယ္ရီတို႔စံုတြဲ၏ အတၳဳပၸတၱိစာအုပ္ျဖစ္ေသာ Finding Freedom (၂၀၂၀) စာအုပ္တြင္ ေဖာ္ျပထားသည္။

ထိုသို႔ သတင္းမ်ားထြက္ေပၚလာမႈမွာ ၎တို႔၏ လံုျခံဳေရးအတြက္ အႏၱရာယ္ရွိႏိုင္ေသာေၾကာင့္ ထိုအေျခအေနကို လ်င္ျမန္စြာ ေျဖရွင္းခဲ့ရေၾကာင္း ယင္းစာအုပ္တြင္ ေဖာ္ျပသည္။

“တိုရြန္တိုမွာက သတင္းမုဆိုး လက္တစ္ဆုပ္စာေလာက္ပဲရွိပါတယ္။ ဒါေပမယ့္ နယူးေယာက္နဲ႔ ေလာ့စ္အိန္ဂ်လိက သတင္းသမားေတြ ေရာက္လာဖုိ႔ သိပ္ၾကာမွာ မဟုတ္ပါဘူး။ အားလံုးက မင္းသားဟယ္ရီတို႔ အသစ္စက္စက္စံုတြဲရဲ႕ ဓာတ္ပံုေတြ လိုခ်င္ၾကမွာျဖစ္ပါတယ္”

(မီဂန္မာကယ္ေနထုိင္ခဲ့ေသာ တိုရြန္တိုျမိဳ႕မွ ေနအိမ္။ ဓာတ္ပံု-Google Maps)

၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ၎တို႔ႏွစ္ဦး တရားဝင္ေစ့စပ္ေၾကာင္းလမ္းခဲ့ခ်ိန္အထိ မီဂန္မာကယ္မွာ တိုရြန္တိုရွိ ေနအိမ္တြင္ ေနထုိင္ခဲ့သည္။

ယင္းေနာက္ပိုင္း မီဂန္မာကယ္သည္ လန္ဒန္ျမိဳ႕ရွိ ကန္ဆင္တန္နန္းေတာ္မွ ခမ္းနားေသာ အိမ္ေတာ္တြင္ ေျပာင္းေရႊ႕ေနထုိင္ခဲ့သည္။

မီဂန္မာကယ္ လန္ဒန္သို႔ ေျပာင္းေရႊ႕သြားျပီးေနာက္ တစ္လမျပည့္မီတြင္ အဆိုပါအိမ္ကို ကေနဒါေဒၚလာ ၁ ဒသမ ၃၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ရာ မီဂန္မာကယ္၏ နာမည္ၾကီးေနမႈေၾကာင့္ လ်င္ျမန္စြာ ေရာင္းထြက္သြားသည္။

အဆိုပါအိမ္ကို ဝယ္ယူပိုင္ဆိုင္လိုသူ မ်ားျပားခဲ့ျပီး အခ်ဳိ႕မွာ အသည္းအသန္လိုခ်င္ခဲ့ၾကေၾကာင္း ထိုအခ်ိန္က အက်ဳိးေဆာင္အျဖစ္ ေဆာင္ရြက္ခဲ့သူက Toronto Star သတင္းဌာနသို႔ ေျပာခဲ့ဖူးသည္။

လက္ရွိပိုင္ဆိုင္ထားေသာ ပိုင္ရွင္က Freeman Realty အိမ္ျခံေျမကုမၸဏီမွတဆင့္ ယခုရက္သတၱပတ္ အေစာပိုင္းတြင္ အေရာင္းေစ်းကြက္တင္လာျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Toronto House Where Meghan Markle Lived While Filming ‘Suits’ Is on the Market (realtor)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
သရဲအလွန်ခြောက်သောကြောင့် ၁၉၈၈ ခုနှစ်တွင် ဝယ်ယူပြီး ၁၉၉၁ တွင်ပြန်လည်ရောင်းချခဲ့သော Friends series ရဲ့ ပင်တိုင်သရုပ်ဆောင် Courteney Cox ၏ စံအိမ်...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
Star War နှင့် Armageddon ရုပ်ရှင်များ ရိုက်ကူးခဲ့သော ဒါရိုက်တာ J.J.Abrams က သူ၏ ကယ်လီဖိုးနီးယား စံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ...
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
အိမ်တစ်လုံးတည်းသာ ပိုင်သော အမေရိကန်ပြည်၏ အသက်အရှည်ဆုံးသမ္မတ ဂျင်မီကာတာနှင့် သူ၏နေအိမ်
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
တရုတ်ပြည်တွင် အလုပ်အကိုင် ရှာဖွေရသည်မှာ ခက်ခဲလာသောကြောင့် တရုတ်လူငယ်များမှာ ကျေးလက်ဒေသများသို့ ပြောင်းရွှေ့အခြေချနေထိုင်မှု အလွန်များပြားလာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကွန်ကရစ်မျက်နှာပြင် အက်ကွဲပါက အလိုအလျောက် ပြန်ဆက်သော ကွန်ကရစ်တစ်မျိုး အမေရိကန်ပြည်တွင် စတင် မိတ်ဆက်လာ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ကနေဒါ၏ အကြီးမားဆုံး စံအိမ်ကြီးမှာ စွန့်ပစ်ခံထားရသည်မှာ ၁၅ နှစ်ခန့်ရှိနေပြီး ကြေကွဲဖွယ်ရာ ယိုယွင်းပျက်စီးနေ...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
ဒူဘိုင်းတွင် စတုရန်းပေ သန်း ၃၀ ကျယ်ဝန်းသော ကြီးမားလှသည့်မြေကွက်ကြီးတစ်ခု အာရပ်ငွေ ၂ ဒသမ ၈၃ ဘီလီယံဖြင့် အရောင်းအဝယ်ဖြစ်...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...
အမေရိကန်ဆိုင်ရာ ဆော်ဒီအာရေးဗီးယားသံအမတ်ကြီး၊ ဆော်ဒီမင်းသား ပိုင်ဆိုင်ခဲ့သော အမေရိကန်မှ အလင်းနန်းတော် စံအိမ်ကြီး ဝယ်လက်ရှာတွေ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
ဒေးဗစ်ဘက်ခမ်းက သူ၏ အော်ဂဲနစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံကို ပရိသတ်များအား ချပြလာ
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း (သို့မဟုတ်) တရုတ်ပြည်တွင် မိမိအခန်း၏ အပေါ်ထပ်တွင် နေထိုင်သူအား ည ၁၀ နာရီနောက်ပိုင်း အိမ်သာမ
တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက
တချိန်က ပုရိသတို့၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော စူပါမော်ဒယ်၊ မိုက်ကယ်ဂျက်ဆင်က လက
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
Elon Musk က စိတ္တဇလူသတ်သမားတို့၏ ခြိမ်းခြောက်ခံရမှုကြောင့် သွားလေရာသို့ သက်တော်စောင့် ၂၀ ဦး ခေါ်သွား၊ သက်တော်စောင့်တို့က
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
ရှုံးပွဲမရှိ စံချိန်ဖြင့် လက်ဝှေ့လောကမှ အနားယူသွားသူ ဖလွိုက် မေဝယ်သာက လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်က
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Jeff Bezos က ကုမ္ပဏီ အစည်းအဝေးများတွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးအတွက် ထိုင်ခုံလွတ် တစ်လုံး ထားလေ့ရှိသည့် မဟာဗျူဟာကျင်
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Vesuvius မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မြို့လုံးပြာများအပြည့် ဖုံးလွှမ်းသွားခဲ့တဲ့ပွန်ပေမြို့ရဲ့ လျှို့ဝှက်အခန်းအ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
Elon Musk က အာကာသအတွင်း ဒုံးပျံလွှတ်တင်နိုင်ရေးအတွက် မိမိပိုင်ဆိုင်သမျှ အားလုံး ရောင်းချ သုံးစွဲရန်နှင့် မိသားစု နေစရာမရ
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အ
ဘရာဇီးနိုင်ငံမှ လူသူအခြေချခွင့် ပိတ်ပင်ထားသော မြွေကျွန်း ၊ စတုရန်း ၁ မီတာလျှင် မြွေတစ်ကောင်နှုန်း ရှိနေပြီး ကမ္ဘာ့အဆိပ်အ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နဝမမြောက်နေရာ၌ ရပ်တည်ခဲ့သော ဘီလျံနာသူဌေးကြီး လယ်ရီ အယ်လစ်ဆင်က Jeff Bezos ကို
Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service