ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ - Property News in Myanmar from iMyanmarHouse.com
29 May 2023 11:11 am တွင် တင်ခဲ့သည်
368 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မန်ချက်စတာစီးတီး ဘောလုံးအသင်းသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်တွင် ၎င်းတို့၏ သမိုင်းသစ်တစ်ခုကို ရေးထိုးခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်း၏ကွင်းတွင် မန်စီးတီးသည် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်ဆက်တိုက် ရရှိ သွားပြီး ယခုနှစ်တွင် ဒုတိယနေရာ၌ ရပ်တည်နေသည့် အာဆင်နယ်အသင်းကို ဖြတ်ကျော်ကာ ဖလားရ သွားခြင်း ဖြစ်သည်။
၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ ၆ နှစ်တာ ကာလအတွင်း မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်တိုင် ရရှိခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် လီဗာပူးအသင်းက ဖလားရခဲ့ခြင်း ဖြစ်သည်။
မန်စီးတီးအသင်းခေါင်းဆောင် Iikay Gundogan က ဘီဘီစီသတင်းဌာနသို့ ပြောသည်မှာ ပရီးမီးယားလိဂ် သည် ကမ္ဘာပေါ်တွင် ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ကြောင်း၊ ထိုသို့သောနေရာတွင် လိဂ်ဖလားကို ၃ နှစ် ဆက်တိုက်နှင့် ၆ နှစ်အတွင်း ၅ ကြိမ်ရရှိခဲ့ခြင်းမှာ မယုံနိုင်ဖွယ်ရာဖြစ်ကြောင်း ပြောသည်။
ရှိတ်မန်ဆော်၏ တစ်ဦးတည်း ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၃၀ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရပြီး သူ၏မိသားစုကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ထရီလီယံခန့် ရှိသည်။
မန်စီးတီးအသင်းသည် ဘောလုံးလိဂ်များတွင် ကြီးမားသော သြဇာလွှမ်းမှုရှိလာကာ ပိုင်ရှင်ဖြစ်သူ ရှိတ်မန်ဆော် သည်လည်း သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဘောလုံးအသင်းပိုင်ရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
(ဓာတ်ပုံ- Instagram)
ရှိတ်မန်ဆော်၏ အမည်ရင်းမှာ Mansoor Bin Zayed Al Nahyan ဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုမှ အကြီးအကဲတစ်ဦးဖြစ်သည်။
ရှိတ်မန်ဆော်သည် အဘူဒါဘီ ယူနိုက်တက်အုပ်စု (ADUG) ၏ ပိုင်ရှင်ဖြစ်သည်။
ADUG သည် မန်ချက်စတာစီးတီးအသင်းကို ၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရှိတ်မန်ဆော်သည် အာရပ်စော်ဘွားများ ပြည်ထောင်စု၏ ဒုတိယသမ္မတလည်း ဖြစ်သည်။
((တန်ဖိုးကြီး အိမ်ခြံမြေများနှင့် ကြယ် ၇ ပွင့်အဆင့် ဟိုတယ်))
(ဓာတ်ပုံ- Instagram)
ရှိတ်မန်ဆော်သည် ၂၀၁၆ ခုနှစ်အတွင်း စပိန်မှ ခမ်းနားထည်ဝါသော စံအိမ်တစ်လုံးကို ၂၀၁၆ ခုနှစ်အတွင်း ပေါင် ၄၂ သန်းခန့်ဖြင့် ဝယ်ယူခဲ့သည်။
ထိုစံအိမ်၏ ခြံအကျယ်မှာ ဧက ၂၀၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။
The Sun သတင်းဌာန၏ ဖော်ပြချက်အရ ရှိတ်မန်ဆော်နှင့် မိသားစုသည် အဘူဒါဘီတွင် ခမ်းနားထည်ဝါသော Emirates Palace အမည်ရှိ ဟိုတယ်ကြီးကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
အခန်းပေါင်း ၃၉၄ ခန်းပါဝင်ပြီး ယင်းအနက် လူနေခန်း ၂၂ ခန်းမှာ ရွှေထည်အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည်။
ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်ကားဖြစ်သော Fast and Furious 7 ကို ဤဟိုတယ်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
(ပေါင် သန်း ၅၀၀ တန်ရွက်လှေကြီး ))
၂၀၂၂ ခုနှစ်အတွင်း ရှိတ်မန်ဆော်သည် အလျား ၅၂၅ ပေရှိသော ရွက်လှေကြီးတစ်စင်းကို ပေါင် သန်း ၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။
ရှိတ်မန်ဆော်က မန်ချက်စတာစီးတီးအသင်းကို ဂုဏ်ပြုသောအားဖြင့် Blue ဟု အမည်ပေးခဲ့သည်။
ရွက်လှေကြီးတွင် အခန်းပေါင်း ၄၀ ၊ ခမ်းနားသော ရေကူးကန်ကြီးတစ်ခု ၊ ကလပ်တစ်ခု ၊ ရဟတ်ယာဉ်ကွင်း တစ်ခုနှင့် ဖျော်ဖြေရေးအထပ်များ ပါဝင်သည်။
၂၀၁၄ ခုနှစ်အတွင်း ရှိတ်မန်ဆော်က လီယိုနာဒိုဒီကာပရီယိုအား သူ၏ အရင်းနှီးဆုံး မိတ်ဆွေများနှင့် ပါတီပွဲ ကျင်းပရန် ဤရွက်လှေကြီးကို ငှားရမ်းခဲ့ဖူးသည်။
(တန်ဖိုးကြီး မော်တော်ကားများ))
ရှိတ်မန်ဆော်သည် တန်ဖိုးကြီး မော်တော်ကားပေါင်း များစွာ ပိုင်ဆိုင်ထားသည်။
အဆိုပါ ကားများအနက် ပေါင် ၃ သန်းခန့် ပေးရသော Porsche 911 GT1 တစ်စီးနှင့် Bugatti Veyron ၅ စီးတို့လည်း အပါအဝင် ဖြစ်သည်။
(အခြားရင်းနှီးမြှပ်နှံမှုများ))
The Sun သတင်းဌာန၏ ဖော်ပြချက်အရ ရှိတ်မန်ဆော်သည် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီပေါင်း ၅၀ နီးပါးခန့်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်ဟု ဆိုသည်။
အဆိုပါ ကုမ္ပဏီများအနက် Ferrari, Virgin Galactic နှင့် Daimler AG (Mercedes) တို့ အပါအဝင်ဖြစ်သည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Manchester City Owner Sheikh Mansour, who has a gold-furnished hotel, a Rs 5,163 crore yacht: Know about his life & net worth (financialexpress)
[Zawgyi]
(ဓာတ်ပုံ- Instagram)
(ဓာတ်ပုံ- Instagram)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-villa
shwe-moe-kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service