ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်တော့မည့် သူတွေ သိထားသင့်တဲ့ PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
1756 Views

ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်တော့မည့် သူတွေ သိထားသင့်တဲ့ PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ.....

Knowledge | Posted by Si Thu Aung

[Unicode]

PAE စနစ်နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ

PAE ဖြင့် အိမ်ဆောက်ခြင်း ဆောက်လုပ်ရေး လောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်တွေအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။PAE စနစ်ဆိုတာဟာ ကန်ထရိုက်စနစ်တွေထဲက တစ်ခုဖြစ်ပြီးတော့ အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရမယ်ဆိုရင် PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးဆောက်လုပ်ရာမှာပါဝင်တဲ့ ပန်းရံ၊ လက်သမား၊ မီးသမား ၊ ဆေးသုတ်သမား အစရှိတဲ့အခန်းကဏ္ဍအသီးသီးအတွက် အသေးစားပုတ်ပြတ်စနစ်တွေကိုစုပေါင်းထားတာပဲဖြစ်ပါတယ်။

PAE ရဲ့အဓိပ္ပါယ်

PAE ဆိုတာက “Plinth Area Estimate (PAE)” ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဆောက်အဦတစ်ခုကို ဆောက်လုပ်ရာမှာ အဆောက်အဦရဲ့ဧရိယာပေါ်မှာ အခြေပြုပြီး ကုန်ကျစရိတ်ကို ခန့်မှန်း တွက်ချက်ခြင်း ဖြစ်ပါတယ်။

PAE ဆိုတာ

ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံး စကားလုံး အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တော့ PAE ဆိုတာကို ဈေးတန်းသတ်မှတ်ချက် တခုအနေနဲ့ အသုံးပြုလာကြပြီး အိမ်ရှင်နဲ့ ကန်ထရိုက်၊ ကန်ထရိုက်နဲ့ အလုပ်သမား ကြားမှာ သင့်တင့်မျှတအောင် ဈေးညှိနှိုင်းဖို့အတွက် အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။

PAE ကို ဘယ်နေရာမှာ စတင်အသုံးပြုခဲ့တာလဲ

တကယ်တော့ PAE Rate ဆိုတာကို မူလပထမက စာသင်ကျောင်းနဲ့ ဆေးရုံလို ပုံသေတွက်ချက်လို့ရတဲ့ ဧရိယာကြီးမားပြီး ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့ အစိုးရပရောဂျက်လို အဆောက်အဦတွေကို တင်ဒါချပေးတဲ့နေရာမှာ စတင်သုံးစွဲခဲ့ရာကနေ နောက်ပိုင်း မှာ ကန်ထရိုက်ဆောက်လုပ်ရေးလောကကိုပါ ရောက်ရှိလာပြီး သာမန် ပုဂ္ဂလိကအဆောက်အဦးတစ်ခု ဆောက်တော့မယ် ဆိုရင်ပါ PAE Rate နဲ့ ဈေးစကားပြောတာတွေ လုပ်လာကြပြီပဲဖြစ်ပါတယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင်တော့ ပုတ်ပြတ် စနစ်တစ်မျိုးပဲဖြစ်ပါတယ်။

PAE က အိမ်ဆောက်ရာမှာပါ ဘာလို့အသုံးတွင်ကျယ်လာတာလဲ

PAE ဆိုတာက အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းဆိုပေမယ့် ဆောက်လုပ်ရေးလောက ကန်ထရိုက်လောကမှာ အင်ဂျင်နီယာတွေချည်းပဲ မဟုတ်တော့ဘဲ အလွှာအသီးသီးကလူတွေ ဝင်ရောက်လုပ်ကိုင်လာတဲ့အချိန်မှာ ကုန်ကျစရိတ် အသေးစိတ် Detailed Estimate ကို အင်ဂျင်နီယာတွေလို အတိအကျ တွက်ချက်ဖို့ ခက်ခဲလာပါတယ်။

ဒါကြောင့် အင်ဂျင်နီယာ တစ်ယောက်ဆောက်ထားတဲ့ အိမ်တလုံးရဲ့ ပုံစံ၊ သုံးထားတဲ့ PAE Rate၊ အပြီးသတ် ကုန်ကျစရိတ် စတာတွေကို နမူနာယူပြီး ကန်ထရိုက်တွေက ကိုယ် ဝန်ဆောင်မှုပေးနိုင်တဲ့ဈေးနဲ့ အလျှော့အတင်းပြုလုပ်ကာ အလုပ် လက်ခံ လာကြ၊ ဈေးစကားပြောလာကြတဲ့အတွက် အခုနောက်ပိုင်းမှာ အရမ်းတွင်ကျယ် လာတာဖြစ်ပါတယ်။

PAE Rate ဆိုတာကရောဘာလဲ

အများနားလည်အောင် ပြောရမယ်ဆိုရင်တော့ PAE Rate ဆိုတာကတော့ အဆောက်အဦတစ်ခုရဲ့ တစ်ပေပတ်လည် ဧရိယာမှာ ကျသင့်မယ့် ကုန်ကျစရိတ်ကို ခန့်မှန်း တွက်ချက်မှုပဲ ဖြစ်ပါတယ်။ အဲဒီ PAE Rate ကိုပဲ ကန်ထရိုက် တစ်ဦးနဲ့ တစ်ဦးသတ်မှတ်ထားတဲ့ပမာဏတော့ မတူညီကြပါဘူး။ဥပမာ PAE Rate တပေပတ်လည် ကျပ်နှစ်သောင်းနဲ့ အလျား ပေ ၂၀ × အနံ ပေ ၃၀ အကျယ်အဝန်းရှိတဲ့အိမ်ကို ဆောက်မယ်ဆိုရင် အဲ့ဒီအိမ်ရဲ့တန်ဖိုးက ကျပ် သိန်း (၁၂၀) ကျသင့်မှာ ဖြစ်ပါတယ်။ PAE Rate နှစ်သောင်းခွဲနဲ့ ဆောက်မယ်ဆိုရင် တော့ သိန်း (၃၀) လောက်ထပ်ဆောင်းကုန်ကျသွားမှာ ဖြစ်ပါတယ်။

PAE Rate လို့ဆိုရာမှာလည်း အိမ်တလုံးရဲ့အကြမ်းထည်သီးသန့် PAE Rate နဲ့ အိမ်သုတ်ဆေး၊ ရေပိုက်သွယ်တန်းမှုစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုစနစ်၊ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေပါ ပါဝင်တဲ့ အချောထည်အထိ အပြီးအစီး PAE Rate ဆိုပြီး လည်း ကွဲပြားပါတယ်။ ဒါ့အပြင် ဆောက်လုပ်သူက ပစ္စည်းဝယ်ပေးပြီး လက်ခကိုပဲ ရှင်းပေးတဲ့ Labour PAE နဲ့ ကန်ထရိုက ဖြစ်သူက ပစ္စည်းရောလက်ခပါ အပြီးအစီး တာဝန်ယူရတဲ့ PAE ဆိုပြီးလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း မြင်တွေ့ ရပါတယ်။

PAE စနစ်ရဲ့ အားသာချက်

အရင်ကအိမ်တစ်လုံးဆောက်မယ်ဆိုရင် ပေစားကျင်းစားနဲ့အလုပ်လုပ်ရတာဖြစ်ပါတယ်။ အုတ်စီတဲ့လူက တစ်ကျင်းကို ဘယ်လောက်နှုန်း၊ ပုံဆင်ပုံရိုက်လက်သမားအဖွဲ့က တစ်ကျင်းကို ဘယ်လောက်နှုန်းစသဖြင့် အလုပ်အပ်ရတဲ့အခါမှာ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ အိမ်မဆောက်ခင်လုပ်ရမယ့်အခြေခံအဆင့်တွေက များပြားသလို လိုက်လံချိတ်ဆက်ရမယ့် အဖွဲ့တွေကလည်း ပန်းရံ၊ လက်သမား၊ ဆေးသုတ်သမား စသဖြင့် များပြား လှပါတယ်။

ခုခေတ်အနေအထားအရ အင်ဂျင်နီယာသို့မဟုတ် တခြား ပညာရှင်တယောက်က အိမ်တစ်လုံးဆောက်ရာမှာပါဝင်မယ့် အဖွဲ့တွေကို စုစည်းပြီး ကန်ထရိုက်တာ အနေနဲ့ ရပ်တည်လာတဲ့အခါ အိမ်ရှင်အနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်ပုံစံနဲ့ဒီဇိုင်းကို နမူနာပြလိုက်ရုံနဲ့ အိမ်ရဲ့တန်ဖိုးကုန်ကျစရိတ်အပြီးအစီးကို PAE နဲ့ အနီးစပ်ဆုံးတွက်ချက်လာနိုင်ပါတယ်။

ဒါ့အပြင် PAE နဲ့တွက်ချက်မှုစနစ်က တွက်ရချက်ရ လွယ်ကူတဲ့အပြင် PAE Rate နဲ့စကားပြောတဲ့အခါမှာ လူတိုင်း သဘောပေါက်လွယ်တဲ့အတွက် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား၊ ကန်ထရိုက်နဲ့ လေဘာကန်ထရိုက် ကြားထဲမှာပါ သုံးရတာ အဆင်ပြေစေတဲ့ အတိုင်းအတာစနစ်တခု ဖြစ်လာပါတယ်။

အိမ်ဆောက်လုပ်မယ့်သူ အနေနဲ့လည်း ကိုယ်သုံးနိုင်တဲ့ငွေနဲ့ အပြီးအစီးကျသင့်မယ့် တန်ဖိုးကို အလွယ်တကူ ချိန်ထိုးလို့ ရနိုင်ပြီး ကန်ထရိုက်တယောက်နဲ့ တယောက်ရဲ့ မတူညီတဲ့ PAE Rate တွေထဲကမှ ကိုယ်မှန်းထားတဲ့ငွေနဲ့ ကိုယ်လိုချင်တဲ့ ပုံစံကို အနီးစပ်ဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်မယ့် အဖွဲ့ကို ရွေးချယ်ငှားရမ်းပြီး မိမိစိတ်တိုင်းကျအိမ်ကို ဆောက်လုပ် လာနိုင်ပါတယ်။

PAE နဲ့ အိမ်ဆောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

PAE နဲ့ တွက်ချက်ပြီး ဈေးနှုန်းသတ်မှတ်ပြောဆိုတဲ့စနစ်ဟာ ပုံမှန်အတိုင်းဆိုရင်တော့ အိမ်တစ်လုံးရဲ့ အကျယ်အဝန်း ဧရိယာကို သတ်မှတ်ထားတဲ့ PAE Rate နဲ့မြှောက်လိုက်ရုံနဲ့ အိမ်တန်ဖိုးထွက်လာတယ်ဆိုပေမယ့် အဲဒီအိမ်မှာ ဘယ်လို အတန်းအစားရှိတဲ့ ပစ္စည်းတွေကို ထည့်သုံးမယ်ဆိုတာကလည်း သတိထားစရာ အချက်တစ်ချက် ဖြစ်လာပါ တယ်။ ကန်ထရိုက် တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းခွဲ (၁၅၀၀၀)၊ နောက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းရှစ်ထောင် (၁၈၀၀၀) ဆိုတာမျိုး နှိုင်းယှဉ်စရာဖြစ်လာခဲ့ရင် တစ်သောင်းခွဲကန်ထရိုက်က ဈေးသက်သာ ပေမယ့် အိမ်ဆောက်ရာမှာ သူ ထည့်သုံးပေးမယ့်ပစ္စည်းနဲ့ တစ်သောင်းရှစ်ထောင်ကန်ထရိုက် သုံးပေးမယ့်ပစ္စည်းက အတူတူပဲလား၊ ဘာတွေ ကွာခြားသလဲဆိုတဲ့အချက်က အိမ်ဆောက်သူက သေချာဂရုစိုက်သင့်တဲ့ အချက်ပဲဖြစ်ပါတယ်။

PAE တွက်ချက်မှုစနစ်ကို အသုံးပြုမယ်ဆိုရင် သတိထားရမယ့်အချက်များ

ကိုယ်တိုင်က PAE Rate နဲ့တွက်ချက်ယူပြီး အိမ်ဆောက်ပေးတာမျိုးကို သဘောကျနှစ်ခြိုက်လို့ အိမ်ဆောက်တော့မယ် ဆိုရင် အထက်မှာ ပြောပြသွားခဲ့သလိုပဲ PAE Rate အနည်းအများကိုပဲ ကြည့်ပြီး ရွေးချယ်ဖို့မသင့်တော်ပါဘူး။ အိမ်တစ်အိမ် ဆောက်တော့မယ်ဆိုရင် နာမည်ရှိတဲ့ ခိုင်မာတဲ့ ကန်ထရိုက်တွေကို အရင်စုံစမ်းဖို့လိုပါမယ်။

ဈေးစုံစမ်းရာမှာလည်း ကိုယ်ဆောက်ချင်တဲ့ အိမ်ဒီဇိုင်း၊ ကိုယ်ဆောက်မယ့် မြေအကျယ်အဝန်းကို ကန်ထရိုက်ကို ပြောပြပြီး အဲဒီ့အိမ်ထဲမှာ အခန်းဘယ်နှစ်ခန်း ဖွဲ့ချင်တယ်၊ ဘယ်လိုဆေးမျိုး သုတ်ချင်တယ်၊ ဘယ်လိုကြွေပြားမျိုးသုံးချင်တယ်၊ အိမ်သာ ဘိုထိုင်တပ်မယ် ဆိုရင်လည်း ဘယ်နိုင်ငံထုတ်ကို အသုံးပြုချင်တယ်ဆိုတာကအစအသေးစိတ်ပြောပေးနိုင်ရင်အကောင်းဆုံးပါပဲ။ အဲဒီအချက်အလက်တွေ အတိုင်းပါဝင်တဲ့အိမ်ကိုကန်ထရိုက်အနေနဲ့ PAE Rat ဘယ်လောက်နဲ့ ဆောက်ပေးနိုင် မလဲဆိုပြီး ဈေးနှုန်းအရင်တွက်ခိုင်းသင့်ပါတယ်။

ကန်ထရိုက်က ဆောက်ပေးနိုင်တဲ့ PAE Rate က ကိုယ်သတ်မှတ်ထားတာထက် များနေရင် ဘယ်နေရာမှာ လျှော့လို့ရလဲ ဆိုပြီး အသေအချာပြန်ပြီး ညှိနှိုင်းတိုင်ပင်တာမျိုး လုပ်ရပါမယ်။ဒါမှမဟုတ် ကိုယ်မှန်းထားတဲ့ နှုန်းထားနဲ့ ထပ်တူညီတဲ့ကန်ထရိုက်ဆီမှာပဲ အလုပ်အပ်မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ဆောက်လုပ်မယ့် အိမ်အတွက် အသုံးပြုမယ့် ကုန်ပစ္စည်း အမျိုးအစား အသေးစိတ်ကို ထည့်သွင်းချုပ်ဆိုနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်။

PAE တွက်ချက်မှုစနစ်ရဲ့အားနည်းချက်

PAE နဲ့အိမ်ဆောက်တဲ့အခါမှာ အိမ်တစ်အိမ်လုံးရဲ့ အပြီးသတ်ကုန်ကျစရိတ်ကို ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်တဲ့ အတွက် တာဝန်ယူ ဆောက်လုပ်ပေးမယ့် ကန်ထရိုက်ကို ငွေကြို ပေးရတတ်ပါတယ်။ အဲဒီအခါမှာ ကန်ထရိုက်တချို့က အကြောင်းအမျိုးမျိုးကြောင့် ငွေယူပြီး ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါကလည်း အိမ်ဆောက် လုပ်တဲ့သူတွေ သတိထားသင့်တဲ့ နောက်ထပ်အချက်တချက်ဖြစ်ပါတယ်။

ဒါ့အပြင် ကန်ထရိုက်တွေဘက်မှာလည်း သတ်မှတ်ထားတဲ့ PAE Rate နဲ့ဆောက်ဖို့ အလုပ်လက်ခံပြီး စာချုပ်ချုပ်ပြီးကာမှ ပစ္စည်းဈေးနှုန်း အတက်အကျကြောင့် တခါတလေ အရှုံးခံတည်ဆောက်ပေးရတာမျိုးလည်း ရှိတတ်တာကြောင့် ဒါကိုလည်း PAE နဲ့တွက်ချက်တည်ဆောက်ခြင်းစနစ်ရဲ့အားနည်းချက်လို့ သတ်မှတ်ရမယ်ထင်ပါတယ်။

PAE တွက်ချက်မှုစနစ်နဲ့ အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အားသာချက် အားနည်းချက်ကို တခါတည်း သိရှိ နားလည်ထားခြင်းဟာ စိတ်တိုင်းကျ နေအိမ်တလုံးကို အမှားအယွင်းမရှိ လိုအပ်ချက်မရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်နိုင်ကြမှာပဲဖြစ်ပါတယ်။

PAE စနစ်ဖြင့် ဆောက်လုပ်ချင်သောမြေပိုင်ရှင်များအတွက် ယုံကြည်စိတ်ချရသော ဆောက်လုပ်ရေးကုမ္ပဏီများကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ တဆင့် ချိတ်ဆက်ပေးပါသည်။ ဤဖုန်းနံပါတ် 09-966901767, 09-268022352 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : မူရင်းရေးသားသူ

 

 

[Zawgyi]

ကိုယ္ပိုင္ အိမ္တစ္လံုး ေဆာက္ေတာ့မည့္ သူေတြ သိထားသင့္တဲ့ PAE စနစ္နဲ႔ အိမ္ေဆာက္တယ္ဆုိတာ ဘယ္လုိမ်ဳိးလဲ.....

 

PAE စနစ္နဲ႔ အိမ္ေဆာက္တယ္ဆုိတာ ဘယ္လုိမ်ဳိးလဲ

PAE ျဖင့္ အိမ္ေဆာက္ျခင္း ေဆာက္လုပ္ေရး ေလာကမွာ လက္ရွိ လူသံုးမ်ား လူသိမ်ားေနတဲ့ PAE စနစ္ ရဲ႕အေၾကာင္းကို အိမ္ေဆာက္လုပ္မယ့္ အိမ္ပိုင္ရွင္ေတြအတြက္ ဗဟုသုတအျဖစ္ ေဖာ္ျပေပးလုိက္ပါတယ္။PAE စနစ္ဆိုတာဟာ ကန္ထရုိက္စနစ္ေတြထဲက တစ္ခုျဖစ္ျပီးေတာ့ အလြယ္ဆံုးနဲ ့အရွင္းဆံုးေျပာရမယ္ဆိုရင္ PAE စနစ္ နဲ႔ အိမ္ေဆာက္တယ္ဆုိတာ အိမ္တစ္လံုးေဆာက္လုပ္ရာမွာပါ၀င္တဲ့ ပန္းရံ၊ လက္သမား၊ မီးသမား ၊ ေဆးသုတ္သမား အစရွိတဲ့အခန္းက႑အသီးသီးအတြက္ အေသးစားပုတ္ျပတ္စနစ္ေတြကိုစုေပါင္းထားတာပဲျဖစ္ပါတယ္။

PAE ရဲ႕အဓိပၸါယ္

PAE ဆိုတာက “Plinth Area Estimate (PAE)” ဆုိတဲ့ စကားလံုးရဲ႕ အတုိေကာက္ျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ အေဆာက္အဦတစ္ခုကို ေဆာက္လုပ္ရာမွာ အေဆာက္အဦရဲ႕ဧရိယာေပၚမွာ အေျချပဳျပီး ကုန္က်စရိတ္ကို ခန္႔မွန္း တြက္ခ်က္ျခင္း ျဖစ္ပါတယ္။

PAE ဆိုတာ

ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းသံုး စကားလံုး အသံုးအႏႈန္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒီေန႔ေခတ္မွာ ေတာ့ PAE ဆိုတာကို ေစ်းတန္းသတ္မွတ္ခ်က္ တခုအေနနဲ႔ အသံုးျပဳလာၾကျပီး အိမ္ရွင္နဲ႔ ကန္ထရိုက္၊ ကန္ထရုိက္နဲ႔ အလုပ္သမား ၾကားမွာ သင့္တင့္မ်ွတေအာင္ ေစ်းညွိႏိႈင္းဖုိ႔အတြက္ အသံုးျပဳေနၾကျပီပဲ ျဖစ္ပါတယ္။

PAE ကို ဘယ္ေနရာမွာ စတင္အသံုးျပဳခဲ့တာလဲ

တကယ္ေတာ့ PAE Rate ဆိုတာကို မူလပထမက စာသင္ေက်ာင္းနဲ႔ ေဆးရုံလို ပံုေသတြက္ခ်က္လုိ႔ရတဲ့ ဧရိယာၾကီးမားျပီး ရုိးရွင္းတဲ့ ဒီဇိုင္းနဲ႔ အစိုးရပေရာဂ်က္လို အေဆာက္အဦေတြကို တင္ဒါခ်ေပးတဲ့ေနရာမွာ စတင္သံုးစြဲခဲ့ရာကေန ေနာက္ပိုင္း မွာ ကန္ထရိုက္ေဆာက္လုပ္ေရးေလာကကိုပါ ေရာက္ရိွလာျပီး သာမန္ ပုဂၢလိကအေဆာက္အဦးတစ္ခု ေဆာက္ေတာ့မယ္ ဆိုရင္ပါ PAE Rate နဲ႔ ေစ်းစကားေျပာတာေတြ လုပ္လာၾကျပီပဲျဖစ္ပါတယ္။ အရပ္စကားနဲ႔ေျပာရမယ္ဆုိရင္ေတာ့ ပုတ္ျပတ္ စနစ္တစ္မ်ိဳးပဲျဖစ္ပါတယ္။

PAE က အိမ္ေဆာက္ရာမွာပါ ဘာလုိ႔အသံုးတြင္က်ယ္လာတာလဲ

PAE ဆုိတာက အင္ဂ်င္နီယာ ပညာရပ္ဆုိင္ရာ အသံုးအႏႈန္းဆိုေပမယ့္ ေဆာက္လုပ္ေရးေလာက ကန္ထရိုက္ေလာကမွာ အင္ဂ်င္နီယာေတြခ်ည္းပဲ မဟုတ္ေတာ့ဘဲ အလႊာအသီးသီးကလူေတြ ၀င္ေရာက္လုပ္ကိုင္လာတဲ့အခ်ိန္မွာ ကုန္က်စရိတ္ အေသးစိတ္ Detailed Estimate ကုိ အင္ဂ်င္နီယာေတြလို အတိအက် တြက္ခ်က္ဖုိ႔ ခက္ခဲလာပါတယ္။

ဒါေၾကာင့္ အင္ဂ်င္နီယာ တစ္ေယာက္ေဆာက္ထားတဲ့ အိမ္တလံုးရဲ႕ ပံုစံ၊ သံုးထားတဲ့ PAE Rate၊ အျပီးသတ္ ကုန္က်စရိတ္ စတာေတြကို နမူနာယူျပီး ကန္ထရုိက္ေတြက ကိုယ္ ၀န္ေဆာင္မႈေပးႏိုင္တဲ့ေစ်းနဲ႔ အေလွ်ာ့အတင္းျပဳလုပ္ကာ အလုပ္ လက္ခံ လာၾက၊ ေစ်းစကားေျပာလာၾကတဲ့အတြက္ အခုေနာက္ပိုင္းမွာ အရမ္းတြင္က်ယ္ လာတာျဖစ္ပါတယ္။

PAE Rate ဆိုတာကေရာဘာလဲ

အမ်ားနားလည္ေအာင္ ေျပာရမယ္ဆုိရင္ေတာ့ PAE Rate ဆိုတာကေတာ့ အေဆာက္အဦတစ္ခုရဲ႕ တစ္ေပပတ္လည္ ဧရိယာမွာ က်သင့္မယ့္ ကုန္က်စရိတ္ကို ခန္႔မွန္း တြက္ခ်က္မႈပဲ ျဖစ္ပါတယ္။ အဲဒီ PAE Rate ကိုပဲ ကန္ထရုိက္ တစ္ဦးနဲ႔ တစ္ဦးသတ္မွတ္ထားတဲ့ပမာဏေတာ့ မတူညီၾကပါဘူး။ဥပမာ PAE Rate တေပပတ္လည္ က်ပ္ႏွစ္ေသာင္းနဲ႔ အလ်ား ေပ ၂၀ × အနံ ေပ ၃၀ အက်ယ္အ၀န္းရွိတဲ့အိမ္ကို ေဆာက္မယ္ဆုိရင္ အဲ့ဒီအိမ္ရဲ႕တန္ဖုိးက က်ပ္ သိန္း (၁၂၀) က်သင့္မွာ ျဖစ္ပါတယ္။ PAE Rate ႏွစ္ေသာင္းခြဲနဲ႔ ေဆာက္မယ္ဆုိရင္ ေတာ့ သိန္း (၃၀) ေလာက္ထပ္ေဆာင္းကုန္က်သြားမွာ ျဖစ္ပါတယ္။

PAE Rate လုိ႔ဆုိရာမွာလည္း အိမ္တလံုးရဲ႕အၾကမ္းထည္သီးသန္႔ PAE Rate နဲ႔ အိမ္သုတ္ေဆး၊ ေရပိုက္သြယ္တန္းမႈစနစ္၊ လွ်ပ္စစ္မီးသြယ္တန္းမႈစနစ္၊ ၾကမ္းခင္းနဲ႔ မ်က္ႏွာၾကက္ေတြပါ ပါ၀င္တဲ့ အေခ်ာထည္အထိ အျပီးအစီး PAE Rate ဆိုျပီး လည္း ကြဲျပားပါတယ္။ ဒါ့အျပင္ ေဆာက္လုပ္သူက ပစၥည္း၀ယ္ေပးျပီး လက္ခကိုပဲ ရွင္းေပးတဲ့ Labour PAE နဲ႔ ကန္ထရုိက ျဖစ္သူက ပစၥည္းေရာလက္ခပါ အျပီးအစီး တာ၀န္ယူရတဲ့ PAE ဆိုျပီးလည္း အမ်ိဳးမ်ိဳးကြဲျပားေနတာကိုလည္း ျမင္ေတြ ့ ရပါတယ္။

PAE စနစ္ရဲ႕ အားသာခ်က္

အရင္ကအိမ္တစ္လံုးေဆာက္မယ္ဆုိရင္ ေပစားက်င္းစားနဲ႔အလုပ္လုပ္ရတာျဖစ္ပါတယ္။ အုတ္စီတဲ့လူက တစ္က်င္းကုိ ဘယ္ေလာက္ႏႈန္း၊ ပံုဆင္ပံုရုိက္လက္သမားအဖြဲ႕က တစ္က်င္းကို ဘယ္ေလာက္ႏႈန္းစသျဖင့္ အလုပ္အပ္ရတဲ့အခါမွာ အိမ္တစ္လံုးရဲ႕ ကုန္က်စရိတ္ကို ၾကိဳတင္ခန္႔မွန္းဖုိ႔ မလြယ္ကူပါဘူး။ အိမ္မေဆာက္ခင္လုပ္ရမယ့္အေျခခံအဆင့္ေတြက မ်ားျပားသလို လုိက္လံခ်ိတ္ဆက္ရမယ့္ အဖြဲ႕ေတြကလည္း ပန္းရံ၊ လက္သမား၊ ေဆးသုတ္သမား စသျဖင့္ မ်ားျပား လွပါတယ္။

ခုေခတ္အေနအထားအရ အင္ဂ်င္နီယာသို႔မဟုတ္ တျခား ပညာရွင္တေယာက္က အိမ္တစ္လံုးေဆာက္ရာမွာပါ၀င္မယ့္ အဖြဲ႕ေတြကို စုစည္းျပီး ကန္ထရိုက္တာ အေနနဲ႔ ရပ္တည္လာတဲ့အခါ အိမ္ရွင္အေနနဲ႔ ကိုယ္လုိခ်င္တဲ့ အိမ္ပံုစံနဲ႔ဒီဇိုင္းကို နမူနာျပလုိက္ရုံနဲ႔ အိမ္ရဲ႕တန္ဖုိးကုန္က်စရိတ္အျပီးအစီးကို PAE နဲ႔ အနီးစပ္ဆံုးတြက္ခ်က္လာႏိုင္ပါတယ္။

ဒါ့အျပင္ PAE နဲ႔တြက္ခ်က္မႈစနစ္က တြက္ရခ်က္ရ လြယ္ကူတဲ့အျပင္ PAE Rate နဲ႔စကားေျပာတဲ့အခါမွာ လူတုိင္း သေဘာေပါက္လြယ္တဲ့အတြက္ အိမ္ရွင္နဲ႔ ကန္ထရုိက္ၾကား၊ ကန္ထရိုက္နဲ႔ ေလဘာကန္ထရိုက္ ၾကားထဲမွာပါ သံုးရတာ အဆင္ေျပေစတဲ့ အတုိင္းအတာစနစ္တခု ျဖစ္လာပါတယ္။

အိမ္ေဆာက္လုပ္မယ့္သူ အေနနဲ႔လည္း ကိုယ္သံုးႏိုင္တဲ့ေငြနဲ႔ အျပီးအစီးက်သင့္မယ့္ တန္ဖုိးကို အလြယ္တကူ ခ်ိန္ထိုးလုိ႔ ရႏိုင္ျပီး ကန္ထရုိက္တေယာက္နဲ႔ တေယာက္ရဲ႕ မတူညီတဲ့ PAE Rate ေတြထဲကမွ ကိုယ္မွန္းထားတဲ့ေငြနဲ႔ ကိုယ္လုိခ်င္တဲ့ ပံုစံကို အနီးစပ္ဆံုးျဖစ္ေအာင္ တည္ေဆာက္ေပးႏိုင္မယ့္ အဖြဲ႕ကို ေရြးခ်ယ္ငွားရမ္းျပီး မိမိစိတ္တိုင္းက်အိမ္ကို ေဆာက္လုပ္ လာႏိုင္ပါတယ္။

PAE နဲ႔ အိမ္ေဆာက္မယ္ဆုိရင္ သိထားသင့္တဲ့အခ်က္မ်ား

PAE နဲ႔ တြက္ခ်က္ျပီး ေစ်းႏႈန္းသတ္မွတ္ေျပာဆုိတဲ့စနစ္ဟာ ပံုမွန္အတုိင္းဆုိရင္ေတာ့ အိမ္တစ္လံုးရဲ႕ အက်ယ္အ၀န္း ဧရိယာကို သတ္မွတ္ထားတဲ့ PAE Rate နဲ႔ေျမွာက္လုိက္ရုံနဲ႔ အိမ္တန္ဖုိးထြက္လာတယ္ဆုိေပမယ့္ အဲဒီအိမ္မွာ ဘယ္လုိ အတန္းအစားရွိတဲ့ ပစၥည္းေတြကို ထည့္သံုးမယ္ဆုိတာကလည္း သတိထားစရာ အခ်က္တစ္ခ်က္ ျဖစ္လာပါ တယ္။ ကန္ထရုိက္ တစ္ေယာက္ရဲ႕ PAE Rate က က်ပ္တစ္ေသာင္းခြဲ (၁၅၀၀၀)၊ ေနာက္တစ္ေယာက္ရဲ႕ PAE Rate က က်ပ္တစ္ေသာင္းရွစ္ေထာင္ (၁၈၀၀၀) ဆိုတာမ်ိဳး ႏိႈင္းယွဥ္စရာျဖစ္လာခဲ့ရင္ တစ္ေသာင္းခြဲကန္ထရုိက္က ေစ်းသက္သာ ေပမယ့္ အိမ္ေဆာက္ရာမွာ သူ ထည့္သံုးေပးမယ့္ပစၥည္းနဲ႔ တစ္ေသာင္းရွစ္ေထာင္ကန္ထရုိက္ သံုးေပးမယ့္ပစၥည္းက အတူတူပဲလား၊ ဘာေတြ ကြာျခားသလဲဆုိတဲ့အခ်က္က အိမ္ေဆာက္သူက ေသခ်ာဂရုစိုက္သင့္တဲ့ အခ်က္ပဲျဖစ္ပါတယ္။

PAE တြက္ခ်က္မႈစနစ္ကို အသံုးျပဳမယ္ဆုိရင္ သတိထားရမယ့္အခ်က္မ်ား

ကိုယ္တုိင္က PAE Rate နဲ႔တြက္ခ်က္ယူျပီး အိမ္ေဆာက္ေပးတာမ်ိဳးကို သေဘာက်ႏွစ္ျခိဳက္လုိ႔ အိမ္ေဆာက္ေတာ့မယ္ ဆုိရင္ အထက္မွာ ေျပာျပသြားခဲ့သလိုပဲ PAE Rate အနည္းအမ်ားကိုပဲ ၾကည့္ျပီး ေရြးခ်ယ္ဖုိ႔မသင့္ေတာ္ပါဘူး။ အိမ္တစ္အိမ္ ေဆာက္ေတာ့မယ္ဆုိရင္ နာမည္ရွိတဲ့ ခုိင္မာတဲ့ ကန္ထရုိက္ေတြကို အရင္စံုစမ္းဖုိ႔လုိပါမယ္။

ေစ်းစံုစမ္းရာမွာလည္း ကိုယ္ေဆာက္ခ်င္တဲ့ အိမ္ဒီဇိုင္း၊ ကိုယ္ေဆာက္မယ့္ ေျမအက်ယ္အ၀န္းကို ကန္ထရုိက္ကို ေျပာျပျပီး အဲဒီ့အိမ္ထဲမွာ အခန္းဘယ္ႏွစ္ခန္း ဖြဲ႕ခ်င္တယ္၊ ဘယ္လုိေဆးမ်ိဳး သုတ္ခ်င္တယ္၊ ဘယ္လုိေၾကြျပားမ်ိဳးသံုးခ်င္တယ္၊ အိမ္သာ ဘုိထိုင္တပ္မယ္ ဆုိရင္လည္း ဘယ္ႏိုင္ငံထုတ္ကို အသံုးျပဳခ်င္တယ္ဆုိတာကအစအေသးစိတ္ေျပာေပးႏိုင္ရင္အေကာင္းဆံုးပါပဲ။ အဲဒီအခ်က္အလက္ေတြ အတုိင္းပါ၀င္တဲ့အိမ္ကိုကန္ထရုိက္အေနနဲ႔ PAE Rat ဘယ္ေလာက္နဲ႔ ေဆာက္ေပးႏိုင္ မလဲဆုိျပီး ေစ်းႏႈန္းအရင္တြက္ခုိင္းသင့္ပါတယ္။

ကန္ထရိုက္က ေဆာက္ေပးႏိုင္တဲ့ PAE Rate က ကုိယ္သတ္မွတ္ထားတာထက္ မ်ားေနရင္ ဘယ္ေနရာမွာ ေလွ်ာ့လုိ႔ရလဲ ဆုိျပီး အေသအခ်ာျပန္ျပီး ညွိႏိႈင္းတုိင္ပင္တာမ်ိဳး လုပ္ရပါမယ္။ဒါမွမဟုတ္ ကိုယ္မွန္းထားတဲ့ ႏႈန္းထားနဲ႔ ထပ္တူညီတဲ့ကန္ထရုိက္ဆီမွာပဲ အလုပ္အပ္မယ္ဆုိရင္လည္း စာခ်ဳပ္ထဲမွာ ေဆာက္လုပ္မယ့္ အိမ္အတြက္ အသံုးျပဳမယ့္ ကုန္ပစၥည္း အမ်ိဳးအစား အေသးစိတ္ကို ထည့္သြင္းခ်ဳပ္ဆိုနိုင္ရင္ အေကာင္းဆံုးပဲျဖစ္ပါတယ္။

PAE တြက္ခ်က္မႈစနစ္ရဲ႕အားနည္းခ်က္

PAE နဲ႔အိမ္ေဆာက္တဲ့အခါမွာ အိမ္တစ္အိမ္လံုးရဲ႕ အျပီးသတ္ကုန္က်စရိတ္ကို ၾကိဳတင္ တြက္ခ်က္ထားျပီးသား ျဖစ္တဲ့ အတြက္ တာ၀န္ယူ ေဆာက္လုပ္ေပးမယ့္ ကန္ထရုိက္ကုိ ေငြႀကဳိ ေပးရတတ္ပါတယ္။ အဲဒီအခါမွာ ကန္ထရုိက္တခ်ိဳ႕က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေငြယူျပီး ထြက္ေျပးတိမ္းေရွာင္တာမ်ိဳးေတြ ေတြ႕ၾကံဳရတတ္ပါတယ္။ ဒါကလည္း အိမ္ေဆာက္ လုပ္တဲ့သူေတြ သတိထားသင့္တဲ့ ေနာက္ထပ္အခ်က္တခ်က္ျဖစ္ပါတယ္။

ဒါ့အျပင္ ကန္ထရုိက္ေတြဘက္မွာလည္း သတ္မွတ္ထားတဲ့ PAE Rate နဲ႔ေဆာက္ဖုိ႔ အလုပ္လက္ခံျပီး စာခ်ဳပ္ခ်ဳပ္ျပီးကာမွ ပစၥည္းေစ်းႏႈန္း အတက္အက်ေၾကာင့္ တခါတေလ အရႈံးခံတည္ေဆာက္ေပးရတာမ်ိဳးလည္း ရွိတတ္တာေၾကာင့္ ဒါကိုလည္း PAE နဲ႔တြက္ခ်က္တည္ေဆာက္ျခင္းစနစ္ရဲ႕အားနည္းခ်က္လုိ႔ သတ္မွတ္ရမယ္ထင္ပါတယ္။

PAE တြက္ခ်က္မႈစနစ္နဲ႔ အိမ္ေဆာက္ဖုိ႔ စဥ္းစားေနတယ္ဆုိရင္ အားသာခ်က္ အားနည္းခ်က္ကို တခါတည္း သိရွိ နားလည္ထားျခင္းဟာ စိတ္တိုင္းက် ေနအိမ္တလံုးကို အမွားအယြင္းမရွိ လုိအပ္ခ်က္မရွိဘဲ အျမန္ဆံုး အေကာင္အထည္ေဖာ္ ေဆာက္လုပ္ႏိုင္ၾကမွာပဲျဖစ္ပါတယ္။

PAE စနစ္ျဖင့္ ေဆာက္လုပ္ခ်င္ေသာေျမပိုင္ရွင္မ်ားအတြက္ ယံုၾကည္စိတ္ခ်ရေသာ ေဆာက္လုပ္ေရးကုမၸဏီမ်ားကို iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ တဆင့္ ခ်ိတ္ဆက္ေပးပါသည္။ ဤဖုန္းနံပါတ္ 09-966901767, 09-268022352 သို႔ ဆက္သြယ္စံုစမ္းႏုိင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit : မူရင္းေရးသားသူ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service