အမွေကိစ္စ ဖြေရှင်းတဲ့အခါ သိမှတ်ဖွယ် ဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
1866 Views
အမွေကိစ္စ ဖြေရှင်းတဲ့အခါ သိမှတ်ဖွယ် ဥပဒေရေးရာ
Knowledge | Posted by Zarni Kyaw
[Unicode]
လင်ပါမယားပါသားသမီးများသည် မိထွေး ပထွေးထံမှ မည်သည့်အခါ အမွေတောင်းခံနိုင်ပါသလဲ ဆိုတဲ့ မေးခွန်းအပါအဝင် အိမ်ခြံမြေလောကသားတိုင်းသိမှတ်ထားသင့်တဲ့အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက်တင်ဆက်ထားပါတယ်ရှင့် .....
မေးခွန်း (၁) - လင်ပါမယားပါသားသမီးများသည် မိထွေး ပထွေးထံမှ မည်သည့်အခါ အမွေတောင်းခံနိုင်ပါသလဲ။
မိဘများထံမှ အမွေတစ်ကြိမ်တစ်ခါတောင်းခံဖူးခြင်း မရှိသောသားသမီးသည် မိရင်းဖရင်း ကွယ်လွန် သောအချိန် မိထွေးပထွေးထံမှ အထက်ပါပစ္စည်း၊ မိရင်းဖရင်း အမွေရသောပစ္စည်း ၊ မိထွေးပထွေးနှင့် ပေါင်းသင်းစဉ် မိထွေးပထွေး အမွေရသောပစ္စည်း၊ မိထွေးပထွေး နှင့် ပေါင်းသင်းစဉ်ဖြစ်ထွန်းသော နှစ်ပါးစုံ (သို့) လက်ထက်ပွားပစ္စည်းများ အမွေတောင်းခံပိုင်ခွင့်ရှိသည်။
ပထမအိမ်ထောင်ရှိသူများအဖို့ အိမ်ထောင်ဟောင်းမှ ပါလာသောပစ္စည်းသည် အထက်ပါပစ္စည်းဖြစ်ပြီး ပါရင်းပစ္စည်းပင် ဖြစ်ပါသည်။ ထို့သို့ပါရင်းပစ္စည်းအား နောက်အိမ်ထောင်ပြုသူထံတွင် သားသမီးရှိသည်ဖြစ်စေ၊ သားသမီးမရှိသည်ဖြစ်စေ မူလပါရင်းပစ္စည်းပါသူ အိမ်ထောင်၏ သားသမီးများမှ ပါရင်းပစ္စည်း၏ လေးပုံသုံး ပုံကို တောင်းယူနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပြီး မိထွေး၊ ပထွေးမှ လေးပုံတစ်ပုံသာ ရရှိမည်ဖြစ်သည်။
မောင်ချစ်ကြွယ်နှင့်မောင်ပျို (၁၈၉၂-၉၆) အထက်မြန်မာပြည်အတွဲ ၂ စာ ၁၈၄ (D1C214) တွင် ကွယ်လွန်သူက နောက်ယောကျ်ားယူသောအခါ ထိုယောကျ်ားတွင် ဘာပစ္စည်းမျှ မပါချေ။ အချင်းဖြစ်လယ် များမှာ ကွယ်လွန်သူပိုင် အခြားလယ်များကို ရောင်း၍ ဝယ်သော လယ်များဖြစ်သည်။ ထိုလယ်များသည် ဒုတိယအိမ်ထောင်တွင် ဖြစ်ထွန်းသော လက်ထက်ပွားဟု မမှတ်ယူနိုင်။ ထိုပစ္စည်းသည် ကွယ်လွန်သူမယား၏ ပါရင်းဖြစ် ကြောင်း ဖော်ပြထားပါသည်။
မနုကျယ်ဓမ္မသတ် ဒသမတွဲပုဒ်မ-၈တွင် အမူခန်း ဓမ္မသတ်ကျမ်းကြီး ပုဒ်မ-၂၁၁တွင် ပါရှိသော အမွေပုံ နှင့် စိတ္တရဓမ္မသတ်များအရဆိုလျှင် မိရင်းဖရင်းဖြစ်သူသည် ၎င်း၏ ဘိုးဘွားထံမှ အမွေရလျှင် ထိုအမွေရပစ္စည်း ကို ၎င်း၏ သားသမီးများကသာ ရခွင့်ရှိကြောင်း ဖော်ပြထားပါသည်။
မေးခွန်း (၂) - မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးပြီးနောက် ကျန်ရစ်သူ မိခင် (သို့မဟုတ်) ဖခင် နောက်အိမ်ထောင်ပြုသည့် အခါတွင် သားသမီးများသည် အိမ်ထောင်ပြုသည့် မိဘအပေါ် အမွေတောင်းနိုင်ပါသလား။
မိဘနှစ်ပါးအနက် တစ်ဦးဦးသေဆုံးသည့်အခါ အမွေရထိုက်သည့် ဩရသသားသမီးမှအပ ကျန်သား သမီးများသည် မိဘထံမှ အမွေရပိုင်ခွင့်မရှိသေးပါ။ မိဘအိမ်ထောင်ပြုလျှင်တော့ သားသမီးအားလုံးသည် အမွေခွဲဝေပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ ကျန်ရှိသူမိဘ နောက်အိမ်ထောင်ပြုသည့်အခါ သားသမီးအားလုံးမှာ အမွေပစ္စည်းတစ်ဝက်ကို စုပေါင်း ပြီးရသည်။ မိဘနှစ်ဦးမှ တစ်ဦးသေဆုံးကာ ကျန်မိဘမှာ နောက်အိမ်ထောင်ပြုလိုက်ပါက အမွေ၏ လေးပုံတစ် ပုံကို ဩရသသားသမီးမှ တောင်းခံပိုင်ခွင့်ရှိပြီး နောက်အိမ်ထောင်ပြုသည့် မိဘသည်လဲ ခွဲဝေပေးရန် တာဝန်ရှိ ပါ သည်။ ဩရသသားသမီး တောင်းပိုင်ခွင့်ရှိသောအမွေမှာ မိဘနှစ်ပါး ပေါင်းသင်းချိန် ရရှိသည့် ပစ္စည်းနှင့်သာ သက်ဆိုင်မည်ဖြစ်ပါသည်။ ထိုသို့တောင်းဆိုပြီးရသည့်အမွေမှာ အပြီးအပိုင်ရပိုင်ခွင့်ရှိသော အမွေပင်ဖြစ်ပါသည်။ ဩရသမှ မတောင်းဆိုဘဲ သေဆုံးသွားပါက ဩရသ၏ အမွေစားအမွေခံမှ ဆက်လက်၍ တောင်းခံပိုင်ခွင့်ရှိ သည်။ ကျန်ရစ်သည့် မိဘထံ ဩရသမှ အမွေတောင်းခံပါက ကာလစည်းကမ်းသတ်(၁၂)နှစ်အတွင်း အမွေတောင်းခံ ရမည်ဖြစ်ပါသည်။ မိဘနှစ်ဦးလုံး သေဆုံးလျှင်လဲ ဩရသသည် ရထိုက်သည့် အခွင့်အရေးကို တောင်းဆိုနိုင်ပါသည်။ ဝတ်ကြီး၊ ဝတ်ငယ်မပြုခြင်း မိဘနဲ့အတူ မနေထိုင်ရုံနှင့် ဩရသအမွေတောင်းပိုင်ခွင့် အခွင့်အရေး အဆုံးရှုံးနိုင်ပါ။ ပထွေးများ၊မိထွေးများထံ ဩရသအခွင့်အရေးကို တောင်းဆိုမည်ဆိုပါကလဲ (၁၂)နှစ်အတွင်း တောင်းဆိုရပါသည်။ ကာလစည်းကမ်းသတ် (၁၂)နှစ်အတွင်း မတောင်းဆိုပါက ဩရသအခွင့်အရေးဆုံးရှုံးမည် ဖြစ်ပါသည်။ ထိုသို့ ကာလစည်းကမ်းသတ်ကျော်လွန်သည်အထိ အမွေမတောင်းခံပါက မိဘနှစ်ပါးလုံး ကွယ်လွန်သည့် အချိန် တွင် အခြားညီအကို မောင်နှမများနည်းတူ အမွေအညီအမျှရရှိမည်ဖြစ်ပါသည်။
တစ်ဦးတည်းသော သားသမီးဖြစ်ပါက ကျန်ရစ်သူ မိဘထံမှ အမွေပစ္စည်း တစ်ဝက်တိတိ တောင်းခံပိုင် ခွင့်ရှိသည်။ မိဘတစ်ဦး သေဆုံးသည့်အချိန် အမွေခွဲဝေပြီးဖြစ်ပါက ထပ်မံ၍ အမွေခွဲဝေပေးရန် သားသမီးများမှ တောင်းဆိုပိုင်ခွင့် မရှိတော့ပါကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
မေးခွန်း (၃) - လင်မယားနှစ်ဦးအနက် မယားဖြစ်သူက ဦးစွာသေဆုံးပြီးနောက် လင်ဖြစ်သူလဲ သေဆုံးသည်။ ကျန်ရစ်သော ပစ္စည်းများကို မယားဖက်က ဆွေမျိုးများက ဆက်ခံပါသလား သို့တည်းမဟုတ် လင်ဖြစ်သူဖက်က ဆွေမျိုးများက ဆက်ခံပါသလား။
လင်မယားနှစ်ဦးသည် တစ်ဦးသေဆုံးပြီးနောက် များမကြာမီ တစ်ယောက်သေဆုံးလျှင် ၎င်းတို့ နှစ်ဦးပိုင်ပစ္စည်းသည် တစ်စုတစ်တည်းထဲ တည်မြဲလျက်ရှိသည်ဖြစ်သည်။ ရှေးဦးစွာ သေဆုံးသောသူ၏ မိဘ ဆွေမျိုးများသည် အမွေဆက်ခံခွင့် ဆုံးရှုံးခြင်းတော့မရှိပါ။
လင်မယားနှစ်ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးလျှင် ကျန်နှစ်ဖက်‌ဆွေမျိုးများမှာ အမွေအားတစ်ဝက်စီ ရထိုက်ခွင့်ရှိသည်။ လင်က ပါရင်းပစ္စည်းပါလာလျှင် လင်ဖြစ်သူ ၏ မိဘများက ပါရင်းပစ္စည်း သုံးပုံပုံလျှင် နှစ်ပုံရရှိ ပါသည်။တစ်စုကို မယားဖြစ်သူ၏ မိဘရပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။
သေဆုံးသူ လင်မယားနှစ်ဦးမှာ မိဘသားသမီးများလဲ ရှိနေခြင်းမရှိပါက အမွေဆက်ခံခွင့်မှာ နှစ်ဘက် ဆွေမျိုးများထံသို့ ရောက်ရှိပါသည်။ ဆွေမျိုးတော်စပ်မှု ဝေးပြီး အဆက်အသွယ် ပြတ်တောက်နေသူများသည် သေဆုံးသူများ အမွေပစ္စည်းကို ရပိုင်ခွင့်မရှိပါ။ တစ်ယောက်သေဆုံးသူပြီးနောက် အချိန်ကာလကြာမြင့်သည့်အထိ ကျန်တစ်ဦးမှာရှိနေလျှင် နှစ်ဦးပိုင် ပစ္စည်းမှာ တစ်ဦးထဲပစ္စည်းအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အချိန်ကာလ(၁)နှစ်ကျော်မှ သေဆုံးခြင်းဖြစ်လျှင် ရှေးဦးစွာသေဆုံးသူ၏ ဆွေမျိုးများ အား အမွေမှထုတ်ပယ်ခွင့်ရှိကြောင်း သုံးသပ်ထားသည်များလဲရှိပါသည်။ မုဆိုးဖို၊မုဆိုးမများ ဒုတိယအိမ်ထောင် ပြုကြပြီး အထက်ပါပစ္စည်းများပါလာ၍ ရှေ့ဆင့်နောက်ဆင့် သေဆုံးကြလျှင် ယခင်အိမ်ထောင်ဖြင့် သားသမီး များမှ မိခင်ဖခင်၏ အထက်ပါပစ္စည်းကို ရကြသည်။
လင်မယားနှစ်ဦးပိုင် လက်ထပ်ပွှားပစ္စည်းဖြစ်ပါက ယခင်နှစ်ဖက်သားသမီးများ တဝက်စီအညီအမျှ ခွဲဝေ မှုကိုရကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Upcoming Property Events
From 03 May To 04 May
Aung Theikdi Villa
From 03 May To 04 May
Shwe Wutt Hmone Housing
From 25 Apr To 09 May
Mingalardon Garden City
Shwe Wutt Hmone
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service