အိမ်ခြံမြေလောကသားတိုင်း သိမှတ်ဖွယ်ရာ စာချုပ်တရားဝင်ခိုင်မာမှုရှိဖို့ရာ - Property Knowledge in Myanmar from iMyanmarHouse.com
744 Views

အိမ်ခြံမြေလောကသားတိုင်း သိမှတ်ဖွယ်ရာ စာချုပ်တရားဝင်ခိုင်မာမှုရှိဖို့ရာ

Knowledge | Posted by Hnin Ei Khin

[Unicode]

 

အိမ်ခြံမြေလောကသားတိုင်း သိမှတ်ဖွယ်ရာ စာချုပ်တရားဝင်ခိုင်မာမှုရှိဖို့ရာ

စာချုပ်တရားဝင်ခိုင်မာမှုရှိဖို့ ဘာတွေလိုအပ်သလဲ? ဒီတစ်ပတ်မှာတော့ အိမ်ခြံမြေလောကသားတိုင်းအတွက် စာချုပ်စာတန်းချုပ်ဆိုတဲ့အခါမှာ ခိုင်မာမှုရှိဖို့ရာသိထားရမယ့်အချက်လေးတွေကိုဖော်ပြပေးထားပါတယ်။

 

(၁) -  စာချုပ် တရားဝင်ခိုင်မာမှုရှိရန် ဘာတွေလိုအပ်လဲ။

စာချုပ်တစ်စောင်ခိုင်မာစေရန် စာချုပ်ပါ အင်္ဂါရပ်များ ပြည့်စုံရန် လိုအပ်ပါသည်။ ၁။ ပဋိဉာဉ်ပြုလုပ်နိုင်သူ ၂။ လွတ်လပ်သောသဘောဆန ၃။ဥပဒေနှင့်မဆန့်ကျင်သောအဖိုးစားနား ၄။ပဋိဉာဉ်ပြုလုပ်သူတို့၏ ရည်ရွယ်ချက်မှာလဲ ဥပဒေနှင့်ညီညွှတ်ရန် လိုအပ်ပါတယ်။

ပဋိညာဉ်တစ်ခုပြုလုပ်ရာတွင် ကမ်းလှမ်းသည်မှစတင်ပြီး ထိုကမ်းချက်အားစာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေလက်ခံနိုင်ပါတယ်။ ကမ်းလှမ်းချက်အားလက်ခံလျှင်ကတိဖြစ်လာတယ်။ ပဋိဉာဉ်တစ်ခုဖြစ်မြောက်ရန်အတွက်အကြံပြုချက်၊လက်ခံခြင်း၊ကတိပြုသူ၊ကတိပြုခြင်းခံရသူ၊အဖိုးစားနားနှင့်သဘော တူညီချက်တို့ လိုအပ်ပါတယ်။ ကြေငြာခြင်းဆိုသည်မှာ ကမ်းလှမ်းချက် မဟုတ်သေးပေ၊ဖိတ်ခေါ်ခြင်းသာဖြစ်တယ်။သဘော တူညီချက်ကို ဥပဒေအရ အရေးယူနိုင်လျှင် ပဋိဉာဉ်ဖြစ်ပြီး ဥပဒေအရအရေးမယူနိုင်ပါက ပျက်ပြယ် သော သဘောတူညီချက်ပဲဖြစ်ပါတယ်။ ပဋိဉာဉ်တစ်ခုဖြစ်မြောက်ရန် အဖိုးစားနားလဲလိုအပ်ပြီး နှစ်ဦး နှစ်ဖက်ထားရှိသည့်ကတိသည်အဖိုးစားနားပင်ဖြစ်ပါတယ်။ အရွယ်မရောက်သေးသူနှင့်ချုပ်ဆိုသော ပဋိဉာဉ်မှာပျက်ပြယ်သောပဋိဉာဉ်ပင်ဖြစ်ပါတယ်။ ညီညွတ်မှုဆိုသည်မှာ အကြောင်းချင်းရာတစ်ခုအား ထပ်တူထပ်မျှနားလည်သဘောတူကြခြင်း ပင်ဖြစ်ပါသည်။ညီညွတ်မှုတွင် လွတ်လပ်သောသဘောဆနဖြစ်ရန်လိုအပ်ပြီး ပဋိဉာဉ်တစ်ခု၌ အနိုင်အထက်ပြုခြင်း၊မလျော်ဩဇာသုံးခြင်း၊ခြိမ်းခြောက်ခြင်းတို့ကင်းရန်လိုအပ်ပါသည်။တရားစွဲဆိုရန်အတွက် ပိတ်ပင်သော ပဋိဉာဉ်မှာ ပျက်ပြယ်ပါတယ်။

 

(၂)- မည်သည့်ပိုင်ဆိုင်မှုပုံစံဖြင့် ရောင်းချသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဝယ်ယူရန်မသင့်ပါဘူးလဲ။

စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေပုဒ်မ-၁၆ အရ တန်ဖိုးငွေကျပ်(၁)သိန်းနှင့်အထက်ရှိသော မရွှေ့မပြောင်း နိုင်သော ပစည်းများအားမှတ်ပုံတင်ရမည်ဟုပြဌာန်းထားသောကြောင့် မရွှေ့မပြောင်း နိုင်သော ပစည်း အား ဝယ်ယူမည်ဆိုပါကပိုင်ဆိုင်မှုစာရွက်စာတမ်းများမှာ မှတ်ပုံတင်ထားသောခြင်း ရှိ မရှိစစ်ဆေးရပြီးမှတ်ပုံတင်စာချုပ်မရှိက ဝယ်ယူရန် မသင့်ပါ။ ထို့ပြင်လက်ရှိပိုင်ဆိုင်သူမှာ ဂရန်အမည်ပေါက်ပိုင်ဆိုင်သူ ဟုတ်မဟုတ်၊အမည်ပေါက်နှင့်မည့်သို့ တော်စပ်မှုရှိပါသလဲ၊ အမည်ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာဖြင့်ဝယ်ယူပိုင်ဆိုင်နေသူလား စာရွက် စာတမ်း အဆက်အစပ်များအား စစ်ဆေးကြည့်ရှုရမယ်။ အမည်ပေါက်ပိုင်ရှင် သေဆုံးပါက အမွေဆက် ခံကြောင်း ကြေငြာစာချုပ်စာတမ်းဖြင့်မှတ်ပုံတင်ထားခြင်း ရှိမရှိ ကြည့်ရှုရမယ်။ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ-၂၁ အရ ချုပ်ဆိုသည့်ရက်မှ စတင်၍ ရက်ပေါင်း(၁၂၀) အတွင်း မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားသဖြင့် တံဆိပ်ခေါင်းခွန်နှင့် ဝင်ငွေခွန်များထမ်းဆောင်၍ သတ် မှတ်ကာလအတွင်း ပစည်းတည်ရှိရာ မှတ်ပုံတင်ရုံးတွင်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းအား မှတ်ပုံတင် ပြုလုပ်ရပါမယ်။ မိမိဝယ်ယူလိုသောမြေကွက်၏ မြေငှားဂရန်နှင့် မြေဌားခ နောက်ဆုံး ပေးဆောင်ထားသောပြေစာတို့ အား တောင်းယူကြည့်ရှုကာ မြေငှားဂရန်သက်တမ်းရှိမရှိ စစ်ဆေးရမယ်။မြေငှားဂရန်အားသက်တမ်းမကုန်ဆုံး ခင်(၃)လအတွင်း သက်တမ်းတိုး ဆောင်ရွက်ရပြီး ကျော်လွန်ပါကသတ်မှတ်ကာလအတွင်း ဒဏ်ကြေး ပေးဆောင်ကာ သက်တမ်းတိုးရပါတယ်။

-မြေဌားသက်တမ်းကုန်ဆုံးနေသောဂရန်မြေမှာ အစိုးရနှင့် မြေငှားစာချုပ်သက်တမ်းကုန်ဆုံးကာအစိုးရ ပြန်လည် စီမံခန့်ခွဲနိုင်သော မြေဖြစ်သွားသဖြင့် ဝယ်ယူရန်မသင့်တော်ပါ။မြေပုံမြေရာဇဝင်မှာလဲ (၁)နှစ်အတွင်း ကူးယူထားသော အရောင်းမြေပုံဖြစ်ရန်လိုအပ်ပါသည်။

ဂရန်အမည်ပေါက်မူလပိုင်ရှင်၏ အထူးကိုယ်စားလှယ်စာ (Special Power) ရှိသော်လည်း ၎င်းမှာသေဆုံးသွားပြီး အရပ်ကတိစာချုပ်များဖြင့် အဆင့်ဆင့်လွှဲပြောင်းရောင်းချထားသော အရပ်အခေါ်အရဂရန် ဂတုံးဖြစ် နေသောမြေကွက်မျိုးအား ဝယ်ယူရန်မသင့်ပါ။ မြေကွက်အား ခွဲစိတ်မြေပုံ လျှောက်ထားရန်အတွက် သတ်မှတ်ပေမပြည့်မီသည့်အပြင် ပိုင်ဆိုင်မှုအနေဖြင့် မြေငှား(ဂရန်)အားမိတသာ ကိုင်ဆောင်ခွင့်ရမည့်မြေမျိုးအား မဝယ်ယူသင့်ပါ။

 

(၃) -  မြေနဲ့အိမ် အရောင်းအဝယ်လုပ်ရင် အရောင်းမြေပုံရမှကျန်ငွေပေးချေးရမှာပါသလား။ 

အဆောက်အဦးဆောက်လုပ်ရန်၊အကြီးစားပြင်ဆင်ရန်၊ဘဏ်ငွေချေးရန်၊အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်၊အမွေဆက်ခံကြောင်းကြေငြာစာချုပ်ချုပ်ဆိုရန်၊ပစည်းခွဲဝေခြင်းစာချုပ်ချုပ် ဆိုရန်၊ စွန့်လွှတ် စာချုပ်ချုပ်ဆိုရန်၊အပိုင်ပေးစာချုပ်ချုပ်ဆိုရန်၊ ခြံစည်းရိုးကာရံခွင့်လျှောက်ထားရန်၊ခွဲစိတ်မြေပုံလျှောက် ထားရန်စသဖြင့် မြေပုံကူးလျှောက်ထားနိုင်ပြီးအိမ်ခြံမြေအရောင်းအဝယ်ပြုရာတွင် (၁)နှစ်အတွင်း ထုတ်ထားသောအရောင်းမြေပုံလိုအပ်ပါတယ်။

မြေပိုင်မြေ။ဘိုးဘပိုင်မြေ၊ဂရန်ရှိမြေပိုင်မြေ၊မြေငှားစာချုပ်(ဂရန်)မြေ၊စကွာတာမြေနှင့်ဂရန်သက်တမ်းကုန်မြေများကို မြေအမည်ပေါက်(သို့)မှတ်ပုံတင်စာချုပ်ဖြင့် အဆက်အစပ်ဖြင့်ရရှိသူ(သို့) တရား ရေး ဒီဂရီတစ်ရပ်ရပ်ရရှိသူတို့မှ မြေပုံမြေရာဇဝင်လျှောက်ထားနိုင်ပါတယ်။ ထို့ကြောင့်ပိုင်ဆိုင်မှုသေချာမှုရှိမရှိ သိရှိလိုလျှင် ရောင်းချလိုသူကို မြေပုံကူးခိုင်းလိုက်ပါ။ (၁)နှစ် အတွင်း အရောင်းမြေပုံကူးယူပြီးသားရှိရင်တော့ ပိုအဆင်ပြေပါတယ်။ မြေပုံကူးရာတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား၊မြေငှားစာချုပ်(ဂရန်မြေ)(သို့)ပိုင်ဆိုင်မှုနှင့် ပတ်သတ်ပြီး တရားရုံးမှ ချမှတ်ထားသည့်အမိန့်ဒီကရီတစ်ရပ်ရပ်၊ ၊မြေငှားခကြွေးကျန် ကင်းရှင်း ကြောင်း ထောက်ခံပြေစာလိုအပ်ပါတယ်။

အရောင်းအဝယ်တွင် မြေကွက်အကျယ်အဝန်းအား တိကျစွာသိရှိရန်လိုအပ်ပြီးလက်ရှိမြေပုံအား ထုတ်ယူမှသာ အမှတ်တကယ်တည်ရှိသည့် (Sqft)နှင့်မြေကွက် ပေါက်ဈေးအားတွက်ချက်ရ အဆင်ပြေ မည်ဖြစ်ပါတယ်။ထို့သို့မဟုတ်ပါက အကျယ်အဝန်းနှင့်စပ်လျဉ်း၍ဘေးမြေကွက်များနှင့်ပါ အငြင်းပွှားမှုပေါ် ပေါက်နိုင်ပါတယ်။ မြေကွက်အား လွှဲပြောင်းရယူပြီးပါက ရောင်းချသူမှလဲ တရားဝင်ယူဖြေရှင်း ပေးမည်မဟုတ်ပါ။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုချိန်တွင်လဲ အရောင်းမြေပုံပါတင်ပြရပြီး စရန်ပေးစာချုပ်ချုပ်ပြီးနောက်အရောင်းမြေပုံ ရရှိသည်အခါမှ ကျန်ငွေပေးချေရန် ချိန်းဆိုသည်မှာ ပို၍သင့်တော်ကြောင်းဖြေဆိုပေးလိုက်ပါတယ်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 [Zawgyi]

 

 

အိမ္ၿခံေျမေလာကသားတိုင္း သိမွတ္ဖြယ္ရာ စာခ်ဳပ္တရားဝင္ခိုင္မာမႈရွိဖို႔ရာ

 

စာခ်ဳပ္တရားဝင္ခိုင္မာမႈရွိဖို႔ ဘာေတြလိုအပ္သလဲ? ဒီတစ္ပတ္မွာေတာ့ အိမ္ၿခံေျမေလာကသားတိုင္းအတြက္ စာခ်ဳပ္စာတန္းခ်ဳပ္ဆိုတဲ့အခါမွာ ခိုင္မာမႈရွိဖို႔ရာသိထားရမယ့္အခ်က္ေလးေတြကိုေဖာ္ျပေပးထားပါတယ္။

 

(၁) -  စာခ်ဳပ္ တရားဝင္ခိုင္မာမႈရွိရန္ ဘာေတြလိုအပ္လဲ။

စာခ်ဳပ္တစ္ေစာင္ခိုင္မာေစရန္ စာခ်ဳပ္ပါ အဂၤါရပ္မ်ား ျပည့္စုံရန္ လိုအပ္ပါသည္။ ၁။ ပဋိဉာဥ္ျပဳလုပ္ႏိုင္သူ ၂။ လြတ္လပ္ေသာသေဘာဆန ၃။ဥပေဒႏွင့္မဆန႔္က်င္ေသာအဖိုးစားနား ၄။ပဋိဉာဥ္ျပဳလုပ္သူတို႔၏ ရည္႐ြယ္ခ်က္မွာလဲ ဥပေဒႏွင့္ညီၫႊတ္ရန္ လိုအပ္ပါတယ္။

ပဋိညာဥ္တစ္ခုျပဳလုပ္ရာတြင္ ကမ္းလွမ္းသည္မွစတင္ၿပီး ထိုကမ္းခ်က္အားစာျဖင့္ျဖစ္ေစ၊ ႏႈတ္ျဖင့္ျဖစ္ေစလက္ခံႏိုင္ပါတယ္။ ကမ္းလွမ္းခ်က္အားလက္ခံလွ်င္ကတိျဖစ္လာတယ္။ ပဋိဉာဥ္တစ္ခုျဖစ္ေျမာက္ရန္အတြက္အႀကံျပဳခ်က္၊လက္ခံျခင္း၊ကတိျပဳသူ၊ကတိျပဳျခင္းခံရသူ၊အဖိုးစားနားႏွင့္သေဘာ တူညီခ်က္တို႔ လိုအပ္ပါတယ္။ ေၾကျငာျခင္းဆိုသည္မွာ ကမ္းလွမ္းခ်က္ မဟုတ္ေသးေပ၊ဖိတ္ေခၚျခင္းသာျဖစ္တယ္။သေဘာ တူညီခ်က္ကို ဥပေဒအရ အေရးယူႏိုင္လွ်င္ ပဋိဉာဥ္ျဖစ္ၿပီး ဥပေဒအရအေရးမယူႏိုင္ပါက ပ်က္ျပယ္ ေသာ သေဘာတူညီခ်က္ပဲျဖစ္ပါတယ္။ ပဋိဉာဥ္တစ္ခုျဖစ္ေျမာက္ရန္ အဖိုးစားနားလဲလိုအပ္ၿပီး ႏွစ္ဦး ႏွစ္ဖက္ထားရွိသည့္ကတိသည္အဖိုးစားနားပင္ျဖစ္ပါတယ္။ အ႐ြယ္မေရာက္ေသးသူႏွင့္ခ်ဳပ္ဆိုေသာ ပဋိဉာဥ္မွာပ်က္ျပယ္ေသာပဋိဉာဥ္ပင္ျဖစ္ပါတယ္။ ညီၫြတ္မႈဆိုသည္မွာ အေၾကာင္းခ်င္းရာတစ္ခုအား ထပ္တူထပ္မွ်နားလည္သေဘာတူၾကျခင္း ပင္ျဖစ္ပါသည္။ညီၫြတ္မႈတြင္ လြတ္လပ္ေသာသေဘာဆနျဖစ္ရန္လိုအပ္ၿပီး ပဋိဉာဥ္တစ္ခု၌ အႏိုင္အထက္ျပဳျခင္း၊မေလ်ာ္ဩဇာသုံးျခင္း၊ၿခိမ္းေျခာက္ျခင္းတို႔ကင္းရန္လိုအပ္ပါသည္။တရားစြဲဆိုရန္အတြက္ ပိတ္ပင္ေသာ ပဋိဉာဥ္မွာ ပ်က္ျပယ္ပါတယ္။

 

(၂)- မည္သည့္ပိုင္ဆိုင္မႈပုံစံျဖင့္ ေရာင္းခ်ေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို ဝယ္ယူရန္မသင့္ပါဘူးလဲ။

စာခ်ဳပ္စာတမ္းမ်ားမွတ္ပုံတင္ဥပေဒပုဒ္မ-၁၆ အရ တန္ဖိုးေငြက်ပ္(၁)သိန္းႏွင့္အထက္ရွိေသာ မေ႐ႊ႕မေျပာင္း ႏိုင္ေသာ ပစည္းမ်ားအားမွတ္ပုံတင္ရမည္ဟုျပဌာန္းထားေသာေၾကာင့္ မေ႐ႊ႕မေျပာင္း ႏိုင္ေသာ ပစည္း အား ဝယ္ယူမည္ဆိုပါကပိုင္ဆိုင္မႈစာ႐ြက္စာတမ္းမ်ားမွာ မွတ္ပုံတင္ထားေသာျခင္း ရွိ မရွိစစ္ေဆးရၿပီးမွတ္ပုံတင္စာခ်ဳပ္မရွိက ဝယ္ယူရန္ မသင့္ပါ။ ထို႔ျပင္လက္ရွိပိုင္ဆိုင္သူမွာ ဂရန္အမည္ေပါက္ပိုင္ဆိုင္သူ ဟုတ္မဟုတ္၊အမည္ေပါက္ႏွင့္မည့္သို႔ ေတာ္စပ္မႈရွိပါသလဲ၊ အမည္ေပါက္၏ အထူးကိုယ္စားလွယ္လႊဲစာျဖင့္ဝယ္ယူပိုင္ဆိုင္ေနသူလား စာ႐ြက္ စာတမ္း အဆက္အစပ္မ်ားအား စစ္ေဆးၾကည့္ရႈရမယ္။ အမည္ေပါက္ပိုင္ရွင္ ေသဆုံးပါက အေမြဆက္ ခံေၾကာင္း ေၾကျငာစာခ်ဳပ္စာတမ္းျဖင့္မွတ္ပုံတင္ထားျခင္း ရွိမရွိ ၾကည့္ရႈရမယ္။ စာခ်ဳပ္စာတမ္းမ်ားမွတ္ပုံတင္ဥပေဒ-၂၁ အရ ခ်ဳပ္ဆိုသည့္ရက္မွ စတင္၍ ရက္ေပါင္း(၁၂၀) အတြင္း မွတ္ပုံတင္ရမည္ဟု ျပဌာန္းထားသျဖင့္ တံဆိပ္ေခါင္းခြန္ႏွင့္ ဝင္ေငြခြန္မ်ားထမ္းေဆာင္၍ သတ္ မွတ္ကာလအတြင္း ပစည္းတည္ရွိရာ မွတ္ပုံတင္႐ုံးတြင္မေ႐ႊ႕မေျပာင္းႏိုင္သည့္ပစၥည္းအား မွတ္ပုံတင္ ျပဳလုပ္ရပါမယ္။ မိမိဝယ္ယူလိုေသာေျမကြက္၏ ေျမငွားဂရန္ႏွင့္ ေျမဌားခ ေနာက္ဆုံး ေပးေဆာင္ထားေသာေျပစာတို႔ အား ေတာင္းယူၾကည့္ရႈကာ ေျမငွားဂရန္သက္တမ္းရွိမရွိ စစ္ေဆးရမယ္။ေျမငွားဂရန္အားသက္တမ္းမကုန္ဆုံး ခင္(၃)လအတြင္း သက္တမ္းတိုး ေဆာင္႐ြက္ရၿပီး ေက်ာ္လြန္ပါကသတ္မွတ္ကာလအတြင္း ဒဏ္ေၾကး ေပးေဆာင္ကာ သက္တမ္းတိုးရပါတယ္။

-ေျမဌားသက္တမ္းကုန္ဆုံးေနေသာဂရန္ေျမမွာ အစိုးရႏွင့္ ေျမငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးကာအစိုးရ ျပန္လည္ စီမံခန႔္ခြဲႏိုင္ေသာ ေျမျဖစ္သြားသျဖင့္ ဝယ္ယူရန္မသင့္ေတာ္ပါ။ေျမပုံေျမရာဇဝင္မွာလဲ (၁)ႏွစ္အတြင္း ကူးယူထားေသာ အေရာင္းေျမပုံျဖစ္ရန္လိုအပ္ပါသည္။

ဂရန္အမည္ေပါက္မူလပိုင္ရွင္၏ အထူးကိုယ္စားလွယ္စာ (Special Power) ရွိေသာ္လည္း ၎မွာေသဆုံးသြားၿပီး အရပ္ကတိစာခ်ဳပ္မ်ားျဖင့္ အဆင့္ဆင့္လႊဲေျပာင္းေရာင္းခ်ထားေသာ အရပ္အေခၚအရဂရန္ ဂတုံးျဖစ္ ေနေသာေျမကြက္မ်ိဳးအား ဝယ္ယူရန္မသင့္ပါ။ ေျမကြက္အား ခြဲစိတ္ေျမပုံ ေလွ်ာက္ထားရန္အတြက္ သတ္မွတ္ေပမျပည့္မီသည့္အျပင္ ပိုင္ဆိုင္မႈအေနျဖင့္ ေျမငွား(ဂရန္)အားမိတသာ ကိုင္ေဆာင္ခြင့္ရမည့္ေျမမ်ိဳးအား မဝယ္ယူသင့္ပါ။

 

(၃) -  ေျမနဲ႔အိမ္ အေရာင္းအဝယ္လုပ္ရင္ အေရာင္းေျမပုံရမွက်န္ေငြေပးေခ်းရမွာပါသလား။ 

အေဆာက္အဦးေဆာက္လုပ္ရန္၊အႀကီးစားျပင္ဆင္ရန္၊ဘဏ္ေငြေခ်းရန္၊အေရာင္းအဝယ္စာခ်ဳပ္ ခ်ဳပ္ဆိုရန္၊အေမြဆက္ခံေၾကာင္းေၾကျငာစာခ်ဳပ္ခ်ဳပ္ဆိုရန္၊ပစည္းခြဲေဝျခင္းစာခ်ဳပ္ခ်ဳပ္ ဆိုရန္၊ စြန႔္လႊတ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္၊အပိုင္ေပးစာခ်ဳပ္ခ်ဳပ္ဆိုရန္၊ ၿခံစည္း႐ိုးကာရံခြင့္ေလွ်ာက္ထားရန္၊ခြဲစိတ္ေျမပုံေလွ်ာက္ ထားရန္စသျဖင့္ ေျမပုံကူးေလွ်ာက္ထားႏိုင္ၿပီးအိမ္ၿခံေျမအေရာင္းအဝယ္ျပဳရာတြင္ (၁)ႏွစ္အတြင္း ထုတ္ထားေသာအေရာင္းေျမပုံလိုအပ္ပါတယ္။ ေျမပိုင္ေျမ။ဘိုးဘပိုင္ေျမ၊ဂရန္ရွိေျမပိုင္ေျမ၊ေျမငွားစာခ်ဳပ္(ဂရန္)ေျမ၊စကြာတာေျမႏွင့္ဂရန္သက္တမ္းကုန္ေျမမ်ားကို ေျမအမည္ေပါက္(သို႔)မွတ္ပုံတင္စာခ်ဳပ္ျဖင့္ အဆက္အစပ္ျဖင့္ရရွိသူ(သို႔) တရား ေရး ဒီဂရီတစ္ရပ္ရပ္ရရွိသူတို႔မွ ေျမပုံေျမရာဇဝင္ေလွ်ာက္ထားႏိုင္ပါတယ္။ ထို႔ေၾကာင့္ပိုင္ဆိုင္မႈေသခ်ာမႈရွိမရွိ သိရွိလိုလွ်င္ ေရာင္းခ်လိုသူကို ေျမပုံကူးခိုင္းလိုက္ပါ။ (၁)ႏွစ္ အတြင္း အေရာင္းေျမပုံကူးယူၿပီးသားရွိရင္ေတာ့ ပိုအဆင္ေျပပါတယ္။ ေျမပုံကူးရာတြင္ ႏိုင္ငံသားစီစစ္ေရးကတ္ျပား၊ေျမငွားစာခ်ဳပ္(ဂရန္ေျမ)(သို႔)ပိုင္ဆိုင္မႈႏွင့္ ပတ္သတ္ၿပီး တရား႐ုံးမွ ခ်မွတ္ထားသည့္အမိန႔္ဒီကရီတစ္ရပ္ရပ္၊ ၊ေျမငွားခေႂကြးက်န္ ကင္းရွင္း ေၾကာင္း ေထာက္ခံေျပစာလိုအပ္ပါတယ္။

အေရာင္းအဝယ္တြင္ ေျမကြက္အက်ယ္အဝန္းအား တိက်စြာသိရွိရန္လိုအပ္ၿပီးလက္ရွိေျမပုံအား ထုတ္ယူမွသာ အမွတ္တကယ္တည္ရွိသည့္ (Sqft)ႏွင့္ေျမကြက္ ေပါက္ေဈးအားတြက္ခ်က္ရ အဆင္ေျပ မည္ျဖစ္ပါတယ္။ထို႔သို႔မဟုတ္ပါက အက်ယ္အဝန္းႏွင့္စပ္လ်ဥ္း၍ေဘးေျမကြက္မ်ားႏွင့္ပါ အျငင္းပႊားမႈေပၚ ေပါက္ႏိုင္ပါတယ္။ ေျမကြက္အား လႊဲေျပာင္းရယူၿပီးပါက ေရာင္းခ်သူမွလဲ တရားဝင္ယူေျဖရွင္း ေပးမည္မဟုတ္ပါ။ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တြင္လဲ အေရာင္းေျမပုံပါတင္ျပရၿပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ၿပီးေနာက္အေရာင္းေျမပုံ ရရွိသည္အခါမွ က်န္ေငြေပးေခ်ရန္ ခ်ိန္းဆိုသည္မွာ ပို၍သင့္ေတာ္ေၾကာင္းေျဖဆိုေပးလိုက္ပါတယ္။

 

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ
တိုင်းမ်မဂ္ဂဇင်းကြီး၏ ပိုင်ရှင် မာ့ခ် ဘဲနီအော့ဖ်က ၎င်းနှင့်အတူ နေ့လယ်စာစားခွင့် အခွင့်အရေးကို လေလံတင် ရောင်းချရာ ဒေါ်လာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

ruby
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service