“အချစ်လိပ်ပြာလေး ဒီတိုင်းလေးသာပျံလိုက်ပါ”
“အချစ်လိပ်ပြာလေး ဒီတိုင်းလေးသာပျံလိုက်ပါ” - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2023 2:55 pm တွင် တင်ခဲ့သည်
1566 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
လိပ်ပြာဆိုသော စကားလုံးလေးက အသစ်အဆန်းမဟုတ်ပါ။ဒါပေမဲ့ အခုတလော ဒီလိပ်ပြာဆိုသောစကားနဲ့ ဆက်စပ်ပြီး ဖြစ်ရပ်ဆန်းတို့က လူမှုကွန်ရက်မှာတွေခဲ့ရပါတယ်။ဒါကတော့ “လိပ်ပြာဖြတ်ခြင်း” ဆိုတဲ့ကိစ္စပါပဲ။
ပထမတော့ လိပ်ပြာဖြတ်တာကို လောကီပညာဂမ္ဘီရသဘောလိပ်ပြာလွှင့်တာနဲ့ သက်ဆိုင်နေမလားလို့ ဖတ်ကြည့်တော့မှ အိုး…ဘုရားတလို့…အံ့ဩေတကြီး အသစ်အဆန်းသတင်း ဖြစ်ခဲ့ရပါတယ်။ ခေတ်သစ်မေပျိုတို့ရဲ့ လိပ်ပြာပေါ့။
ပြောရရင် လိပ်ပြာဆိုတဲ့ စကားရပ်က ကိုးကွယ်ရာဘာသာ အယူဝါဒတွေနဲ့ ဂမ္ဘီရဆိုင်ရာ မှော်၊ပယောဂ ပညာရပ်တို့မှာ တခုတ်တရရှင်းနေရတဲ့ စကားတစ်လုံးဖြစ်ပါတယ်။အခုထိလည်း လိပ်ပြာကောင် (ဝိညာဉ်=အသက်)က အချို့သော သူတွေရဲ့ရင်ထဲမှာ ရှင်းလင်းနေရဆဲပါ။
လိပ်ပြာဆိုတဲ့ စကားက အတ္တနဲ့ဇီဝကို ပါဠိကနေ မြန်မာမှုပြုထားတာလို့ သိရပါတယ်။ အတ္တ၊ ဇီဝကို မြန်မာလို လိပ်ပြာ၊ ဝိညာဉ်၊ အသက်ဆိုတဲ့ စကားလုံးတွေနဲ့ အဓိပ္ပာယ် ဖလှယ်မှုပြုထားပါတယ်။တချို့ကလည်း လိပ်ပြာကို အတ္တ၊ဝိညာဉ်ငါကောင်လို့ ဆိုကြပါတယ်။
အဲဒီလိပ်ပြာခေါ် အတ္တ၊ဝိညာဉ်ငါကောင်က သတ္တဝါတွေရဲ့ ခန္ဓာအိမ်အတွင်းမှာ တည်ရှိပြီး နာမ်တရား၊ ရုပ်တရား လည်းမဟုတ်ဘူးလို့ဆိုပါတယ်။ ဘယ်သောအခါမှလည်း မပျက်စီးနိုင်၊ မအို၊ မသေ၊ အမြဲတည်နေတဲ့ အနှစ်သာရ တစ်ခုသာဖြစ်တယ်လို့ဆိုထားပါတယ်။
ခန္ဓာအိမ်ပျက်စီးသွားရင်တောင် အဲဒီလိပ်ပြာခေါ်အတ္တ၊ ဝိညာဉ်ငါကောင်က မပျက်စီး၊ မသေလွန်ဘဲ 'လောက်လမ်းသဖွယ် တွယ်မှီဖို့ရာ ခန္ဓာအိမ်သစ်တစ်ခုကို ရှာဖွေကူးပြောင်းပြီးနေတယ်လို့ ဆိုပါတယ်။ လိပ်ပြာကောင်ရဲ့အရွယ်ပမာဏကိုလည်း အမျိုးမျိုး လက်ခံထားတာရှိပြီး ခန္ဓာအိမ်ကို စိုးပိုင်ပြီး သူ့ရဲ့အလိုအတိုင်း ခန္ဓာအိမ်က လုပ်ရတယ်လို့ ဆိုပါတယ်။
လိပ်ပြာနဲ့ပတ်သက်လို့ (၁) လိပ်ပြာ ချင်းကူးလို့ ချစ်ကြိုက်တယ်(၂) လိပ်ပြာလှတယ်၊ (၃) လိပ်ပြာစဉ်သွား တယ်၊ (၄) လိပ်ပြာကိုခေါ်သွားတယ်၊ လိပ်ပြာနုတ်တယ်၊ (၅) လိပ်ပြာဖမ်းချုပ်တယ်၊ (၆) လိပ်ပြာအသက်သွင်း တယ်၊ (၇) လိပ် ပြာကိုခေါ်တယ်၊ (၈) လိပ်ပြာခွဲတယ်ဆိုပြီး ယုံကြည်ခဲ့ကြတဲ့ နည်းတွေမနည်းဘဲရှိခဲ့ပါတယ်။
နဂိုရှိနေတဲ့ဟာနဲ့တင်ရှုပ်နေတာကိုအခုလည်း နောက်တစ်ခုထပ်တိုးလာပါပြီ။ဒါကတော့ “လိပ်ပြာဖြတ်ခြင်း” ဆိုတဲ့ကိစ္စပါပဲ။အမျိုးသမီးတို့ရဲ့ကိစ္စ။ လူများဟာ တစ်ခါတစ်ရံ သဘာဝတရားကြီးကို အတော်ဆန့်ကျင်လို ကြတယ်လို့ပဲ ပြောရမလိုဘဲ။ သဘာဝအရဖြစ်တည်တာကို လက်မခံနိုင်ခြင်း သဘောလား။ သိပ်ကိုတွေးရ ခက်ပါတယ်။
လိပ်ပြာဖြတ်တယ်ဆိုတဲ့ ဖြစ်ပုံက အမျိုးသမီးတချို့ သူတို့ရဲ့မိန်းမကိုယ်မှာ နှုတ်ခမ်းသားတွေ ကြီးနေတာကို ဖြတ်ကြတာပါတဲ့။
ဒီတော့လူမှုကွန်ရက်မှာ မျှဝေထားတဲ့ အတိုင်းလေးပဲ မူရင်းရေးသားသူကို အသိအမှတ်ပြုရင်း ပြန်လည်မျှဝေလိုက်ချင်ပါတယ်။သဘာဝဟာ သဘာဝပဲကောင်းပါတယ်။ကဲ.... ဖတ်ကြည့်ကြပါဦး။
…အမျိုးသမီးတချို့ သူတို့မိန်းမကိုယ်ရဲ့နှုတ်ခမ်းသားတွေ ကြီးနေတာကို ဖြတ်ကြတာတဲ့။ ဘာဆေးပညာမှ မသိတဲ့သူတွေဆီမှာ ဖြတ်နေကြတာ အန္တရာယ်များလိုက်တာ။ အဲဒီလူတွေဟာ သူတို့ငွေရဖို့အတွက် မိန်းကလေးတွေကို မတရားနည်းနဲ့ဆွယ်ပြီး ဒုက္ခပေးနေတာ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လှတယ်ထင်ဖို့၊ သဘောကျဖို့ အရေးကြီးတာ မှန်ပါတယ်။ ခေါင်းအစ ခြေအဆုံး လှချင်တာလည်း နားလည်တယ်။ ဒါပေမဲ့ တခြားလူမမြင်ရတဲ့ မိန်းမကိုယ်ကို ပြုပြင်ချင်တာကတော့ သူတို့နဲ့ပတ်သက်သူ၊ သက်ဆိုင်သူ မကြိုက်မှာ စိုးလို့ပါပဲ။
မိန်းမကိုယ်နှုတ်ခမ်းသားကြီးတာဟာ Sexual Practice များလို့ဆိုတဲ့ အရပ်စကားကလည်း မမှန်ပါဘူးနော်။ အမျိုးသားတွေရဲ့ Size လိုပါပဲ။ Sexual Practice များတိုင်း ကြီးလာတာမျိုးမဟုတ်ဘူး။ ဆိုတော့ … အမျိုးသမီးများက ကိုယ့်ကိုယ်ကိုယ် အားနည်းချက်ရှိတယ်လို့ မထင်ပါနဲ့။ ယုံကြည်မှုရှိရှိနဲ့နေပါ။ အဲဒါကိုမှ Complain တက်တဲ့ Partner ဆိုရင် အဆက်ဖြတ်လိုက်ပါ။
မိန်းကလေးတိုင်း အပေါ်/အောက် ပန်းရောင်လေး ဖြစ်မနေပါဘူး။ အသားညိုရင် သူလည်းညိုမှာပါပဲ။ Video တွေထဲမှာပါတဲ့အရာတွေဟာ လက်တွေ့မကျပါဘူး။ ကိုယ့် Partner က ကိုယ့်ကို Video ထဲက မင်းသမီးတွေလို ဖြစ်စေချင်နေရင် သူလည်း Video ထဲက Six Packs နဲ့ဘဲတွေရဲ့ ပစ္စည်းပုံစံရှိမနေတာကို သတိပေးလိုက်ပါ။
? ကိုယ့်ကိုယ်ကိုယ် သဘောမကျလွန်းလို့ လိပ်ပြာဖြတ်ချင်တယ်ဆိုရင်ဖြင့် ရောဂါပိုးတွေဝင်ပြီး အင်မတန်ရုပ်ဆိုးတဲ့လိပ်ပြာဖြစ်မသွားစေဖို့ ကျွမ်းကျင်သူ လိုင်စင်ရ ဆရာဝန်များနဲ့သာ လိပ်ပြာဖြတ်ကြပါရှင်။
ယောက်ျားတွေလည်း ဒီအတိုင်းပဲ သဘောရပါတယ်။မဟုတ်တရုတ်တွေ လုပ်တာက မဟုတ်တရုတ်လုပ်လိုတဲ့ သူတွေကိစ္စပါ။နားယောင်ပြီး လိုက်လုပ်ရင်းနဲ့ သဘာဝတရားတွေဟာ ပျက်စီးတတ်ပါတယ်ဆိုတဲ့ အကြောင်းလေးနဲ့ ထပ်လောင်းအသိပေးပါရစေဗျာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buffett က သူ၏ လက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ နီးပါးသုံးစွဲကာ စိန်လက်စွပ်ဝယ်ယူရန် တိုက်တွန်းခဲ့သော်လ...
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
mya-villa
bkk-projects
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service