ကမ္ဘာကျော် ဂစ်တာသမား Nuno Bettencourt က ဒေါ်လာ ၄ သန်းနီးပါးတန်သော လော့စ်အိန်ဂျလိမှအိမ်ကို ပိုင်ရှင်သစ်ထံ လွှဲပြောင်းပေး

ကမ္ဘာကျော် ဂစ်တာသမား Nuno Bettencourt က ဒေါ်လာ ၄ သန်းနီးပါးတန်သော လော့စ်အိန်ဂျလိမှအိမ်ကို ပိုင်ရှင်သစ်ထံ လွှဲပြောင်းပေး - Property News in Myanmar from iMyanmarHouse.com
11 Mar 2024 12:01 pm တွင် တင်ခဲ့သည်
419 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော် ဂစ်တာသမား Nuno Bettencourt သည် ရော့ခ် Band ကြီး Extreme ၏ ဂစ်တာသမား ဖြစ်သည်။

Extreme ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများအနက် More Than Words ကို ထူးအိမ်သင် က စကားလုံးမရှိတဲ့ကောင်းကင် (၁) ဟု ပြန်လည်သီဆိုမှုမှာ အောင်မြင်မှုအရဆုံး ဖြစ်ခဲ့သည်။

More than Words သည် ဦးဆောင် vocal နှင့် ဟာမိုနီအဆိုလိုင်း ၂ ခုကို acoustic ဂစ်တာတစ်လက်တည်း ဖြင့်သာ သီဆိုထားသော သီချင်းဖြစ်သည်။

(Image: Daniel Knighton / Getty)

More than Words သည် အမေရိကန်တွင် Billboard Hot 100 ၌ နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့သည်။

ထို့အပြင် YouTube တွင်လည်း ကြည့်ရှုမှုအကြိမ်ရေ ၆၃၃ သန်းကျော်အထိ ရှိနေသည်။

အခြားပြန်လည်သီဆိုမှုများအနက် အချို့ကို ဖော်ပြရလျှင် Tragic Comic ကို ဘိုဘိုက အသည်းကွဲရောဂါ၊ Song for love ကို မျိုးကြီးက ပြေးလို့ကြိုပါ၊ Hole Hearted ကို လေးဖြူက အသစ်ကမ္ဘာသို့၊ Fine by me ကို လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့က ငါတို့ခရီးဟု ပြန်လည်သီဆိုထားကြသည်။

((Bettencourt ၏ လော့စ်အိန်ဂျလိစံအိမ်))

Nuno Bettencourt သည် လော့စ်အိန်ဂျလိမြို့၊ Beachwood Canyon အရပ်ရှိ ကာလကြာရှည်နေထိုင်ခဲ့သော စံအိမ်ကို ကန်ဒေါ်လာ ၄ သန်းအောက်ဖြင့် အရောင်းဈေးကွက်တင်ခဲ့ပြီး ၄ လအကြာတွင် ပိုင်ရှင်သစ်ထံ နေအိမ် လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။

Extreme ၏ ဂစ်တာသမား Bettencourt သည် အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပေါ့ပ်စူပါကြယ်ပွင့် ရီဟားနား နှင့် ဂီတဖျော်ဖြေပွဲများ မကြာခဏပြုလုပ်လျက်ရှိသည်။

Bettencourt က ခေတ်ပြိုင်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသောစံအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၇ သန်း ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

Bettencourt လိုချင်ခဲ့သောဈေးအောက် ဒေါ်လာ ၂၀၀,၀၀၀ နည်းပါးသော်လည်း ဝယ်ဈေးထက် ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းခန့် မြတ်စွန်းနေဆဲ ဖြစ်သည်။

Nuno Bettencourt က ဤစံအိမ်ကို လွန်ခဲ့သော ဆယ်စုနှစ် ၁ ခုကျော် ၂၀၁၃ ခုနှစ်၊ နွေရာသီက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ကာ တောင်ကုန်းစောင်းတစ်ခုတွင် တည်ရှိပြီး ခြံအကျယ်မှာ တစ်ဧက၏ ၃ ပုံ ၁ ပုံခန့်ရှိသည်။

စံအိမ်အကျယ်အဝန်း စတုရန်းပေ ၅၅၀၀ ကျော်ရှိပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါဝင်ကာ ကျေးလက် ဆန်သော သစ်မာသားကြမ်းခင်းများ၊ ထုတ်တန်းဖော်မျက်နှာကြက်များနှင့် ဓာတ်လှေကားတစ်စင်းတို့ ရှိသည်။

စံအိမ်မှတဆင့် လော့စ်အိန်ဂျလိမြို့လယ်၏ ကောင်းကင်မြင်ကွင်း၊ Griffith Observatory ၊ ဟောလိဝုဒ် ဆိုင်းဘုတ်၊ ဟောလိဝုဒ်ရေကန်နှင့် ပစိဖိတ်သမုဒ္ဒရာ၏ ရှုမျှော်ခင်းများကို တွေ့မြင်ရသည်။

မီးလင်းဖိုပါသော ဧည့်ခန်း၊ အရက်ဘား၊ ရုံးခန်းနေရာ၊ ဆိတ်ငြိမ်သော သီးသန့်ခန်း၊ ညစာစားခန်း၊ စားသောက်ရန် နေရာပါသော မီးဖိုဆောင်တို့လည်း ပါဝင်သည်။

Bettencourt ၏ အိမ်အရောင်းအဝယ်တွင် PLG Estates အိမ်ခြံမြေကုမ္ပဏီမှ Cindy Lorimer နှင့် Peter Lorimer တို့က ရောင်းသူဝယ်သူ နှစ်ဘက်လုံးကို ကိုယ်စားပြုခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Extreme Guitarist Nuno Bettencourt Sells His L.A. House for Nearly $4 Million (robbreport)

Photo Credit: PLG Estates

[Zawgyi]

ကမၻာေက်ာ္ ဂစ္တာသမား Nuno Bettencourt က ေဒၚလာ ၄ သန္းနီးပါးတန္ေသာ ေလာ့စ္အိန္ဂ်လိမွအိမ္ကို ပိုင္ရွင္သစ္ထံ လႊဲေျပာင္းေပး

ကမၻာေက်ာ္ ဂစ္တာသမား Nuno Bettencourt သည္ ေရာ့ခ္ Band ၾကီး Extreme ၏ ဂစ္တာသမား ျဖစ္သည္။

Extreme ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ားအနက္ More Than Words ကို ထူးအိမ္သင္ က စကားလံုးမရွိတဲ့ေကာင္းကင္ (၁) ဟု ျပန္လည္သီဆိုမႈမွာ ေအာင္ျမင္မႈအရဆံုး ျဖစ္ခဲ့သည္။

More than Words သည္ ဦးေဆာင္ vocal ႏွင့္ ဟာမိုနီအဆိုလိုင္း ၂ ခုကို acoustic ဂစ္တာတစ္လက္တည္း ျဖင့္သာ သီဆိုထားေသာ သီခ်င္းျဖစ္သည္။

More than Words သည္ အေမရိကန္တြင္ Billboard Hot 100 ၌ နံပါတ္ ၁ ေနရာတြင္ ရပ္တည္ခဲ့သည္။

ထို႔အျပင္ YouTube တြင္လည္း ၾကည့္ရႈမႈအၾကိမ္ေရ ၆၃၃ သန္းေက်ာ္အထိ ရွိေနသည္။

အျခားျပန္လည္သီဆိုမႈမ်ားအနက္ အခ်ဳိ႕ကို ေဖာ္ျပရလွ်င္ Tragic Comic ကို ဘိုဘိုက အသည္းကြဲေရာဂါ၊ Song for love ကို မ်ဳိးၾကီးက ေျပးလို႔ၾကိဳပါ၊ Hole Hearted ကို ေလးျဖဴက အသစ္ကမၻာသို႔၊ Fine by me ကို ေလးျဖဴ၊ အငဲႏွင့္မ်ဳိးၾကီးတို႔က ငါတို႔ခရီးဟု ျပန္လည္သီဆိုထားၾကသည္။

((Bettencourt ၏ ေလာ့စ္အိန္ဂ်လိစံအိမ္))

Nuno Bettencourt သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beachwood Canyon အရပ္ရွိ ကာလၾကာရွည္ေနထိုင္ခဲ့ေသာ စံအိမ္ကို ကန္ေဒၚလာ ၄ သန္းေအာက္ျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ၄ လအၾကာတြင္ ပိုင္ရွင္သစ္ထံ ေနအိမ္ လႊဲေျပာင္းေပးလိုက္ျပီ ျဖစ္သည္။

Extreme ၏ ဂစ္တာသမား Bettencourt သည္ အသက္ ၅၇ ႏွစ္အရြယ္ရွိျပီျဖစ္ျပီး ေပါ့ပ္စူပါၾကယ္ပြင့္ ရီဟားနား ႏွင့္ ဂီတေဖ်ာ္ေျဖပြဲမ်ား မၾကာခဏျပဳလုပ္လ်က္ရွိသည္။

Bettencourt က ေခတ္ျပိဳင္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာစံအိမ္ကို ကန္ေဒၚလာ ၃ ဒသမ ၇ သန္း ျဖင့္ ေရာင္းခ်လိုက္ျခင္း ျဖစ္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

Bettencourt လိုခ်င္ခဲ့ေသာေစ်းေအာက္ ေဒၚလာ ၂၀၀,၀၀၀ နည္းပါးေသာ္လည္း ဝယ္ေစ်းထက္ ကန္ေဒၚလာ ၁ ဒသမ ၆ သန္းခန္႔ ျမတ္စြန္းေနဆဲ ျဖစ္သည္။

Nuno Bettencourt က ဤစံအိမ္ကို လြန္ခဲ့ေသာ ဆယ္စုႏွစ္ ၁ ခုေက်ာ္ ၂၀၁၃ ခုႏွစ္၊ ေႏြရာသီက ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၁၉၉၀ ျပည့္လြန္ကာလမ်ားက ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ကာ ေတာင္ကုန္းေစာင္းတစ္ခုတြင္ တည္ရွိျပီး ျခံအက်ယ္မွာ တစ္ဧက၏ ၃ ပံု ၁ ပံုခန္႔ရွိသည္။

စံအိမ္အက်ယ္အဝန္း စတုရန္းေပ ၅၅၀၀ ေက်ာ္ရွိျပီး အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္းပါဝင္ကာ ေက်းလက္ ဆန္ေသာ သစ္မာသားၾကမ္းခင္းမ်ား၊ ထုတ္တန္းေဖာ္မ်က္ႏွာၾကက္မ်ားႏွင့္ ဓာတ္ေလွကားတစ္စင္းတို႔ ရွိသည္။

စံအိမ္မွတဆင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္၏ ေကာင္းကင္ျမင္ကြင္း၊ Griffith Observatory ၊ ေဟာလိဝုဒ္ ဆိုင္းဘုတ္၊ ေဟာလိဝုဒ္ေရကန္ႏွင့္ ပစိဖိတ္သမုဒၵရာ၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရသည္။

မီးလင္းဖိုပါေသာ ဧည့္ခန္း၊ အရက္ဘား၊ ရံုးခန္းေနရာ၊ ဆိတ္ျငိမ္ေသာ သီးသန္႔ခန္း၊ ညစာစားခန္း၊ စားေသာက္ရန္ ေနရာပါေသာ မီးဖိုေဆာင္တို႔လည္း ပါဝင္သည္။

Bettencourt ၏ အိမ္အေရာင္းအဝယ္တြင္ PLG Estates အိမ္ျခံေျမကုမၸဏီမွ Cindy Lorimer ႏွင့္ Peter Lorimer တို႔က ေရာင္းသူဝယ္သူ ႏွစ္ဘက္လံုးကို ကိုယ္စားျပဳခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Extreme Guitarist Nuno Bettencourt Sells His L.A. House for Nearly $4 Million (robbreport)

Photo Credit: PLG Estates

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
mya-nandar
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service