ထောပတ်သီးဆီ အသုံးပြုခြင်းရဲ့ ကောင်းကျိုး (၈) ချက်....

ထောပတ်သီးဆီ အသုံးပြုခြင်းရဲ့ ကောင်းကျိုး (၈) ချက်.... - Property Knowledge in Myanmar from iMyanmarHouse.com
22 Oct 2022 12:05 pm တွင် တင်ခဲ့သည်
710 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ထောပတ်သီးကို ကြိုက်ကြလားရှင့်။

အရသာက တခြားသီးတွေနဲ့တောင်မတူဘဲ တမူထူးခြားကောင်းမွန်ကောင်းမွန်နေတဲ့ ထောပတ်သီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဆီဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီလိုအာဟာရဓာတ်တွေများစွာ ပါဝင်တဲ့ ထောပတ်သီးကို ဆီကြိတ်လို့လည်းရပါတယ်။

မြန်မာနိုင်ငံမှာတော့ ထောပတ်သီးဆီကြိတ်တာကို Shan Orchard Myanmar ကုမ္ပဏီက ဟဲဟိုးမြို့မှာ လုပ်နေပြီး ဈေးကွက်ထဲကိုလည်း ထောပတ်သီးဆီ၊ ထောပတ်သီးနဲ့လုပ်တဲ့ အလှကုန်တွေကို ဖြန့်ဖြူး ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

ထောပတ်သီးဆီရဲ့အရသာကတော့ သံလွင်ဆီလိုပါပဲတဲ့။ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အာဟာရ ဓာတ်တွေနဲ့ အန်တီအောင့်စီဒန့်ဓာတ်တွေလည်း ပါဝင်နေပါတယ်လို့ သက်သေပြထားတဲ့ အချက် (၈) ချက်လည်းရှိပါတယ်။ အဲ့ဒါတွေကတော့....

 

(၁) အိုလီအစ် အက်ဆစ်ကြွယ်ဝစွာပါရှိခြင်း (အလွန်ကျန်းမာစေတဲ့အဆီ)

ထောပတ်သီးဆီဆိုတာ ထောပတ်သီးအသားကနေ သဘာဝအတိုင်း ဖိကျိတ်ချေပြီး ထုတ်ယူရရှိလာတဲ့ အဆီပဲ ဖြစ်ပါတယ်။ ထောပတ်သီးဆီရဲ့ ၇၀ ရာခိုင်နှုန်းမှာ နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ အိုလီအစ်အက်ဆစ်နဲ့ မပြည့်ဝဆီ တစ်မျိုးဖြစ်တဲ့ အိုမီဂါ ၉ ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။

ဖက်တီးအက်ဆစ်က သံလွင်ဆီထဲမှာဆိုရင်လည်း အဓိကပါဝင်တဲ့ပစ္စည်းဖြစ်ပြီး ကျန်းမာရေး ကောင်းဖို့အတွက် အဓိက လုပ်ဆောင်ပေးတဲ့ဓာတ်လည်း ဖြစ်ပါတယ်။ ထောပတ်သီးဆီမှာ ၁၂ ရာခိုင်နှုန်းက ပြည့်ဝဆီဖြစ်ပြီး ၁၃ ရာခိုင်နှုန်းက မပြည့်ဝဆီအဖြစ် ပါဝင်နေတာပါတဲ့။

ထောပတ်သီးဆီမှာ အိုမီဂါ - 6 နဲ့ အိုမီဂါ - 3 အချိုးပါဝင်မှုက 13:1 ဖြစ်ပါတယ်။ ကျွန်မတို့ ကျန်းမာရေးကောင်းဖို့အတွက် လိုအပ်တဲ့ အချိုးကတော့ ၃ : ၁ သို့မဟုတ် ၂ : ၁ ပါ။ ဒါပေမဲ့ ဒီအပေါ် အရမ်းကြီး စိုးရိမ်ပူပန်တာမျိုးတော့ မဖြစ်လိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ အိုမီဂါ-6 က အချိုးအားဖြင့် များတယ်ဆိုတော့ စုစုပေါင်းပါဝင်မှုအားဖြင့်တော့ နည်းနည်းလေးပဲ ဖြစ်လို့ပါရှင့်။

မပြည့်ဝဆီကြွယ်ဝစွာပါဝင်မှုဟာ ကျန်းမာရေးအတွက် အများကြီးအကျိုးပြုတယ်လို့ သုတေသန တွေက ဆိုထားပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ မေ့လျောတတ်တဲ့ ရောဂါတွေလိုမျိုး နာတာရှည်ရောဂါ တွေကို သက်သာစေနိုင်လို့ပါတဲ့။

(၂) ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

အထက်မှာဆိုခဲ့သလိုပဲ ထောပတ်သီးဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်နေလို့ နှလုံးကျန်းမာရေးကို ပိုကောင်းမွန်စေလာနိုင်ပါတယ်။

ပြည့်ဝဆီ ၂၅ ဂရမ် သုံးထားတဲ့ အသားဟင်းနဲ့ မပြည့်ဝဆီ ( ထောပတ်သီးဆီ) ကို သုံးထားတဲ့ အသားဟင်း စားထားတဲ့သူတွေကို အစာစားပြီး မိနစ် ၂၄၀ အကြာ (၄ နာရီ) မှာ သူတို့ရဲ့ သွေးတွေကို စစ်ကြည့် လိုက်တဲ့အခါ သွေးတွင်းအဆီ၊ ကိုလက်စထရော၊ ဆိုင်တိုခိုင် ရောင်ရမ်းမှုနဲ့ သွေးတွင်းသကြား ဓာတ်တွေမှာ ထောပတ်သီးဆီစားထားတဲ့ သူတွေက ပိုနည်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

(၃) လူတင်ပါဝင်မှုမြင့်မားခြင်း (မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်သော အန်တီအောင့်ဆီဒန့်)

ထောပတ်သီးနဲ့ သူ့ရဲ့အဆီမှာ မျက်လုံးအတွက်လိုအပ်တဲ့ လူတင်၊ ကာရိုတီနွိုက်နဲ့ အန်တီအောက်ဆီဒန့် တွေ ပါဝင်ပါတယ်။ သုတေသနတွေကတော့ လူတင်နဲ့ အခြားကာရိုတီနွိုက်တစ်မျိုးဖြစ်တဲ့ ဇီယာ ဇန်သင်တွေက မျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ်ဖြစ်ပြီး မျက်စိအတွင်းတိမ်နဲ့ အသက်အရွယ် ကြောင့် မျက်စိအားနည်းလာတာတွေကို သက်သာအောင် ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ်က လူတင်ဓာတ်ကို မထုတ်လုပ်နိုင်ပေမယ့် စားလိုက်တဲ့ အစားအစာကနေတော့ ရရှိနိုင် ပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကျွန်မတို့တွေ အနီးအနားမှာအလွယ်ရနိုင်တဲ့ ထောပတ်သီးနဲ့ ထောပတ်သီးဆီမှာ မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေတာပါပဲ။

(၄) အရေးကြီးတဲ့ အာဟာရဓာတ်တွေကို စုပ်ယူမှုတိုးတက်စေခြင်း

အချို့သော အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့ဆိုရင် အဆီနဲ့ ပေါင်းစပ်ပေးဖို့ လိုအပ်ပါ တယ်။ ဥပမာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ လိုမျိုးတွေပါ။

အထူးသဖြင့် ကာရိုတီနွိုက်တွေဖြစ်တဲ့ ဘီတာကာရိုတင်း၊ လိုင်ကိုပင်း၊ လူတင် နဲ့ ဇီယာဇန်သင် တွေကို အဆီမပါဘဲ စုပ်ယူနိုင်ဖို့ အားနည်းပါတယ်။ ကံဆိုးချင်တော့ ကာရိုတီနွိုက်တွေအများကြီးပါဝင်တဲ့ (ဖရဲသီး၊ ခရမ်းချဉ်သီး) လို အသီးတွေမှာကျတော့ အဆီပါဝင်မှုက နည်းနေပြန်ကော။ ဆိုတော့ ထောပတ်သီးဆီကို စားပေးလိုက်မယ်ဆိုရင်တော့ ဒီအာဟာရတွေကို စုပ်ယူသွားနိုင်စေမှာပါ။

သုတေသနတစ်ချို့ကတော့ မုန်လာဥနီ၊ ဆလတ်ရွက်တွေကို သုပ်စားမယ်ဆိုရင် ထောပတ်သီးဆီလေး ထည့်ပေးလိုက်ခြင်းက ကာရိုတီနွိုက် အန်တီအောင့်စီဒန့်စုပ်ယူမှုကို ၄.၃ ဆကနေ ၁၇.၄ ဆထိ တိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။

(၅) အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ခြင်း

ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာက အဆစ်အမြစ် ရောင်ရမ်းခြင်း ရောဂါကိုခံစားနေရတာ ဖြစ်ပါတယ်။ လေ့လာမှုများစွာကတော့ ထောပတ်သီးနဲ့ ပဲပုပ်တို့ကနေ ထုတ်ယူထားတဲ့ ဆီကို စားပေး မယ်ဆိုရင် တင်ပဆုံနဲ့ ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာကို လျော့ကျစေနိုင်တယ်လို့ ဆိုထားပါတယ်။

(၆) အသားအရေပိုလှလာခြင်းနဲ့ အနာကျက်လာစေခြင်း

ထောပတ်သီးဆီမှာက ဖက်တီးအက်ဆစ်နဲ့ အာဟာရဓာတ်တွေက အသားရေက ပိုလှလာစေပါတယ်။ ဘာလို့ဆိုတော့ ထောပတ်သီးမှာက အမြှေးပါးကျန်းမာရေးနဲ့ ချိတ်ဆက်နေတဲ့ ဗီတာမင်အေနဲ့ အီးတွေကြွယ်ဝစွာပါဝင်နေလို့ပါ။

အရေပြားရောဂါရှိတဲ့ လူ ၂၄ ယောက်ကို ထောပတ်သီးဆီ ၂၀% နဲ့ ဗီတာမင် ဘီ၁၂ နဲ့ ရောလိမ်းပေးပြီး ၁၂ ပတ်ကြာအောင်လေ့လာကြည့်တဲ့အခါ သက်သာကောင်းမွန်လာတာကို တွေ့ရပါတယ်။ တခြား အရေပြား ရောဂါရှိတဲ့လူနဲ့ တိရစ္ဆာန်တွေကို စမ်းကြည့်တဲ့အခါမှာလည်း သက်သာကောင်းမွန်ပြီး အနာဖေးတွေပါ တက်လာတာ တွေ့ရပါတယ်။

ဒါပေမဲ့ ထောပတ်သီးဆီကို အနာကို တိုက်ရိုက်သုတ်ပေးတာမျိုးကတော့ မကောင်းပါဘူးတဲ့။ အဲ့ဒီအစား နာမည်ရှိတဲ့ ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ထောပတ်သီးဆီပါဝင်တဲ့ တခြားထုတ်ကုန်တွေကို သုံးပေး ရမှာပါ။

(၇) အန်တီအောင့်စီဒန့်ကြွယ်ဝစွာပါဝင်ခြင်း

အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝစွာပါဝင်ခြင်းက ဆဲလ်တွေကို ပျက်စီးစေတဲ့ မတည်ငြိမ်တဲ့ဒြပ်ပေါင်း တွေဖြစ်တဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ဖရီးရယ်ဒီကယ်တွေကြောင့် ညီညွတ်မျှတမှုတွေမရှိတော့ရင် နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာရောဂါ တွေကို ဖြစ်စေမှုတွေကို ဦးတည်သွားစေနိုင်ပြီး အန်တီအောက်ဆီးဒင့်တွေက အဲ့ဒီဖရီးရယ်ဒီကယ်တွေ ထဲကို အီလက်ထရွန်ထည့်ပေးခြင်းဖြင့် ဓာတ်ပြယ်သွားစေနိုင်တာပါ။

ကံကောင်းချင်တော့ ထောပတ်သီးဆီမှာ ကာရိုတီနွိုက်၊ တိုကိုဖီရိုနဲ့ အပင်တွေကပဲရရှိတဲ့ ကိုလက်စထရောတွေ အများကြီးပါဝင်နေတာပါပဲ။

(၈) အသုံးပြုရလွယ်ကူခြင်း

ဒီလိုမျိုး စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးဆီရဲ့ ကောင်းကျိုးတစ်မျိုးက အစာတွေထဲမှာလည်း ထည့်စားဖို့လွယ်ကူတာပါပဲ။

ဘယ်နေရာတွေမှာ ထည့်သုံးလို့ရလဲဆိုတော့..

* Smoothie (ဖျော်ရည်) လုပ်ရာတွင် လက်ဖက်ရည်စားဇွန်း ၁ ဇွန်း ထည့်နိုင်ခြင်း

* အသီးရွက်သုပ် သုပ်စားရာတွင် အပေါ်ကနေ ဆမ်းနိုင်ခြင်း

* အသားတွေကင်ရန်အတွက် မချက်မီနယ်ထားနိုင်ခြင်း

* မုန့်ဖုတ်ရာတွင် အသုံးပြုနိုင်ခြင်း

* အိမ်လုပ် မရော့နိစ် လုပ်ရာတွင် အသုံးပြုနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

 

[Zawgyi]

 

ေထာပတ္သီးဆီ အသုံးျပဳျခင္းရဲ႕ ေကာင္းက်ိဳး (၈) ခ်က္....

 

ေထာပတ္သီးကို ႀကိဳက္ၾကလား႐ွင့္။

အရသာက တျခားသီးေတြနဲ႔ေတာင္မတူဘဲ တမူထူးျခားေကာင္းမြန္ေကာင္းမြန္ေနတဲ့ ေထာပတ္သီးက ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အဆီဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ပါတယ္။ ဒီလိုအာဟာရဓာတ္ေတြမ်ားစြာ ပါဝင္တဲ့ ေထာပတ္သီးကို ဆီႀကိတ္လို႔လည္းရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေထာပတ္သီးဆီႀကိတ္တာကို Shan Orchard Myanmar ကုမၸဏီက ဟဲဟိုးၿမိဳ႕မွာ လုပ္ေနၿပီး ေဈးကြက္ထဲကိုလည္း ေထာပတ္သီးဆီ၊ ေထာပတ္သီးနဲ႔လုပ္တဲ့ အလွကုန္ေတြကို ျဖန္႔ျဖဴး ေပးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေထာပတ္သီးဆီရဲ႕အရသာကေတာ့ သံလြင္ဆီလိုပါပဲတဲ့။ ခႏၶာကိုယ္အတြက္ အက်ိဳး႐ွိတဲ့ အာဟာရ ဓာတ္ေတြနဲ႔ အန္တီေအာင့္စီဒန္႔ဓာတ္ေတြလည္း ပါဝင္ေနပါတယ္လို႔ သက္ေသျပထားတဲ့ အခ်က္ (၈) ခ်က္လည္း႐ွိပါတယ္။ အဲ့ဒါေတြကေတာ့....

(၁) အိုလီအစ္ အက္ဆစ္ႂကြယ္ဝစြာပါ႐ွိျခင္း (အလြန္က်န္းမာေစတဲ့အဆီ)

ေထာပတ္သီးဆီဆိုတာ ေထာပတ္သီးအသားကေန သဘာဝအတိုင္း ဖိက်ိတ္ေခ်ၿပီး ထုတ္ယူရ႐ွိလာတဲ့ အဆီပဲ ျဖစ္ပါတယ္။ ေထာပတ္သီးဆီရဲ႕ ၇၀ ရာခိုင္ႏႈန္းမွာ ႏွလုံးက်န္းမာေရးအတြက္ အေထာက္အပံ့ေပးတဲ့ အိုလီအစ္အက္ဆစ္နဲ႔ မျပည့္ဝဆီ တစ္မ်ိဳးျဖစ္တဲ့ အိုမီဂါ ၉ ဖက္တီးအက္ဆစ္ေတြ ပါဝင္ပါတယ္။

ဖက္တီးအက္ဆစ္က သံလြင္ဆီထဲမွာဆိုရင္လည္း အဓိကပါဝင္တဲ့ပစၥည္းျဖစ္ၿပီး က်န္းမာေရး ေကာင္းဖို႔အတြက္ အဓိက လုပ္ေဆာင္ေပးတဲ့ဓာတ္လည္း ျဖစ္ပါတယ္။ ေထာပတ္သီးဆီမွာ ၁၂ ရာခိုင္ႏႈန္းက ျပည့္ဝဆီျဖစ္ၿပီး ၁၃ ရာခိုင္ႏႈန္းက မျပည့္ဝဆီအျဖစ္ ပါဝင္ေနတာပါတဲ့။

ေထာပတ္သီးဆီမွာ အိုမီဂါ - 6 နဲ႔ အိုမီဂါ - 3 အခ်ိဳးပါဝင္မႈက 13:1 ျဖစ္ပါတယ္။ ကြၽန္မတို႔ က်န္းမာေရးေကာင္းဖို႔အတြက္ လိုအပ္တဲ့ အခ်ိဳးကေတာ့ ၃ : ၁ သို႔မဟုတ္ ၂ : ၁ ပါ။ ဒါေပမဲ့ ဒီအေပၚ အရမ္းႀကီး စိုးရိမ္ပူပန္တာမ်ိဳးေတာ့ မျဖစ္လိုက္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ အိုမီဂါ-6 က အခ်ိဳးအားျဖင့္ မ်ားတယ္ဆိုေတာ့ စုစုေပါင္းပါဝင္မႈအားျဖင့္ေတာ့ နည္းနည္းေလးပဲ ျဖစ္လို႔ပါ႐ွင့္။

မျပည့္ဝဆီႂကြယ္ဝစြာပါဝင္မႈဟာ က်န္းမာေရးအတြက္ အမ်ားႀကီးအက်ိဳးျပဳတယ္လို႔ သုေတသန ေတြက ဆိုထားပါတယ္။ ဒါဟာ ႏွလုံးေရာဂါနဲ႔ ေမ့ေလ်ာတတ္တဲ့ ေရာဂါေတြလိုမ်ိဳး နာတာ႐ွည္ေရာဂါ ေတြကို သက္သာေစႏိုင္လို႔ပါတဲ့။

(၂) ကိုလက္စထေရာကို ေလွ်ာ့ခ်ေပးၿပီး ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း

အထက္မွာဆိုခဲ့သလိုပဲ ေထာပတ္သီးဆီမွာ မျပည့္ဝဆီေတြ အမ်ားႀကီးပါဝင္ေနလို႔ ႏွလုံးက်န္းမာေရးကို ပိုေကာင္းမြန္ေစလာႏိုင္ပါတယ္။

ျပည့္ဝဆီ ၂၅ ဂရမ္ သုံးထားတဲ့ အသားဟင္းနဲ႔ မျပည့္ဝဆီ ( ေထာပတ္သီးဆီ) ကို သုံးထားတဲ့ အသားဟင္း စားထားတဲ့သူေတြကို အစာစားၿပီး မိနစ္ ၂၄၀ အၾကာ (၄ နာရီ) မွာ သူတို႔ရဲ႕ ေသြးေတြကို စစ္ၾကည့္ လိုက္တဲ့အခါ ေသြးတြင္းအဆီ၊ ကိုလက္စထေရာ၊ ဆိုင္တိုခိုင္ ေရာင္ရမ္းမႈနဲ႔ ေသြးတြင္းသၾကား ဓာတ္ေတြမွာ ေထာပတ္သီးဆီစားထားတဲ့ သူေတြက ပိုနည္းေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

(၃) လူတင္ပါဝင္မႈျမင့္မားျခင္း (မ်က္လုံးက်န္းမာေရးအတြက္ ေကာင္းမြန္ေသာ အန္တီေအာင့္ဆီဒန္႔)

ေထာပတ္သီးနဲ႔ သူ႕ရဲ႕အဆီမွာ မ်က္လုံးအတြက္လိုအပ္တဲ့ လူတင္၊ ကာ႐ိုတီႏြိဳက္နဲ႔ အန္တီေအာက္ဆီဒန္႔ ေတြ ပါဝင္ပါတယ္။ သုေတသနေတြကေတာ့ လူတင္နဲ႔ အျခားကာ႐ိုတီႏြိဳက္တစ္မ်ိဳးျဖစ္တဲ့ ဇီယာ ဇန္သင္ေတြက မ်က္လုံးက်န္းမာေရးအတြက္ မ႐ွိမျဖစ္ျဖစ္ၿပီး မ်က္စိအတြင္းတိမ္နဲ႔ အသက္အ႐ြယ္ ေၾကာင့္ မ်က္စိအားနည္းလာတာေတြကို သက္သာေအာင္ ေထာက္ပံ့ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ခႏၶာကိုယ္က လူတင္ဓာတ္ကို မထုတ္လုပ္ႏိုင္ေပမယ့္ စားလိုက္တဲ့ အစားအစာကေနေတာ့ ရ႐ွိႏိုင္ ပါတယ္။ ကံေကာင္းတာတစ္ခုကေတာ့ ကြၽန္မတို႔ေတြ အနီးအနားမွာအလြယ္ရႏိုင္တဲ့ ေထာပတ္သီးနဲ႔ ေထာပတ္သီးဆီမွာ မ်က္လုံးက်န္းမာေရးကို ေထာက္ပံ့ေပးႏိုင္တဲ့ ဓာတ္ေတြပါဝင္ေနတာပါပဲ။

(၄) အေရးႀကီးတဲ့ အာဟာရဓာတ္ေတြကို စုပ္ယူမႈတိုးတက္ေစျခင္း

အခ်ိဳ႕ေသာ အာဟာရဓာတ္ေတြကို ခႏၶာကိုယ္ကစုပ္ယူႏိုင္ဖို႔ဆိုရင္ အဆီနဲ႔ ေပါင္းစပ္ေပးဖို႔ လိုအပ္ပါ တယ္။ ဥပမာ အဆီမွာေပ်ာ္ဝင္တဲ့ ဗီတာမင္ေတြျဖစ္တဲ့ ဗီတာမင္ ေအ၊ ဒီ၊ အီး၊ ေက လိုမ်ိဳးေတြပါ။

အထူးသျဖင့္ ကာ႐ိုတီႏြိဳက္ေတြျဖစ္တဲ့ ဘီတာကာ႐ိုတင္း၊ လိုင္ကိုပင္း၊ လူတင္ နဲ႔ ဇီယာဇန္သင္ ေတြကို အဆီမပါဘဲ စုပ္ယူႏိုင္ဖို႔ အားနည္းပါတယ္။ ကံဆိုးခ်င္ေတာ့ ကာ႐ိုတီႏြိဳက္ေတြအမ်ားႀကီးပါဝင္တဲ့ (ဖရဲသီး၊ ခရမ္းခ်ဥ္သီး) လို အသီးေတြမွာက်ေတာ့ အဆီပါဝင္မႈက နည္းေနျပန္ေကာ။ ဆိုေတာ့ ေထာပတ္သီးဆီကို စားေပးလိုက္မယ္ဆိုရင္ေတာ့ ဒီအာဟာရေတြကို စုပ္ယူသြားႏိုင္ေစမွာပါ။

သုေတသနတစ္ခ်ိဳ႕ကေတာ့ မုန္လာဥနီ၊ ဆလတ္႐ြက္ေတြကို သုပ္စားမယ္ဆိုရင္ ေထာပတ္သီးဆီေလး ထည့္ေပးလိုက္ျခင္းက ကာ႐ိုတီႏြိဳက္ အန္တီေအာင့္စီဒန္႔စုပ္ယူမႈကို ၄.၃ ဆကေန ၁၇.၄ ဆထိ တိုးေစႏိုင္တယ္လို႔ ဆိုၾကပါတယ္။

(၅) အဆစ္အျမစ္ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစႏိုင္ျခင္း

ကမ႓ာေပၚမွာ႐ွိတဲ့ လူသန္းေပါင္းမ်ားစြာက အဆစ္အျမစ္ ေရာင္ရမ္းျခင္း ေရာဂါကိုခံစားေနရတာ ျဖစ္ပါတယ္။ ေလ့လာမႈမ်ားစြာကေတာ့ ေထာပတ္သီးနဲ႔ ပဲပုပ္တို႔ကေန ထုတ္ယူထားတဲ့ ဆီကို စားေပး မယ္ဆိုရင္ တင္ပဆုံနဲ႔ ဒူးဆစ္ေတြ ေရာင္ရမ္းနာက်င္တာကို ေလ်ာ့က်ေစႏိုင္တယ္လို႔ ဆိုထားပါတယ္။

(၆) အသားအေရပိုလွလာျခင္းနဲ႔ အနာက်က္လာေစျခင္း

ေထာပတ္သီးဆီမွာက ဖက္တီးအက္ဆစ္နဲ႔ အာဟာရဓာတ္ေတြက အသားေရက ပိုလွလာေစပါတယ္။ ဘာလို႔ဆိုေတာ့ ေထာပတ္သီးမွာက အေျမႇးပါးက်န္းမာေရးနဲ႔ ခ်ိတ္ဆက္ေနတဲ့ ဗီတာမင္ေအနဲ႔ အီးေတြႂကြယ္ဝစြာပါဝင္ေနလို႔ပါ။

အေရျပားေရာဂါ႐ွိတဲ့ လူ ၂၄ ေယာက္ကို ေထာပတ္သီးဆီ ၂၀% နဲ႔ ဗီတာမင္ ဘီ၁၂ နဲ႔ ေရာလိမ္းေပးၿပီး ၁၂ ပတ္ၾကာေအာင္ေလ့လာၾကည့္တဲ့အခါ သက္သာေကာင္းမြန္လာတာကို ေတြ႕ရပါတယ္။ တျခား အေရျပား ေရာဂါ႐ွိတဲ့လူနဲ႔ တိရစၧာန္ေတြကို စမ္းၾကည့္တဲ့အခါမွာလည္း သက္သာေကာင္းမြန္ၿပီး အနာေဖးေတြပါ တက္လာတာ ေတြ႕ရပါတယ္။

ဒါေပမဲ့ ေထာပတ္သီးဆီကို အနာကို တိုက္႐ိုက္သုတ္ေပးတာမ်ိဳးကေတာ့ မေကာင္းပါဘူးတဲ့။ အဲ့ဒီအစား နာမည္႐ွိတဲ့ ကုမၸဏီေတြက ထုတ္လုပ္ထားတဲ့ ေထာပတ္သီးဆီပါဝင္တဲ့ တျခားထုတ္ကုန္ေတြကို သုံးေပး ရမွာပါ။

(၇) အန္တီေအာင့္စီဒန္႔ႂကြယ္ဝစြာပါဝင္ျခင္း

အန္တီေအာက္ဆီဒန္႔ေတြ ႂကြယ္ဝစြာပါဝင္ျခင္းက ဆဲလ္ေတြကို ပ်က္စီးေစတဲ့ မတည္ၿငိမ္တဲ့ျဒပ္ေပါင္း ေတြျဖစ္တဲ့ ဖရီးရယ္ဒီကယ္ေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။

ဖရီးရယ္ဒီကယ္ေတြေၾကာင့္ ညီၫြတ္မွ်တမႈေတြမ႐ွိေတာ့ရင္ ႏွလုံးေရာဂါ၊ ဆီးခ်ိဳနဲ႔ ကင္ဆာေရာဂါ ေတြကို ျဖစ္ေစမႈေတြကို ဦးတည္သြားေစႏိုင္ၿပီး အန္တီေအာက္ဆီးဒင့္ေတြက အဲ့ဒီဖရီးရယ္ဒီကယ္ေတြ ထဲကို အီလက္ထ႐ြန္ထည့္ေပးျခင္းျဖင့္ ဓာတ္ျပယ္သြားေစႏိုင္တာပါ။

ကံေကာင္းခ်င္ေတာ့ ေထာပတ္သီးဆီမွာ ကာ႐ိုတီႏြိဳက္၊ တိုကိုဖီ႐ိုနဲ႔ အပင္ေတြကပဲရ႐ွိတဲ့ ကိုလက္စထေရာေတြ အမ်ားႀကီးပါဝင္ေနတာပါပဲ။

(၈) အသုံးျပဳရလြယ္ကူျခင္း

ဒီလိုမ်ိဳး စြယ္စုံအသုံးဝင္တဲ့ ေထာပတ္သီးဆီရဲ႕ ေကာင္းက်ိဳးတစ္မ်ိဳးက အစာေတြထဲမွာလည္း ထည့္စားဖို႔လြယ္ကူတာပါပဲ။

ဘယ္ေနရာေတြမွာ ထည့္သုံးလို႔ရလဲဆိုေတာ့..

* Smoothie (ေဖ်ာ္ရည္) လုပ္ရာတြင္ လက္ဖက္ရည္စားဇြန္း ၁ ဇြန္း ထည့္ႏိုင္ျခင္း

* အသီး႐ြက္သုပ္ သုပ္စားရာတြင္ အေပၚကေန ဆမ္းႏိုင္ျခင္း

* အသားေတြကင္ရန္အတြက္ မခ်က္မီနယ္ထားႏိုင္ျခင္း

* မုန္႔ဖုတ္ရာတြင္ အသုံးျပဳႏိုင္ျခင္း

* အိမ္လုပ္ မေရာ့နိစ္ လုပ္ရာတြင္ အသုံးျပဳႏိုင္ျခင္း စတာေတြပဲျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
အွန်လိုင်းကုန်စည်ဈေးကွက် ကျယ်ပြန်လာတာကြောင့် ဆိုင်ခန်းငှားရမ်းမှု ပုံစံပြောင်းလာ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ruby
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service