ထူးခြားဆန်းပြား ဇောက်ထိုးအိမ်လေးများ.... - Property News in Myanmar from iMyanmarHouse.com
1568 Views
ထူးခြားဆန်းပြား ဇောက်ထိုးအိမ်လေးများ....
[Unicode]
ကမ္ဘာ့ထူးခြားအံ့ဖွယ်ရာအဖြစ်လဲ ကမ္ဘာလှည့်ခရီးသည်များ၏ စိတ်ဝင်စားမှုကိုပါဆွဲခေါ်နိုင်သည့် ဇောက်ထိုးဒီဇိုင်းနဲ့ဆောက်လုပ်ထားတဲ့ အိမ်လေးများကို ကမ္ဘာအနှံ့တွေ့လာရသည်။ ဇောက်ထိုးအိမ်ဒီဇိုင်းကိုစတင်ခဲ့တဲ့နိုင်ငံဟာ ပိုလန်နိုင်ငံဖြစ်ပါတယ်။
ပထမဦးဆုံးဇောက်ထိုးအိမ်လေးကတော့ ပိုလန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Szymbark မြို့လေးမှာတည်ရှိပါတယ်။ ထိုအိမ်လေးကို Daniel Czapiewski နှင့် Marek Cyran တို့နှစ်ဦးက ၂၀၀၇ ခုနှစ်မှာ အပြီးသတ်ဆောက်လုပ်ခဲ့ပြီးတော့ ၂၀၀၈ ခုနှစ်မှာဖွင့်လှစ်ခဲ့ပါတယ်။
အိမ်လေးထဲ ဘယ်လိုဝင်မလဲ? အိမ်ထဲကို ခေါင်မိုးပြတင်းပေါက်လေးကတစ်ဆင့်ဝင်ရောက်နိုင်ပါတယ်။ ပုံမှန်တဲ့မတူတဲ့ အိမ်ထောင့်ချိုးတွေကြောင့် အချိန်ပေးဆောက်လုပ်ခဲ့ရတဲ့ ထိုနှစ်ထပ်အိမ်တွင်းမှာအိမ်တွင်းပရိဘောကများကိုလည်း ဇောက်ထိုးအတိုင်းပဲထားရှိထားပါတယ်။
ဇောက်ထိုးအပြင်အဆင်တွေကြောင့် ဝင်ရောက်လေ့လာသူခရီးသွားများကတော့ အိမ်တွင်းဝင်ဝင်ခြင်းစက္ကန့်ပိုင်းတွင်းမှာတင် မူးဝေကုန်ကြတယ်လို့ဆိုပါတယ်။ အိမ်လေးကိုတည်ဆောက်ဖို့ idea ပေါ်ခဲ့ပုံကလဲ ဆန်းပါတယ်။
ဒီဇောက်ထိုးအိမ်လေးကိုတည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပိုလန်နိုင်ငံကို ကွန်မြူနစ်စနစ် အုပ်စိုးခဲ့စဉ်ကာလ ၁၉၇၀ ခုနှစ်များစီက ပိုလန်နိုင်ငံသားများရဲ့ဘဝဟာ အချိန်မရွေးဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်တယ်ဆိုတဲ့ သဘောတရားနဲ့ဆောက်လုပ်ခဲ့တာပါ။ ၁၉၇၀ ခုနှစ်ထုတ် TVဟောင်းလေးကိုပါ အိမ်တွင်းအပြင်အဆင်အဖြစ်ထည့်သွင်းထားပါသေးတယ်။
ပိုလန်နိုင်ငံကစတင်ခဲ့တဲ့ ဇောက်ထိုးအိမ်လေးတွေဟာ ကမ္ဘာအနှံ့သို့ပျံနှံလာပါပြီ။ ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံဖြင့်ဇောက်ထိုးအိမ်များကို နိုင်ငံများစွာမှာဆောက်လုပ်လာကြပြီး ထိုကနေတစ်ဆင့် ခရီးသွားဝင်ငွေများ ရှာယူလာကြပါတယ်။ Canada, Georgia, Germany, UK, Thailand တို့လို့ထိပ်တန်းနိုင်ငံခြားခရီးသွားပေါများတဲ့ နိုင်ငံများမှာလည်း ဇောက်ထိုးအိမ်လေးများကိုတွေ့မြင်နိုင်ပါတယ်။
စာဖတ်သူတို့အနေနဲ့လည်း ခရီးသွားလာရင်းနဲ့ဇောက်ထိုးအိမ်လေးတွေနဲ့ကြုံကြိုက်ခဲ့ရင်တော့ ဝင်ရောက်လေ့လာကြည့်ဖို့အကြံပြုပါရစေ။ မူးမော်တာသက်သာဖို့ရူဆေးလေးတော့ဆောင်သွားဖို့လိုမယ်နော်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service